တိုင်ဆောင်တိုင် နှင့် ပတ်သက်ပြီး ကျွန်တော့ အမှတ်တရလေး ကို ပြောပြချင်ပါတယ်……
ဖြစ်ပုံက ဒီလိုပါ……………………………….
မန္တလေးမှာ ကွန်ပျူတာ မာစတာ တက်နေတဲ့ ကျွန်တော် တို့ နဲ့ သိတဲ့ အစ်ကိုကြီးက သူ့ သူငယ်ချင်း ၁၁ ယောက်ကို တောင်ကြီးတန်ဆောင်တိုင် ခေါ်လာပါတယ်။ အဲဒီ ၁၁ ယောက်ကလည်း တကယ့်ကို ကျားတွေပါ ခင်ဗျ.. ဘုရားစူပါ.အားလုံးကျားတွေ ပဲဆိုတော့ ထုံးစံအတိုင်းပေါ့.. အသောက်လေးလည်း ပါကုန်တာပေါ့… မီးပုံးပျံ ပွဲကို သွားတော့ သူတို့ တဖွဲ့လုံးက ozone ဆိုတဲ့ မီးပုံးပျံ အဖွဲ့ နဲ့ လိုက်သွားပါတယ်.. အသွားတုန်းက တော့ အဆင်ကို ပြေလို့… ozone မီးပုံးပျံ အဖွဲ့ လွတ်ပြီးသွားတော့..သူတို့ ၁၁ ယောက်က ozone [...]
Archive for the ‘တန်ဆောင်တိုင်ပွဲ’ Category
တန်ဆောင်တိုင် ၊ ၁၁ ယောက်နှင့် ကိုဟန်ကြည်ပျောက်တဲ့ည
Posted in တန်ဆောင်တိုင်ပွဲ, အမှတ်တရ, ကျော်စွာ on July 15, 2007 | Leave a Comment »
ပြိုင်ပွဲဝင်မီးပုံပျံပြုလုပ်ပုံ အပိုင်း (၂)
Posted in Lwin Moe, တန်ဆောင်တိုင်ပွဲ on July 1, 2007 | Leave a Comment »
၂။ မီးစာပြုလုပ်ပုံ မီးစာဆိုသည်မှာ မီးပုံပျံကို မီးအားနှင့်မှိုင်းအားထုတ်ပေးရန်အထောက်အကူ ပြုသော အရာဖြစ်သည်။ မီးစာပြုလုပ်ရန် ပထမဆုံး သံချောင်းများကို အမြင့်ပေ (၇) ပေ / (၈) ပေထိဆက်ကာပြုလုပ်ရပါတယ်။ ထို့နောက် ရေနံချေးကို ကျိုထားရပါတယ်။ ကျိုထား သောရေနံချေးထဲသို့ ဖျင်ကြမ်းစောင်အစကို အလျား (၄) လက်မလောက် ဖြတ်ကာစိမ် ထားရပါတယ်။ ပြီးလျှင် သံချောင်ပေါ်မှနေပြီး စိမ်ထားသောဖျင်ကြမ်းစောင်စများကို တစ်ထပ်ချင်းစီ ကျစ်ရပါတယ်။ ထို့ကဲ့သို့ ကျစ်ပြီးလျှင်နေပူထဲတွင်ခံကာ ရေနံချေးကို အရည်ကျိုထားပြီး မီးစာထိပ်မှ နေပြီး လောင်းချပေးရပါတယ်။ ထိုကဲ့သို့ (၄) / (၅) ရက်လောင်းပြီးနောက်မှာတော့ ရေနံချေးလောင်းထားသောမီးစာကို ညှစ်ကြရပါတယ် ။ ထိုကဲ့သို့ ညှစ်ပြီးတဲ့နောက်မှာတော့ နောက်ဆုံးအဆင့်နေဖြင့်သင်္ကန်းကို တစ်ဆင့်ပြီး တစ်ဆင့်ကျစ်ရပါတယ် [...]
