“တောင်ကြီးကဟေ့” ဆိုရင် တောင်ချွန်းကို မတက်ဖူးတဲ့လူ ရှားလိမ့်မယ် ထင်တယ်။ တောင်ချွန်းက တောင်ကြီးမှာ အမြင့်ဆုံးတောင်ဖြစ်သလို တောင်ကြီးရဲ့ သင်္ကေတဆိုလည်း မမှားပါဘူး။ တောင်အောက်က လှမ်းကြည့်ရင် မြို့ကို အရင်မတွေ့ရင်တောင် မှိန်ပျပျ တောင်ချွန်းကို အရင်လှမ်းမြင်မှာပါ။ မင်္ဂလာတောင်ချွန်း လို့လည်း ခေါ်သလို တောင်ချွန်းနဲ့ တစ်ဆက်တည်းရှိတဲ့ မြစိမ်းတောင်၊ ရွှေဘုန်းပွင့်တွေကို အဝေးက လှမ်းကြည့်ရင် အချိမ့်၊ အခွက်၊ အမို့၊ အမောက်တွေနဲ့မို့ မိန်းကလေးတစ်ယောက် ဘေးစောင်းလဲအိပ်နေတဲ့ သဏ္ဍာန်နဲ့ တူတယ်လို့ ပြောကြတယ်။
တောင်ကြီးဖ၀ါးအောက် ဆိုသလို တောင်ကြီးမြို့ရဲ့ အမြင့်ဆုံး တောင်ချွန်းဟာလည်း ကျွန်မတို့ရဲ့ဖ၀ါးအောက်မှာ ပြားပြားဝပ်ခဲ့ဖူးတယ်။ ထုံးစံအတိုင်း ၁၀တန်းအောင်စ တရုတ်ကျောင်းအတက်မှာ ကျောင်းအားရက်တွေ၊ ကျောင်းလစ်ရက်တွေမှာ သူငယ်ချင်းတွေ နဲ့အတူ တောင်ချွန်းတက်ဖြစ်ကြတယ်။ ရေထွက်ဦးလမ်းက မြစိမ်းတောင်ဖက်ကနေ စတက်လို့ရသလို၊ ကျောက်တစ်လုံးလမ်း [...]
Archive for the ‘နိုင်းနိုင်းစနေ’ Category
မင်္ဂလာတောင်ချွန်း
Posted in နိုင်းနိုင်းစနေ on July 21, 2007 | Leave a Comment »
ကျွန်မသိတဲ့ ချယ်ရီ
Posted in နိုင်းနိုင်းစနေ on July 15, 2007 | 1 Comment »
(၁)နှစ်အရွယ် တောင်ကြီးရောက်စက တောင်ကြီးဟိုတယ်နဲ့ လမ်းလျှောက်ရင် (၁၅) မိနစ်ပဲ ဝေးတဲ့ နေရာမှာ ကျွန်မနေခဲ့တယ်။ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်ပြီး အားလုံးဟာ ခြံနဲ့ဝင်းနဲ့ပါပဲ။ ယူကလစ်ပင်၊ ချယ်ရီပင်၊ ထင်ရှူးနဲ့ ထောပတ်ပင်ကို ရပ်ကွက်လမ်းတကာမှာ တွေ့ရတတ်တယ်။ အထူးသဖြင့် ဟိုတယ်ဝင်းထဲမှာ ချယ်ရီပင်နဲ့ စိန်ပန်းပြာကို အများဆုံးတွေ့ရတယ်။ ငယ်ငယ်တုန်းက ညနေပိုင်းဆိုရင် ဟိုတယ်ဝင်းထဲ မကြာခဏရောက်ဖြစ်တယ်။ လေအလွှင့်မှာ ကြွေကျလာတဲ့ သစ်ရွက် ဒါမှမဟုတ် ပန်းပွင့်တွေကို မြေမကျခင် ဖမ်းမိရင် ကံကောင်းတယ်လို့ ကြားဖူးတာကြောင့် နွေဆိုရင် စိန်ပန်းပြာတွေ လိုက်ကောက်၊ ဆောင်းဆိုရင် ချယ်ရီပွင့် ချယ်ရီသီးတွေ လိုက်ကောက်နဲ့ ကျွန်မပျော်ခဲ့ပါတယ်။
ချယ်ရီရွက်တွေကို ခူယားတွေက အရမ်းကြိုက်တာပဲလား မသိဘူး။ ဆောင်းမ၀င်ခင် ချယ်ရီပင်ပေါ်မှာ ခူယားတွေဟာ အရွက်တွေနဲ့ လုံးထွေးနေတာကို တွေ့ရတတ်တယ်။ ဆောင်းဝင်ရင် အရွက်တွေ [...]
