သူငယ်ချင်းမိသားစုနဲ့ တောင်ကြီး သွားတုန်း တွေ့မြင်ခဲ့ရတဲ့ ဆိုင်းဘုတ်လေး တခု အကြောင်းပါ။ ရန်ကုန်ပြန်မဲ့မနက်မှာ တောင်ကြီးမြို့တခုလုံးကို စီးမြင်ရတဲ့ ရှုခင်းလည်း ခံစားရင်း၊ ဘုရားလည်းဖူးရင်း ဆိုသလို မြစိမ်းတောင်၊ ရွှေဘုန်းပွင့် စတဲ့ တောင်ပေါ်က ဘုရားတွေကို ရောက်ခဲ့ပါတယ်။ မြစိမ်းတောင်ပေါ်ရောက်တော့ ကျွန်မတို့က ဘုရားမဖူးသေးခင် ရှုခင်းတွေကြည့်ဖို့ ဓာတ်ပုံရိုက်ဖို့လောက်ပဲ အားသန်နေတော့ ဒီဆိုင်းဘုတ်လေးကို မတွေ့မိပါဘူး။ ဒါနဲ့ ကျွန်မသူငယ်ချင်းရဲ့ဖေဖေက ခေါ်ပြီး ဆိုင်းဘုတ်လေးကို ဖတ်ခိုင်းပါတယ်။ အန်ကယ်ဆရာဝန်ကြီးက “သမီးတို့ရေ..ဘယ်လောက်ကောင်းလိုက်တဲ့ စာလည်း လာဖတ်ကြည့်ပါ” လို့ပြောတော့ ကျွန်မတို့လည်း ဓာတ်ပုံရိုက်၊ အဝေးက ရှုခင်းကြည့်နေရာက အန်ကယ်ပြတဲ့ ဆိုင်းဘုတ်လေးကို ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီ စာလေးကအဓိပ္ပါယ် ရှိတာနဲ့အတူ အားလုံးကိုလည်း တရားသဘောနဲ့နှိုင်းယှဉ်ပြထားတာကြောင့် အန်ကယ်ကဓာတ်ပုံရိုက်ယူခဲ့တာပါ။ [...]
Archive for the ‘မရန်ကုန်သူ’ Category
ဇရာနဲ့ယှဉ်သော သံဝေဂ
Posted in မရန်ကုန်သူ, အမှတ်တရ on July 29, 2007 | 5 Comments »
ဘုရားအမှတ်စဉ်- ၆၆၄ အပိုင်း (၂)
Posted in မရန်ကုန်သူ, အမှတ်တရ on July 21, 2007 | 6 Comments »
မကြာခင်ပဲ သွားခေါ်တဲ့ကောင်လေးနဲ့အတူ အရွယ်မတိမ်းမယိမ်း ကောင်လေး ၁ ယောက် ပါလာပြီး သူက ကျွန်မတို့ကို အရံစေတီငယ်တွေက ပြုပြင်ဖို့ကုန်သွားပါပြီလို့ပြောပါတယ်။ ကျွန်မတို့ ၂ ယောက်လည်း အံ့အားသင့်ပြီး အရင်တခေါက်လာတုန်းကတော့ ပြုပြင်ဖို့ ဘုရားစာရင်းက တော်တော်များများ ကျန်နေပါသေးတယ်။ ၆ လအတွင်းမှာ ကုန်သွားတာ မြန်လိုက်တာဆိုပြီး သေချာအောင် ပြန်မေးရတာပေါ့။ ရန်ကုန်ကနေ လာရတာဖြစ်လို့ စာရင်းပြန်ကြည့်ပေးဖို့ ထပ်ပြောတော့ လွန်ခဲ့တဲ့ ၁ လ လောက်ကမှ မပြင်ရသေးတဲ့ ဘုရားစာရင်းကို စင်ကာပူက လှမ်းတောင်းလို့ ပို့ပေးလိုက်ရပြီး စင်ကာပူမှာရှိတဲ့ အလှူရှင်တွေက ပြင်မဲ့စေတီစာရင်းကို ပြန်ပေးတဲ့ အထဲမှာ အရံစေတီငယ်က မရှိတော့ပဲ စေတီကြီးတွေပဲ ပြင်ဖို့ကျန်တယ်ဆိုပြီး ရှင်းပြပါတယ်။ စေတီကြီးတဆူပြင်မယ်ဆိုရင်လည်း ကျပ် ၇ သိန်း [...]