ပြိုင်ပွဲဝင်မီးပုံပျံပြုလုပ်ပုံ
Posted in Lwin Moe, တန်ဆောင်တိုင်ပွဲ on June 18, 2007 | 2 Comments »
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ နှစ်စဉ် ကျင်းပလျှက်ရှိသော တန်ဆောင်တိုင် မီးပုံပျံ ပြိုင်ပွဲမှာ တောင်ကြီးမြို့ အတွင်းရှိ ရပ်ကွက်အသီးသီးမှ လည်းကောင်း ၊ မြို့နယ် / ကျေးရွာ များမှာ လည်းကောင်း အသီးသီး ပါဝင်ပြိုင်ပွဲဝင် ဆင်နွှဲကြပါတယ်။ တန်ဆောင်တိုင် မီးပုံပျံပြိုင်ပွဲကို တောင်ကြီးမြို့၏ ထင်ရှားတဲ့ စေတီတစ်ဆူဖြစ်တဲ့ “ စူဋ္ဌာမုနိစေတီတော်ကြီး ” အနီးမှာ ကျင်းပလေ့ ရှိပါတယ်။ အင်း… ယခု ၂၀၀၇ ခုနှစ် တန်ဆောင်တိုင် ပွဲတော်ကိုတော့ အရင် ကျင်းပနေကျ စူဋ္ဌာမုနိ စေတီတော်ကြီး အနီးရှိကွင်းမှာ မဟုတ်တော့ဘဲ ဘူတာအနီးရှိ ကွင်းကြီးသို့ ပြောင်းရွှေ့ ပြုလုပ်သွားမယ်လို့လဲ သိရတယ်။တန်ဆောင်တိုင် မီးပုံပျံပြိုင်ပွဲမှာ မီးပုံပျံအစီအစဉ်ကို နှစ်ပိုင်းပိုင်းပြီး ကျင်းပလေ့ ရှိပါတယ်။ နေ့ခင်ပိုင်း နှင့် [...]
၂၀၀၆ တောင်ကြီးတန်ဆောင်တိုင် ပုံရိပ်များ (၄)
Posted in Admin, တန်ဆောင်တိုင်ပွဲ, ဓါတ်ပုံများ on June 15, 2007 | Leave a Comment »
နေ့ဘက်မှာ လွှတ်တဲ့အရုပ်တွေဟာလဲ တစ်မျိုးနဲ့တစ်မျိုး မရိုးနိုင်အောင်ပါပဲ။ အမျိုးအစားစုံလင်လှ သဗျ။ တစ်ရုပ်ခြင်းစီ လွှတ်တာရှိသလို အတွဲလိုက် ၂ ကောင် ၃ကောင် တပြိုင်တည်း လွှတ်တာတွေလဲ ရှိပါတယ်။ တချို့ဆို ၇ကောင် တခါတည်း လွှတ်တတ်ကြပါတယ်။
နေ့အရုပ်လွှတ်ကွင်း
ညဘက်မှာသာမက နေ့ဘက်မှာလဲ စည်ကားပါတယ်။
ကြက်ဖရုပ်
လိပ်ရုပ်
ဒီလိုတွေ လုပ်ကြရတယ်။
မမောမပန်း
ဂျိုးရုပ်လို့ ထင်ပါတယ်။
အမျိုးစုံလင်လှတဲ့ နေ့လွတ် အရုပ်တွေပါပဲ
ဓါတ်ပုံတွေ ကြည့်ရတာအားမရ ရင် ကိုယ်တိုင် လာကြည့်ကြပါ။ ၇ရက် ၈ရက် အားပါးတရ ကြည့်လို့ ရပါတယ်။
အခုနှစ် ၂၀၀၇ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ဟာ များစွာသောပြောင်းလဲမှုတွေနဲ့ တမူထူးခြားမှာဖြစ်ပါတယ်။ ယခင် အသုံးပြုနေတဲ့ မီးပုံးပျံကွင်းအစား ပိုမိုကျယ်ဝန်းတဲ့ နေရာသစ်မှာ ပြောင်းလဲ ကျင်းပမှာဖြစ်ပါတယ်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ဟာ မြန်မာနိုင်ငံရဲ့ နာမည်ကျော် ပွဲတော်ဖြစ်တာကြောင့် အဆင့်အတန်းမီ ခန်းခန်းနားနား ကျင်းပနိုင်ဖို့၊ မီးပုံးပျံကွင်း အသစ်မှာ [...]
