တောင်ကြီးမြို့  နယ် အေးချမ်းသာယာရေးနှင့် ဖွံ့  ဖြိုးရေး ကောင်စီ ဥက္ကဌ ဖလား ရပ်ကွက်၊ကျေးရွာ ဘော်လုံး ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လု ပွဲစဉ် အဖြစ် ဘုရားဖြူ ကျေးရွာ အသင်း နှင့် အေးသာယာ (၁၂) ရပ်ကွက် အသင်းတို့ ယှဉ်ပြိုင် ကစား ခဲ့ကြသည်။ ပထမပိုင်း ၁၅ မိနစ် ကျော် အထိ အေးသာယာ(၁၂) ရပ်ကွက် မှ ခြေအသာ ဖြင့် ကစားနိုင်ခဲ့သည်။ ပထမပိုင်း တွင် အေးသာယာ (၁၂) မှ ဦးဆောင် ဂိုး ၁ ဂိုး ရရှိသွားသည်။ ဂိုးပေးလိုက်ရ သဖြင့် ဘုရားဖြူ အသင်းမှ ဖိကစားလာသည်။ ဒုတိယပိုင်း စပြီး မကြာမှီ အေးသာယာ (၁၂) အသင်းမှ နောက်ထပ် အနိုင် ဂိုး ၁ ဂိုး ထပ်မံ ရရှိသွားသည်။ ပွဲ မှာ အနည်း ငယ် ငြိမ်သွားသည်။ ဒုတိယဂိုး ရပြီး သိပ်မကြာမှီ အေးသာယာမှ နောက် ၁ ဂိုး ထပ်မံ ရရှိသွားသည်။ ဘုရားဖြူ ၀ – အေးသာယာ(၁၂) ၄ ဂိုးဖြင့် ပွဲပြီးဆုံး သွားသည်။ ထူးခြားမှု တစ်ခုမှာ တောင်ကြီး မှ မြန်မာ လက်ရွေးစင် ယူ ၁၃ အတွက် မောင်အောင်ကိုကို ပိုင် ရွေးချယ်ခံခဲ့ရသည်။ 


















ခုလို တောင်ကြီးသတင်းတွေ သိရတာ ကျေးဇူးပါ ကျော်စွာ
အားခဲ့ရင် တောင်ကြီးဈေးတို့၊ မင်းလမ်းတောက်လျောက်၊ ရေထွက်ဦးလမ်း
ဖက်က ပုံတွေ ရိုက်ပေးနိုင်မလား… လွမ်းလွန်းလို့ပါး(
ကျေးဇူး..
မနိုင်းနိုင်းရေ.. ကျွန်တော် တို့ အားလုံးကို ဖြည်းဖြည်းခြင်း တင်ပေးသွားပါမယ်..စိတ်တော့ ရှည်ပေးပါ ခင်ဗျာ…