ကျွန်တော်ဒီ title နဲ့ပဲ သီချင်း အသစ်တွေ တင်ပေးသွားပါမယ်..တောင်ကြီးမြို့  က နေ အဆိုတော်ဖြစ် ပြီးသွားတဲ့ သူတွေရော.. ဖြစ်ဖို့ ကြိုးစားနေတဲ့ သူတွေ ရဲ့ သီချင်း လေးတွေ အဆင် ပြေသလို တင်ပေးသွားပါမယ်..Admin ပြောသလိုပဲ..သီချင်း တောင်းဆိုချင်တာ ရှိရင်လဲ ..ပြောပါ..တတ်နိုင်သလောက် ရှာပေးပါမယ်။ ဒီ တစ်ခေါက်တော့အဆိုတော် ဟန်ထွန်း ရဲ့  သီချင်းလေး တစ်ပုဒ်ကို ဝေမျှချင် ပါတယ်..ဒီသီချင်းလေးက ကျွန်တော် ကိုယ်တိုင်လည်း ခေါင်းစဉ် မသိဘူး…အသစ် တစ်ပုဒ်ပါ..ခွေ အနေနဲ့ မထွက်ရသေးပါဘူး..အဆိုတော်ကိုလည်း ခွင့် မတောင်း ရသေးပါဘူး…အဝေးရောက်နေတဲ့ လူတွေ အတွက် ရည်ရွယ် လိုက်တာပါ…ကျေးဇူးပြုပြီးတော့ business အရ မပြုလုပ်ကြဖို့တောင်းပန် လိုပါတယ်။
သီချင်းလေးက ဒီမှာပါ…. download လုပ်ပြီးနားထောင်လိုက်ပါဦး..သီချင်း စာသားကို အောက်မှာ ဖော်ပြပါတယ်……
ပြန်ဆုံချင်ရင် ရင်ခုန်သံကို မညှာနဲ့လေ ။ မညှာနဲ့လေ။
သေချာစဉ်းစား ။
ဒီတစ်ခါ ရင်ခုန်သံကို ညှာခဲ့ရင်
ငါနဲ့မင်း တကယ့်ကို အဝေးဆုံး
ဟိုး တစ်ချိန်က မင်းပြောဖူးတဲ့ ချစ်တဲ့ စကားတွေ
ငါမှတ်မိလို့ နေတယ်။
လွယ်လွယ် မေ့ပစ်လို့ မဖြစ်ဖူး။
ငါနဲ့မင်းက ဘ၀အတူတူ ။ ရင်ခုန်ဖက် လူ ။
နင် အပြီးသတ် မဝေးသေးခင် ပြန်စဉ်းစား ။
ရည်ရွယ်တဲ့ ဘ၀ရဲ့  ခရီးပဲ ဆက်ချင်လို့။
အူး..ဟူ..ဟူး
အချိန် မလွန်ခင် နင်ပြန်ခဲ့လေ။ ကိုယ်မျှော်လင့်နေ အတူဆုံမဲ့နေ့ ။
ကျန်တာတွေ အတွက်နဲ့လေ။
ငါနဲ့မင်း ရင်ခုန်သံ မညာကျေးနော်။
ဟိုး တစ်ချိန်က မင်းပြောဖူးတဲ့ ချစ်တဲ့ စကားတွေ
ငါမှတ်မိလို့ နေတယ်။
ဟိုအရင်က မင်းပြောဖူးတဲ့ သိပ်ချစ်တဲ့ အကြောင်းတွေ
အကုန် ကျန်ရစ်နေ နေဆဲ။
လွယ်လွယ် မေ့ပစ်လို့ မဖြစ်ဖူး။
ငါနဲ့မင်းက ဘ၀အတူတူ ။ ရင်ခုန်ဖက် လူ ။
နင် အပြီးသတ် မဝေးသေးခင် ပြန်စဉ်းစား ။
ရှေ့  ဆက်မဲ့ ဘ၀ရဲ့  ခရီး ရင်ခုန်ချင်လို့။
လွယ်လွယ် မေ့ပစ်မနေနိုင် သေးဘူး။
ငါနဲ့မင်းက ဘ၀အတူတူ ။ ရင်ခုန်ဖက် လူ ။
မင်းနဲ့ တို့နဲ့ အချစ်တွေမေ့ပြီလား …..
ကိုအောင်ရဲ့ အလံစိမ်း နားထောင်ချင်တယ်
ဟုတ်တယ်…. အလံစိမ်းကို တအားကြိုက်တယ် … နားထောင်ချင်တယ်