မှတ်မှတ်ရရ အိမ်ဖြူတော်
Posted in ထိုင်လို့ ကောင်းသော, နိုင်းနိုင်းစနေ on July 9, 2007 | 3 Comments »
ပို့စ်တစ်ခုမှာ ထိုင်လို့ကောင်းတဲ့ ဆိုင်အကြောင်း ရေးကြမယ်ဆိုတာနဲ့ ထိုင်ခဲ့ဖူးတဲ့ ဆိုင်ကို ကျွန်မသွားသတိရမိတယ်။ (၁၀)တန်းအထိ လက်ဖက်ရည်ဆိုင်ကို ကောင်းကောင်း မထိုင်ခဲ့ဖူးပါဘူး။ ရှက်လို့တော့ မဟုတ်ဘူး။ အဓိက က သူငယ်ချင်း အပေါင်းအသင်း နည်းလို့ပါ။ (၁၀)တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ တန်းစီ စောင့်နေရတဲ့ ခေတ်မှာ မနက်တိုင်းလိုလို လက်ဖက်ရည်ဆိုင် ထိုင်ဖို့ အကြောင်းဖန်လာပါတယ်။ အားအား ယားယား၊ နားနားနေနေ မနေတတ်တဲ့ ကျွန်မ (၁၀)တန်းအောင်တော့ ဗိုလ်ချုပ် ပန်းခြံဘေးက ၀ိုင်အမ်စီအေမှာ စားပွဲတင် တင်းနစ် သွားကစားဖြစ်ခဲ့တယ်။ ၀ိုင်အမ်စီအေရဲ့ ခြံဝင်းကျယ်ကြီးထဲမှာ “အိမ်ဖြူတော်” ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေး ရှိတယ်။ ကားလမ်းနဲ့ အနည်းငယ်ဝေးပြီး တိတ်တိတ် ဆိတ်ဆိတ်နဲ့ ငေးလို့ကောင်း၊ ထိုင်လို့ကောင်းတဲ့ အိမ်ဖြူတော်မှာ လူပြတ်တယ်လို့ မရှိခဲ့ပါဘူး။
မနက်တိုင်း ဘောလုံးသွားကစားရင် [...]
