တောင်ကြီး မှ အဆိုတော်များ ၂
June 21, 2007 by taunggyicherryland
ဒီတစ်ခေါက်တော့ ကိုအောင် နဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ကိုအောင် ဟာ ချစ်ခြင်း မေတ္တာ၏ မှန်ကူကွက်များ ၊ မှန်အိမ်လေး ဆိုတဲ့ အတွဲခွေ တွေနဲ့ စတင် ထွက်ရှိလာပါတယ်…တစ်ကိုယ်တော် အနေနဲ့ ကြယ်တွေစုံတဲ့ည ဆို တဲ့ title နဲ့ ထွက်ခဲ့ပါတယ်… ဂီတလောကမှ ကိုအောင် ဆိုတဲ့ နာမည် တစ်လုံးနဲ့ ရပ်တည် နိုင်ခဲ့ပါတယ်… the ants ထဲက နွေဦးပုံပြင် ဆိုတဲ့ သီချင်း ကလည်း သူ့ကို ပိုသတိထားမိစေပါတယ်…သူက ထူးအိမ်သင် ရဲ့  နတ်မိမယ် ကို လည်း ပြန်ဆိုထားသေးတယ်..ကိုအောင် ဟာ အဆို တင်မက ပါဘူး..တေးရေး လည်းကောင်းပါတယ်…နောက်ထပ် တစ်ကိုယ်တော် ခွေထွက်ဖို့လည်း ကြိုးစားနေပါတယ်… အခုလည်း ကိုအောင် ဆိုထားတဲ့ အလံစိမ်း ကိုတင် ပေးလိုက်ပါတယ်။ ကိုအောင်နဲ့ အင်တာဗျူး ကို လည်း စီစဉ်ထားပါတယ်..
အလံစိမ်း
ကုက္ကိုပင် ညောင်ညို အရိပ်အောက်
လမ်းခွဲများမရှိတဲ့ တစ်ခုတည်းသော ဘူတာရုံမှာ
မချိပြုံးလေးများနဲ့ နုတ်ဆက်နေစဉ်
အချိန်တွေ အကုန်မြန်လွန်းတယ်
မကြာခင်မှာ ရထားလေးလည်း လိုရာကို ……..
ရထားထွက်ရန် ခရာသံ ပေးနေ
ရှေ့  ဆက်တိုးတော့မယ် ဒီရထားလေး ဘယ်ဘူတာမှာ
အလံစိမ်းလေးက ပြလို့နေ………..
တရွေ့ ရွေ့ ပါသွားပြီ အလံစိမ်းလေး
ငါ့အသည်းလေး ဟိုးအဝေးရပ် ဆီပါသွားပြီ……
ရည်မှန်းချက် ရှိထားခဲ့လို့
ကိုယ်မတားဘူး လိုရာ ခရီးသို့ ရောက်ခဲ့ ပါရင် ….
စာလွှာာလေးများ မှန်မှန်ရေး ..
အတူတူထားခဲ့ ကတိလေးတွေ
အနေဝေးလို့ အနည်ထိုင် သွားလို့
မေ့များ မေ့သွားမှာကိုဆိုး
အကြောက်ဆုံးဘဲ အထီးကျန်နေ့ရက်
ကုန်ဆုံးဖို့ ဆုမွန်တောင်းဆဲ
မကြာခင်မှာ ဌာနေဟောင်း ကို ပြန်ခဲ့ကွယ်
Posted in သီချင်းများ, ကျော်စွာ | 3 Comments
Leave a Reply
You must be logged in to post a comment.
ကိုအောင်ရဲ့ ကြယ်တွေစုံတဲ့ ညသီချင်းဟာ သူနဲ့ ကိုမောင်မောင်ဇော်လတ်တို့ရေးပြီး ကိုထူးအိမ်သင် လည်းပြန်ဆိုထားပါတယ်။
ကြယ်တွေစုံတဲ့ညက ကိုအောင်နဲ့ အယ်ဖြူ ရေးတာလားလို့
ဟုတ်ပါတယ် ကိုအောင် နဲ့ အယ်ဖြူ ရေးတာပါ