Fuse လို့ခေါ်တဲ့ စနစ်ကြိုးလေးတွေက ယမ်း လုပ်ငန်း လုပ်ရာမှာ တော်တော် အသုံးဝင်ပါတယ်။ ကျွန်တော် လေ့လာမိသလောက် စနစ်ကြိုး ပုံစံတွေ တော်တော်များများရှိပါတယ်။ အဲဒါတွေကတော့
Black Match
Electrical Ignitor
Falling Leaf Fuse
Flying Fish Fuse
Paper Tape Quick Match
Quick Match
Slow Match
Spolette
Time Fuse
Visco Fuse
အဲဒီ စနစ်တွေ ထဲမှာ Black Match က အခြေခံ အကြဆုံးပါ။ Black Match တခုရဲ့ လောင်ကြွမ်းချိန်က ယေဘူယျ အားဖြင့် ၁ လက်မ ကို ၁ စက္ကန့်ပါ။ ကျွန်တော် တို့ အသုံးပြုတဲ့ Black Powder အရည်အသွေး ပေါ်မှု တည်ပြီးမှ လောင်ကြွမ်းချိန် တွေ ကွာခြားသွားမှာပါ။
Black Match ကို ပြုလုပ်ဖို့ လိုအပ်တဲ့ ပါဝင်မှုတွေက……
Formula
Black Powder : 30%
Dextrin : 3% (ကော်မျိုးနွယ်ဝင်)
Black Match ပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်း
Tools
စက္ကူခွက် ၂ လုံး
spray ဘူး ၁ ခု
တုတ်တံ ၁ ချောင်း
နိုင်လွန်ကြိုး
Method
1. Black Powder 30% နှင့် Dextrin 3% ကို စက္ကူခွက်တွင်း ထည့်ပါ။ ပြီးလျှင် သမအောင်မွှေပါ။
2. spray ဘူးထဲသို့ အရက်ပျံ 25% နှင့် ရေ 75% ရောပါ။
3.အဖုံးတွင် အပေါက် ဖောက်ထားသော စက္ကူခွက် အလွတ် တလုံး ထဲသို့ (1) မှ ဟာကို ပြောင်းထည့်ပါ။
4. spray ဖြင့်ဖြန်း ပါ။ သမအောင်မွှေပါ။
5. နိုင်လွန်ကြိုးကို ခွက်တွင်ထည့်ပါ။ ၁ မိနစ်ခန့် မွှေပေးပါ။
6. နိုင်လွန်ကြိုးကို အခြောက်ခံပါ။ (ရက်အနည်းငယ်ကြာသည်အထိ)
ဒါကတော့ အခြောက်ခံပြီးသွားပြီ။







ကိုကျော်စွာရေ …ဒီနှစ်ပြိုင်ပွဲ ၀င်အသင်းတွေ
ဒီနည်းလေးကို သိရင်တော့ အတိုင်းထက်အလွန်ပဲဗျို့
တော်ရုံက လုပ်ပေမယ့် စနစ်မကျဘူးလေ…အခုမှ စနစ်လဲကျတယ်…ပြိုင်ပွဲဝင်တွေအတွက် သတင်းကောင်းပါပဲ