ဘုရားအမှတ်စဉ်- ၆၆၄ အပိုင်း (၁)
Posted in မရန်ကုန်သူ, အမှတ်တရ on July 13, 2007 | Leave a Comment »
(ကျွန်မရဲ့တတိယမြောက် တောင်ကြီးခရီးစဉ်ဟာ အမှတ်တရ ဖြစ်နေမဲ့ခရီး လို့ပြောလို့ရသလိုပဲ ဘ၀ရဲ့မှတ်တိုင်တခုအနေနဲ့ ဘုရားအမှတ်စဉ် ၆၆၄ အကြောင်းကို တောင်ကြီးချယ်ရီမြေမှာ ဝေမျှပေးလိုက်ပါရစေ။)
၂၀၀၆ ခုနှစ် မေလလယ်လောက်မှာ တောင်ကြီးကနေ ပြန်လာပြီးကတည်းက နောက်တခါ တောင်ကြီးသွားဖို့ အချိန် ၆ လကျော် လောက် စောင့်ခဲ့ရပါတယ်။ ၂၀၀၆ ဇွန်လကုန်မှာ ကျွန်မတို့ ၂ ယောက်စလုံး အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ရပြီး ဒီဇင်ဘာ ၂၆ ရက်မှ ရန်ကုန်ကို ပြန်ရောက်လာတာပါ။ ဒါပေမယ့် ၂၀၀၇ ဇန်န၀ါရီ ၁၅ ရက်နေ့မှာ ကျွန်မအမျိုးသားရဲ့ အလုပ်ကိစ္စနဲ့ ၂ ယောက်စလုံး ခရီးထပ် ထွက်ရအုံးမှာ ဆိုတော့ ရန်ကုန်မှာ နေရမဲ့ရက် တော်တော်ကို နည်းပါတယ်။ နောက်ခရီးတခုအတွက် [...]
တောင်ကြီး မှ မွေတော်ကက္ကူဘုရားသို့..
Posted in မရန်ကုန်သူ, သွားလည်စရာ on July 11, 2007 | 3 Comments »
တောင်ကြီးမှာ နောက်ထပ် ကျွန်မသွားဖြစ်ခဲ့တဲ့ နေရာကတော့ မွေတော်ကက္ကူဘုရားပါ။
ကျွန်မနဲ့ ကံစပ်တယ်လို့လည်း တွေးမိတယ်။ ဒါကြောင့် တောင်ကြီးရောက်တိုင်း ကက္ကူဘုရားကို မဖြစ်မနေ သွားဖူးဖြစ်ပါတယ်။ ကျွန်မသိရသလောက်ကတော့ ကက္ကူဘုရားတည်ထားတဲ့နေရာက အရင်တုန်းကဆိုရင် အနက်ရောင်နယ်မြေ အဖြစ်သတ်မှတ်ထားလို့ ဘုရားဖူးတွေသွားလို့မရပါဘူး။ ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း အဖြူရောင်နယ်မြေ ဖြစ်တော့မှ တန်ခိုးကြီးဘုရား၊ ရှေးဟောင်းဘုရား ဆိုပြီးနာမည်ကြီးလာတာနဲ့အမျှ ဘုရားဖူးတွေ အလာများတဲ့ နေရာဖြစ်ခဲ့ပါတယ်။ မွေတော်ကက္ကူဘုရားကို တောင်ကြီးကနေတဆင့်သွားဖူးကြရတာပါ။ လမ်းက သိပ်မကောင်းပေမယ့် တောင်ကြီးကနေ သွားမယ်ဆိုရင် ၂ နာရီ၊ ၂ နာရီခွဲလောက် ကားမောင်းပြီးမှ ကက္ကူဘုရားကို ရောက်ပါတယ်။
ကားလမ်းတောက်လျှောက်မှာ ပအို့ဝ်ရွာတွေကိုဖြတ်ပြီးသွားရတာဆိုတော့ သူတို့ဒေသရဲ့ ရာသီအလိုက် [...]