၂၀၀၆ တောင်ကြီးတန်ဆောင်တိုင် ပုံရိပ်များ (၃)
Posted in Admin, တန်ဆောင်တိုင်ပွဲ, ဓါတ်ပုံများ on June 15, 2007 | Leave a Comment »
မီးအရောင်တွေ တထိန်ထိန်နဲ့
မီးပုံးများကို သေချာစွာ မြင်ရစေရန် Lighting ထိုးပေးပါတယ်။
စိန်နားပန်
ညမီးကြီး (ကျည်) လှလို့ ပလို့
မြင်ရသည့် အတိုင်း ကြက်ပျံမကြ စည်ကားလှ.
ရှမ်းအိုးစည်သံ တညံညံနှင့် မမောနိုင် ပမန်းနိုင် ကခုန်အားပေးကြ.
ဆောင်ပုဒ်ကိုယ်စီ.
ဝံ့ဝံ့ထည်ထည်
ညနေစောင်းကတည်းက ရောက်နေကြသူတွေလဲ မိုးဆုံးဆုံးချုပ်သည့်တိုင် မပြန်နိုင်ကြ.
၂၀၀၆ တောင်ကြီးတန်ဆောင်တိုင် ပုံရိပ်များ (၂)
Posted in Admin, တန်ဆောင်တိုင်ပွဲ, ဓါတ်ပုံများ on June 15, 2007 | Leave a Comment »
လင်းလင်းထိန်ထိန်သာ
ပျံတက်ခါစ မီးကြီး
ညမီးကြီး အောက်တည့်တည့်မှ
စုစုပေါင်းပေါင်း ညီညီညွတ်ညွတ်
စိန်နားပန်
အလာထူး
ပျံတက်ခါနီး ညမီးကြီး (ကျည်)
မီးရှူးမီးပန်း အလှ
ရိုးရာအမွေ ဒို့ မမေ့ပါ
အဝေးကကြည့်လို့ အားမရ နိုင်သူတွေ မီးပုံးပျံ အနီးမှာ တိုးဝေ့
ဆောင်းရာသီ အေးစိမ့်နေလဲ တိုးတိုးကျိတ်ကျိတ်
၂၀၀၆ တောင်ကြီးတန်ဆောင်တိုင် ပုံရိပ်များ (၁)
Posted in Admin, တန်ဆောင်တိုင်ပွဲ, ဓါတ်ပုံများ on June 15, 2007 | Leave a Comment »
တောင်ကြီးတန်ဆောင်တိုင်ဟာ ကျော်ကြားတဲ့ ပွဲတော်တစ်ခုပါ။ အစဉ်အဆက်ကျင်းပလာခဲ့တာ နှစ်ပေါင်းလဲ ၅၀ ကျော်ပါပြီ။ ၂၀၀၆ ခုနှစ်ကတော့ တောင်ကြီးတန်ဆောင်တိုင်ရဲ့ ထူးခြားမှုတွေ စတင်တဲ့ နှစ်ပါ။
အဲ့ဒီနှစ်မှာပဲ ပြည်နယ်အကြီးအကဲရဲ့ ပံ့ပိုးပေးမှုနဲ့ Studio 35 ဆိုတဲ့ Media အဖွဲ့က တန်ဆောင်တိုင်ပွဲတော်ကြီးကို၊ Live လွှင့်ပေးခဲ့ပါတယ်။နေ့စဉ် ည၆နာရီကနေပြီး မီးပုံးကုန်တဲ့အချိန် ၁နာရီ ၂နာရီကျော်အထိ တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပါတယ်။ မီးပုံးပျံ တစ်ခုနဲ့ တစ်ခု အကူး အပိုချိန်တွေမှာလဲ နေ့လည်ဘက် အလှမီးပုံးများ လွတ်တင်ပုံ မှတ်တမ်းတွေကို ပြန်လည် ပြသခဲ့ပါတယ်။
Camera ၄လုံးကျော်သုံးပြီး၊ အောက်ဘက် မီးပုံးပျံကွင်း၊ အပေါ် စူဋ္ဌာမုနိဘုရား၊ ခြင်းလုံးကွင်း စတဲ့ ရှုတောင့် ပေါင်းစုံကနေပြီး ရိုက်ယူခဲ့ကြပါတယ်။Transmitter ကို တောင်ပေါ် ရပ်တော်မူဘုရားအနီးမှာတင်ပြီး ထုတ်လွှင့်ခဲ့တဲ့ အတွက် [...]