ကျွန်တော် ရူးနှမ်းနှမ်း အဆိုတစ်ခု တောင်ကြီးချယ်ရီမှာ တင်သွင်းချင်ပါတယ်… ဘာလဲဆိုတော့ ကျွန်တော်တို့ တွေ ချယ်ရီကို တကယ်ချစ်တယ်ဆိုရင် အခု Author တွေ ချယ်ရီပင်တွေ လိုက်စုပြီး.. တောင်ကြီးချယ်ရီ ၁နှစ်ပြည့်တဲ့ နေ့ June 5 2008 မှာ ချယ်ရီပင်စိုက်ပွဲလေး လုပ်ဖို့လေ.. အခု ကတည်းက ချယ်ရီပင်တွေ ရသလောက်စုထား၊ ရှာထားကြမယ်.. နောက်နှစ်ကြလို့ ၁သိန်း၊ ၂သိန်း လောက်ရရင် ချယ်ရီဥယျာဉ်လုပ်ဖို့ နေရာတောင်းမယ်… ပြီးရင် ကျွန်တော်တို့ တစ်တွေ ၀ိုင်းပြီးစိုက်ပျိုးပွဲလေး လုပ်မယ်လေ.. မကောင်းဘူးလား..
အဲ့ဒီလို ကျွန်တော်တို့ တတွေ ကိုယ်တိုင် စိုက်ပေးလိုက်ရင် ကျန်တဲ့သူတွေလဲ စိုက်ချင်စိတ်လေး ဖြစ်လာမယ်လို့ ထင်တယ်.. ဒါဆိုရင် ချယ်ရီကိုချစ်ပါတယ်လို့ ပြောနေတာကို လက်တွေ့ ပြရာလဲ ရောက်မယ်လို့ ထင်တယ်.. လှုပ်လှုပ်ရှားရှားလေး ဖြစ်သွားမယ်လေ.. အရင်က ချယ်ရီဝေနေတဲ့ တောင်ကြီးမြို့ကို ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့လက်နဲ့ ပြန်အသက်သွင်းကြမယ်…
အခု တောင်ကြီးကိုလဲ ဥယျာဉ်မြို့တော်ဖြစ်ရမယ်လို့ သက်ဆိုင်ရာက ရည်မှန်းချက်ထား အပင်တွေစိုက်နေတော့ ကျွန်တော်တို့ နေရာတစ်ခုတောင်းရင်၊ ဒီလို အဆိုပြုလိုက်ရင် လက်ခံ အားပေးမယ်လို့ ထင်တယ်လေ.. June လကလဲ မိုးဦးရာသီဆိုတော့ ချယ်ရီစိုက်ချိန်နဲ့ သဟဇာတဖြစ်မယ်လို့ ထင်တယ်.. နောက်တစ်ခုလဲ ရှိတယ်.. ချယ်ရီပင်တွေက ခူ၊ ပိုးယားကောင်တွေ အရမ်းကျတယ်လို့ သိရတယ်.. အဲ့ဒီတော့ ရုပ်ဆိုးတာပေါ့.. အဲ့ဒီလို မဖြစ်အောင် နည်းလမ်းလဲ ကျွန်တော်တို့ ရှာကြံရမယ်နဲ့ တူတယ်..
ကျွန်တော်လဲ အခု ခြံထဲ ဆင်းပြီး ချယ်ရီပင်ပေါက်လေးတွေ ရှာလိုက်ဦမယ်.. အိမ်ရှေ့ မှာ ချယ်ရီပင် ၂ပင်လား၊ ၃ပင်လားမသိ ရှိတယ်လို့ ထင်တယ်.. အခုဆိုရင်တော့ ချယ်ရီပင်မှာ အပွင့်တွေ မရှိလောက်တော့ဘူး.. မော်ဒန် ပန်းချီကားတစ်ချပ်လို ချယ်ရီပင်လေး ကိုယ်လုံးတီး ဖြစ်နေလောက်ပြီ..
ချယ်ရီပင်ပေါက်ကလဲ Admin ပြမှ မြင်ဖူးတော့တယ်.. အရင်က ချယ်ရီပင်ဆိုတာ ဘယ်လိုမှန်းမသိဘူး..
အော် ကောင်းကင်လေးရေ ငါလဲ
ချယ်ရီတွေချစ်တတ် နေပါပြီကွယ်..
ချယ်ရီ မင်းကို ငါ
စိုက်ပျိုးပြုစုမယ်၊
ရှင်သန်ကြီးထွားစေမယ်..
တစ်နေ့
ယဉ်ကျေးတဲ့ ပန်းပွင့်တွေဝေပြီး
မော်ဒန်မလေးတစ်ယောက် လို
မင်း လှပ၀င့်ကြွားနိုင်စေရမယ်..
တောင်ကြီးချယ်ရီ အဖွဲ့သားတွေ အနေနဲ့ ၀ိုင်းဝန်းပြီး ချယ်ရီ ဥယျာဉ်လေးတစ်ခု တောင်ကြီးမြို့အတွက် လက်ဆောင် ပေးနိုင်မယ် ဆိုရင်..