Feeds:
Posts
Comments

Archive for the ‘ထိုင်လို့ ကောင်းသော’ Category

ပို့စ်တစ်ခုမှာ ထိုင်လို့ကောင်းတဲ့ ဆိုင်အကြောင်း ရေးကြမယ်ဆိုတာနဲ့ ထိုင်ခဲ့ဖူးတဲ့ ဆိုင်ကို ကျွန်မသွားသတိရမိတယ်။ (၁၀)တန်းအထိ လက်ဖက်ရည်ဆိုင်ကို ကောင်းကောင်း မထိုင်ခဲ့ဖူးပါဘူး။ ရှက်လို့တော့ မဟုတ်ဘူး။ အဓိက က သူငယ်ချင်း အပေါင်းအသင်း နည်းလို့ပါ။ (၁၀)တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ တန်းစီ စောင့်နေရတဲ့ ခေတ်မှာ မနက်တိုင်းလိုလို လက်ဖက်ရည်ဆိုင် ထိုင်ဖို့ အကြောင်းဖန်လာပါတယ်။ အားအား ယားယား၊ နားနားနေနေ မနေတတ်တဲ့ ကျွန်မ (၁၀)တန်းအောင်တော့ ဗိုလ်ချုပ် ပန်းခြံဘေးက ၀ိုင်အမ်စီအေမှာ စားပွဲတင် တင်းနစ် သွားကစားဖြစ်ခဲ့တယ်။ ၀ိုင်အမ်စီအေရဲ့ ခြံဝင်းကျယ်ကြီးထဲမှာ “အိမ်ဖြူတော်” ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေး ရှိတယ်။ ကားလမ်းနဲ့ အနည်းငယ်ဝေးပြီး တိတ်တိတ် ဆိတ်ဆိတ်နဲ့ ငေးလို့ကောင်း၊ ထိုင်လို့ကောင်းတဲ့ အိမ်ဖြူတော်မှာ လူပြတ်တယ်လို့ မရှိခဲ့ပါဘူး။
မနက်တိုင်း ဘောလုံးသွားကစားရင် [...]

Read Full Post »

ညနေ ၆ နာရီလောက် ကျွန်တော် တို့ သူငယ်ချင်းများ စုမိကြသည်။ အော်… ဟုတ်သည။် ကျွန်တော် မေ့နေသည် ဒီနေ့ ပထမ၀ါဆို လပြည့်နေ့။ မရည်ရွယ်ဘဲနှင့် ကျွန်တော် တို့ burger house သို့ ရောက်သွားကြသည်။ သူငယ်ချင်း တစ်ယောက်က ငါတို့ ထိုင်လို့ ကောင်းသော ဆိုင်များ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ဒီဆိုင်အကြောင်း ထည့်ရင်ကောင်းမယ် လို့ အကြံပြု လာပါသည်။…ဒီလိုနှင့် ဆိုင်ရှင်ကို ကျွန်တော် တို့ သိလိုသည်များကို မေးမြန်းဖြစ်ခဲ့သည်။
[...]

Read Full Post »

ထိုင်လို့ ကောင်းသော ဆိုင်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ အကျုံးဝင်မဲ့ ဆိုင်ကောင်းကောင်းတွေ တောင်ကြီးမြို့မှာ အခုဆို တော်တော် များများ ရှိနေပါပြီ။ အရင်ကလို Customer အတွက် မစဉ်းစားပေးပဲ၊ ပိုက်ဆံရဖို့ တစ်ခုထဲကို ကြည့်တဲ့ ဆိုင်မျိုးတွေ တစ်ဖြည်းဖြည်းနဲ လာပါပြီ။ ဆိုင်တိုင်း ဆိုင်တိုင်း Customer တွေရဲ့ လိုအပ်မှုတွေကို ဖြည့်စည်းပေး တတ်လာပါပြီ။ ပြင်ပြင် ဆင်ဆင်လေးတွေ လုပ်လာကြပါပြီ။ အစားအသောက်အပြင် ပိုမို စွဲဆောင်မှု ရှိတဲ့ အခင်းအကြင်း လေးတွေ ပြုလုပ်ဖို့ ခြေလှမ်းတွေ လှမ်းလာကြပါပြီ။ အခုဆိုရင် တောင်ကြီးမြို့မှာ အသစ်ဖွင့်တဲ့ ဆိုင်တိုင်းလိုလို Customer တွေအတွက် ရသတစ်ခု ပေးနိုင်အောင် ကျိုးစား လာကြပါပြီ။ အဲ့ဒီ အသစ်ဖွင့်လာတဲ့ ဆိုင်တွေထဲမှာတော့ ပုံစံတစ်မျိုးနဲ့ [...]

Read Full Post »