Feeds:
Posts
Comments

Archive for the ‘ကိုငယ်(မန္တလေး)’ Category

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးကို (၁၉၉၄) လောက်က မန္တလေးသားကျွန်တော် တစ်ခေါက်ပဲ မှတ်မှတ်ရရ ရောက်ဖူးပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်မှာ ကျွန်တော်တို့ မိသားစု၊ သူငယ်ချင်း မိသားစု နှစ်စုနဲ့အတူ ဒိုင်နာကားကြီး တစ်စီးနဲ့ တောင်ကြီး၊ အင်းလေး၊ ပင်းတယနဲ့ ကုံလုံကို ခြေဆန့်ခဲ့ကြတယ်။
ပင်းတယက ပဲပုပ်ကင်နဲ့ ကောက်ညှင်းလက်ဖက်ခြောက် ခပ်ထားတဲ့ ရေနွေးကြမ်းရဲ့ အရသာကို ခုထက်ထိ မှတ်မိနေဆဲပါ။ တောင်ကြီးကို ရောက်တဲ့အချိန်က ညနေစောင်း မိုးချုပ်ခါနီးအချိန် ဖြစ်တယ်။ တောင်ပေါ် ဒေသမို့ အေးစိမ့်စိမ့် ခံစားရတယ်။ ပါလာတဲ့ ဗီဒီယိုကင်မရာ ပျက်သွားတဲ့အတွက်ကြောင့် ကင်မရာပြင်ဆိုင်တွေကို လိုက်ရှာရင်း ရုပ်ရှင်ရုံရှိရာ မြို့လယ်လမ်းမတွေကို ရောက်ခဲ့တယ်။ ရုပ်ရှင်ရုံအောက်မှာ မြေပဲလှော်၊ နေကြာစေ့လှော်တွေ ရောင်းနေတာတွေ့တော့ မန္တလေးသား ကျွန်တော့်အတွက် အထူးအဆန်းပါပဲ။ ကျွန်တော်တို့ မန္တလေးမှာတော့ [...]

Read Full Post »