အင်းလေးမှာ တနေ့တာ..
Posted in မရန်ကုန်သူ, သွားလည်စရာ on June 29, 2007 | Leave a Comment »
အင်းလေးမှာ ကျွန်မတို့ရောက်ခဲ့တဲ့နေရာတွေကတော့ အင်းလေးဖောင်တော်ဦး ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ငါးဖယ်ချောင်ဘုန်းကြီးကျောင်း အပြင် အင်းထဲက ရိုးရာလုပ်ငန်းတွေကိုလည်း ဗဟုသုတအဖြစ် ကြည့်ခွင့်ရခဲ့ပါတယ်။ အင်းထဲမှာတင် တောက်လျှောက်က စက်လှေနဲ့ သွားရတာမို့ စက်လှေသွားတုန်း ရေကို လှမ်းပြီး ဆော့နေရတာ ကြည်နူးဖို့ ကောင်းသလို ပျော်ဖို့လည်းကောင်းပါတယ်။ အရင်ဆုံး စပြီးသွားတဲ့နေရာကတော့ အင်းလေး ဖောင်တော်ဦးဘုရားကိုပါ။ အင်းလေး ဖောင်တော်ဦး ဘုရားက တန်ခိုး ကြီးဘုရားဆိုတော့ ဘုရားဖူး လာကြတဲ့သူတွေကလည်း တဖွဲ့ပြီး တဖွဲ့ရောက်လာကြတာ လူပြတ်တယ်ဆိုတာ မရှိလှပါဘူး။
ကျွန်မတို့အင်းလေး ဖောင်တော်ဦးမှာ ရွှေသင်္ကန်းကပ်လှူ ပူဇော်ပြီးတော့ ဘုရားကျောင်းအောက်မှာ ရှိတဲ့ ရှမ်းရိုးရာ အထည်ဆိုင်၊ လက်ဆောင်ပစ္စည်းတွေ ခင်းကျင်းရောင်းနေတဲ့ဈေးတန်းကို ၀င်ကြည့်ပြီးမှ စက်လှေမောင်းတဲ့သူက အလိုတော်ပြည့်ဘုရားကို လိုက်ပို့ပေးပါတယ်။ အလိုတော်ပြည့်ဘုရားမှာတော့ လူသိပ်မရှိပါဘူး။ တချို့ကလည်း [...]
အင်းလေးသို့..
Posted in မရန်ကုန်သူ, သွားလည်စရာ on June 18, 2007 | 1 Comment »
ကလော၊ပင်းတယမှာ လည်ပြီးတော့ ကျွန်မတို့ အင်းလေးကို ခရီးဆက်ကြပါတယ်။ ပထမတခေါက် သွားတုန်းက ရန်ကုန်ကနေ တောင်ကြီးကို တိုက်ရိုက်သွားတာဆိုတော့ အင်းလေးသွားချင်ရင် တောင်ကြီးကနေ ကားငှားပြီး ညောင်ရွှေကို ပြန်ဆင်းပြီး သွားရပါတယ်။ ပင်းတယကိုလည်း အဲဒီ့လိုပဲ တောင်ကြီးကနေ ပင်းတယ ကို ပြန်ဆင်းပြီးသွားရလို့ ခရီးထောက်ပေမယ့် လမ်းတောက်လျှောက်က ရှုခင်းတွေကို ကြည့်ရင်းသွားရလို့ ပင်ပန်းတယ်လို့ မထင်မိပါဘူး။
ဒုတိယတခေါက်ကျတော့ ခရီးစဉ်ကိုလည်းသိသွားတော့မှ ကလော၊ ပင်းတယကို အရင်ပြီးအောင်လည်၊ ပြီးမှ အင်းလေးကို သွားတာပါ။ ကလောကနေ တောင်ကြီး-အေးသာယာအတက် လိုင်းကားကို စီးသွားပြီး ရွှေညောင်မှာ ဆင်းပါတယ်။ ရွှေညောင်က တဆင့် ညောင်ရွှေလိုင်းကားကို ပြောင်းစီးတာပါ။ လိုင်းကားစီးရတာ ပင်ပန်းပေမယ့် အတွေ့အကြုံအသစ်ရလို့ ကျွန်မ ပျော်ပါတယ်။ [...]
