တောင်ကြီး ရာပြည့်နှစ်အကြောင်း ပြောပြချင်ပါတယ်။၉၄၊ ၉၅ လောက်တုန်းက ထင်တယ်။ မြို့တည် ရာပြည့်နှစ်ကျင်းပတယ်။ ကိုလေးဖြူ၊ အငဲနဲ့ စိုင်းထီးဆိုင်တို့ သီချင်းလာဆိုကြတယ်။ တီးဝိုင်းက ကျွန်တော်တို့မြို့ကပဲ။ ပန်းနုရောင်။ လိဒ်တီးတာက ကိုထွန်းခိုင်၊ ဒရမ်တီးတာက ကိုဘိုဖြူ (ခွေမထုတ်သေး)၊ ကီးဘုတ်က တော့မမှတ်မိတော့ဘူး။ ကျောက်တိုင်ကွင်းထဲမှာ လုပ်တာ။ ပိုက်ဆံ မပေးရဘူး။
မှတ်မိတာတစ်ခုက ကိုလေးဖြူ မဥူရီ သီချင်းကိုဆိုတော့ အင်ထရိုတီးတာက ထူးအိမ်သင်ရဲ့ အကြင်နာအိပ်မက် intro ကြီးဗျ။ ကိုလေးဖြူတော့ ဘယ်နှယ့်နေမလဲမသိဘူး။ ကျွန်တော်တော့ အခုထိမှတ်မိနေသေးတယ်။နောက်ဆုံး စိုင်းထီးဆိုင်အလှည့်ရောက်တော့ ကိုထီးက ကြေငြာတယ်။ သူ့အနောက်မှာ အဆိုတော်တွေ အများကြီးရှိပါတယ်။ အဲ့ဒါသူပါပဲဆိုတော့ ရယ်ရသေးတယ်။
ကျွန်တော်က ငယ်တဲ့ အရွယ်ဆိုတော့ လေးဖြူကိုပဲကြိုက်လို့ ( အခုအထိပါပဲ) ပြန်လာခဲ့တယ်။ အခုတော့ ကိုထီးကိုလည်း ကြိုက်နေပါပြီ။
ဘာပဲဖြစ်ဖြစ် [...]
Archive for the ‘ကိုမျိုး’ Category
တောင်ကြီးရာပြည့်နှစ်
Posted in ကိုမျိုး, အမှတ်တရ on July 5, 2007 | 1 Comment »
သော်တာလင်း
Posted in ကိုမျိုး, အမှတ်တရ on June 20, 2007 | 1 Comment »
ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်တုန်းက တောင်ကြီးမြို့ မှာ သော်တာလင်းဆိုတဲ့ လက်ဖက်ရည်ဆိုင် ရှိခဲ့တယ်။ညတွေမှာဆို လူငယ်တွေနဲ့ ဝေစည်နေတာပေါ့။ကျွန်တော်တို့ စတိတ်ကျောင်းသား ဘ၀ကနေ ကောလိပ်ကျောင်းသားဘ၀ အထိညတိုင်း ဘော်ဒါတွေနဲ့ တရုန်းရုန်းပေါ့။ညညဂစ်တာတီးဖြစ်တဲ့ ညတွေဆိုလည်း အဲ့ဒီကနေစုပြီးသွားကြတယ်။နောက်ပြီးအဲ့ဒီကနေပဲ သူငယ်ချင်းအသစ်တွေ အများကြီးရခဲ့တယ်။ဆိုင်ရှင် ကတခါတလေဆိုရင် တအားရွတ်တယ်။ကျွန်တော်တို့ကို။လေးဖြူဖွင့်ခိုင်းရင် ကုလားသီချင်းဖွင့်လိုဖွင့်။ ထူးအိမ်သင်ဖွင့်ခိုင်းရင် မြန်မာ့ သီချင်းကြီးဖွင့်လိုဖွင့်နဲ့။ကိုပေါက်လို့ခေါ်တယ်။အမှန်တကယ်က စိတ်ရင်းကောင်းပါတယ်။သူ့ဆိုင် အနောက်မှာဖွဲအိတ်တွေထားတဲ့ဂိုထောင်ထဲဆိုရင် ကျွန်တော်တို့ ၀င်ဝင်အိပ်ကြတယ်။သူငယ်ချင်းတွေနဲ့ မဟုတ်တာတွေ သုံးစွဲပြီးတော့လေ။သူငယ်ချင်းတွေအားလုံးရဲ့ ဘ၀တွေဟာလည်း ငယ်တဲ့ အရွယ်ဆိုတော့ အဖြူထည်တွေချည်းပဲ။အခုတော့ သူငယ်ချင်းတချို့ ကအဝေးကြီးကိုရောက်၊တချို့ ကလမ်းခုလတ်ကနေကျောင်းပြီးအောင်မတတ်နဲ့၊ကျွန်တော်ကတော့အခုထိ ဝေးလည်းမဝေး၊နီးလည်းမနီး။ဘာမှလည်းဖြစ်မလာပဲနဲ့အဲ့ဒီတုန်းကအချိန်နဲ့ သော်တာလင်းကို အဓိပါယ်ရှိရှိလွမ်းဆွတ်တမ်းတနေပါတယ်။ကိုမျိုး
အမှတ်တရတစ်ခု
Posted in ကိုမျိုး, အမှတ်တရ on June 19, 2007 | 1 Comment »
တောင်ကြီးသားတိုင်း တန်ဆောင်တိုင်ပွဲ ဆိုရင်ကိုယ့်မြို့ ကိုပြန်ကြတယ်လို့ နောင်တော်တွေဆိုဖူးတယ်။
ကျွန်တော်ကိုယ်တိုင်လည်း တန်ဆောင်တိုင်ဆိုရင် ဘယ်နေရာရောက်ရောက် မြို့ ကိုရောက်အောင်ပြန်ခဲ့ တာပါပဲ။
ဒါပေမယ့် ကြူံခဲ့ ဖူးတဲ့ တန်ဆောင်တိုင်အမှတ်တရလေးတစ်ခုပြောပြချင်ပါတယ်။
1999 လောက်ကထင်တယ်။
စှူဌာမုနိ ခြေရင်းက မီးပုံးပျံကွင်းမှာ မီးပုံးပျံပြိုင်ပွဲကျင်းပတော့ လွှတ်တင်နေတဲ့ အဖွဲ့ က ရတနာသီရိ ကအဖွဲ့။
လွှတ်တင်ဖို့ စောင့်နေတဲ့ အဖွဲ့ က မင်္ဂလာဦးရပ်ကွက် ကအဖွဲ့။
အဲ့ဒီမှာ ရတနာသီရိကလွှတ်တင်လိုက်တဲ့ မီးပုံးပျံမီးကျည်ထုပ်က စောင့်နေတဲ့ မင်္ဂလာဦးက မီးပုံးပျံ မီးကျည်ခွေ ပေါ်ကိုပြုတ်ကျရော။
ဘာပြောကောင်းမလဲ။မီးကျည်ခွေကြီးပေါက်ကွဲတာ လင်းထိန်နေတာပဲ။
မင်္ဂလာဦးသားတွေကလည်း သူတို့ အသေအချာ လုပ်ထားတဲ့ မီးကျည်ခွေကြီးပျက်ဆီးသွားတော့ [...]