ကိုရင်လေးကျောင်းသို့ တစ်ခေါက်
Posted in နိုင်းနိုင်းစနေ, အမှတ်တရ, အတွေ့အကြုံ on June 25, 2007 | Leave a Comment »
ကိုရင်လေးကျောင်းလို့ ဆိုလိုက်တာနဲ့ တောင်ကြီးမြို့ခံတွေက ဘုရားဖြူရွာ အရှေ့ဖက်ကဘုန်းကြီးကျောင်းကို ပြေးမြင်မိကြမှာပါ။ ကိုရင်လေးကျောင်းလို့ ဘာဖြစ်လို့ခေါ်လဲဆိုတာကိုကျွန်မ မသိတဲ့အပြင် တောင်ကြီးမှာ နေခဲ့တဲ့ သက်တမ်းတစ်လျောက် (၂)ခေါက်ပဲရောက်ခဲ့ဖူးပါတယ်။ ကိုရင်လေးကျောင်းဟာ တောင်ကြီးမြို့ရဲ့ အရှေ့တောင် အရပ်မှာ တည်ရှိပြီး မြို့နဲ့အတန်ငယ်ဝေးတဲ့အပြင် အရင်က ကန့်သတ်နယ်မြေဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ပွဲတော်ရောက်တိုင်း ကိုရင်လေးကျောင်းက ဘုရားဖူးတွေနဲ့ စည်ကားနေပါပြီ။
မှတ်မှတ်ရရ ကိုရင်လေးကျောင်းကို ကျွန်မဆယ်တန်းနှစ်မှာ ပထမဦးဆုံးအကြိမ် ရောက်ဖြစ်ခဲ့တယ်။အ.ထ.က(၁) ဆယ်တန်းဒီ တစ်ခန်းလုံး အတန်းပိုင်ဆရာမ “ဒေါ်ထူးထူးရွှေ” နဲ့ ကျောင်းအားရက်တစ်ရက်မှာ ကိုရင်လေးကျောင်းကို ဘုရားဖူးထွက်ခဲ့ကြတယ်။ အတန်းပိုင် ဆရာမက ခရစ်ယာန်ဘာသာဝင်ဖြစ်ပေမယ့် တပည့်တွေရဲ့ အလိုကိုလိုက်ပြီး ပျော်ပျော်ပါးပါး လိုက်ပါခဲ့တယ်။ ထမင်းထုပ်၊စားစရာ အပြည့်ထည့်ထားတဲ့ လက်ဆွဲခြင်း ကိုယ်စီနဲ့ မနက်ခင်းမှာ ကျောင်းကနေ [...]
မုံတ၀ဂူသို့ တစ်ခေါက်
Posted in နိုင်းနိုင်းစနေ, အမှတ်တရ on June 17, 2007 | Leave a Comment »
ရဲမြန်မာရဲ့ “မုံတ၀ဂူသို့ တစ်ခေါက်” ဆိုတဲ့ ပို့စ်ကို ဖတ်ပြီး မှတ်မှတ်ရရ သူငယ်ချင်းတွေနဲ့ တစ်ခေါက်သာ သွားဖူးခဲ့တဲ့ မုံတ၀ဂူကို သွားသတိရမိတယ်။ တစ်ခေါက်သာ သွားဖူးလို့ ခရီးစဉ်တွေကို ခပ်ရေးရေးပဲ မြင်ယောင်တော့တယ်။ ခရီးစဉ်တွေကို ရဲမြန်မာက စိတ်ဝင်တစား ရေးထားပါတယ်။ မုံတ၀ဂူက တောင်ကြီးမြို့ရဲ့ အနောက်ဖက် တောင်စောင်းမှာရှိပြီး တောင်ပေါ်ကနေ အေးသာယာမြို့သစ်ကို အထင်းသား လှမ်းမြင် နေရတယ်။ ပင်းတယဂူနဲ့ ခပ်ဆင်ဆင်တူပြီး ပင်းတယဂူထက် ငယ်ပါတယ်။
သီတင်းသုံးတဲ့ ဘုန်းကြီးတွေလောက်ပဲ ရှိပြီး ပင်းတယဂူလို လူသိရှင်ကြား မကျော်ကြားသေးပါဘူး။ ပင်းတယဂူကို အခေါက်ခေါက် ရောက်ဖူးပေမယ့် မုံတ၀ဂူကိုတော့ တစ်ခါပဲ ရောက်ခဲ့ဖူးတယ်။ မှတ်မှတ်ရရ တရုတ်ကျောင်းက သူငယ်ချင်းတွေနဲ့ အတန်းလစ်ပြီး မုံတ၀ဂူကို တစ်ခေါက် ရောက်ခဲ့တယ်။ ဂူတွေက သိတဲ့အတိုင်း ကျောက်ရေစက်တွေနဲ့ [...]