သဘာဝလိုဏ်ဂူဘုရားများ… အပိုင်း (၂)
Posted in မရန်ကုန်သူ, သွားလည်စရာ on June 17, 2007 | Leave a Comment »
မြင်းမထိလိုဏ်ဂူကတော့ ပင်းတယကနေ ကလောကို အပြန်မှာ ကားသမားကို ” အကို ကလော ပင်းတယ တ၀ိုက်မှာ လိုဏ်ဂူ ဘုရားရှိသေးလား ” လို့မေးတော့ မြင်းမထိ လိုဏ်ဂူရှိသေးတယ်ဆိုတာနဲ့ပဲ ကားသမား အကိုကြီးကို နောက်ထပ် မြင်းမထိ ဂူကို လိုက်ပို့ပေးဖို့ ပြောရပါတယ်။ မြင်းမထိ လိုဏ်ဂူက ကလောကနေ လွိုင်ကော်ဘက် ကိုသွားတဲ့ လမ်းဘက်မှာပါ။ အဲဒီ့ဘက်မှာက တောင်တွေ ရှုခင်းတွေ ပိုများလို့ ရုပ်ရှင် ရိုက်မယ်ဆိုရင် မြင်းမထိဂူဘက် ခဏခဏ လာရိုက်တတ်တယ်လို့ ကားသမားက ရှင်းပြ ပါတယ်။
မြင်းမထိဂူရောက်တော့ ဘုရားဂေါပကအဖွဲ့က ဘိုးဘိုး တယောက် ရောက်လာပြီး မီးခြစ်ရယ် ဖယောင်းတိုင်ရယ် ၁ ယောက် ၁ ချောင်းစီ ပေးပြီး သူ [...]
သဘာဝလိုဏ်ဂူဘုရားများ… အပိုင်း (၁)
Posted in မရန်ကုန်သူ, သွားလည်စရာ on June 17, 2007 | Leave a Comment »
တောင်ကြီးခရီးစဉ်မှာ ကျွန်မစိတ်ကို ဆွဲဆောင်နိုင်ဆုံး နဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး နေရာတွေထဲမှာ သဘာဝ လိုဏ်ဂူဘုရား တွေလည်း ပါဝင်ပါတယ်.. ဒီလိုသဘာဝလိုဏ်ဂူမျိုးကို ကျွန်မတို့ အောက်မြန်မာပြည် ရန်ကုန်မှာ မတွေ့နိုင်ပါဘူး။ သဘာဝရဲ့ ဆန်းကြယ်တဲ့ လက်ဆောင်အဖြစ် တည်ရှိနေတဲ့ ကျောက်စည်၊ ကျောက်မောင်း၊ နတ်သမီး ကျောက်ပြင်၊ နတ်သမီး ယက္ကန်းစင်၊ နတ်သမီး ရေကန်၊ နတ်ဆေး (သို့) ဘုရားဆေး၊ မြင်းချည်တိုင်၊ ဆင်မိသားစု… အစရှိတဲ့ လိုဏ်ဂူမှာ ဖြစ်တည်နေတဲ့ ကျောက်စက် ပန်းဆွဲတွေဟာ ရင်သပ် ရှုမောဖွယ် ဖြစ်အောင် ကျွန်မအာရုံကို ဖမ်းစားနိုင်စွမ်း ရှိလှပါတယ်။
ကျွန်မရဲ့ တောင်ကြီးခရီးစဉ်ထဲက ရောက်ခဲ့ရတဲ့ သဘာဝ လိုဏ်ဂူဘုရားတွေကတော့ (၁) ကလောမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဥမင် သဘာဝလိုဏ်ဂူ ဘုရား၊ [...]
ရှမ်းစက္ကူပြုလုပ်ပုံ..
Posted in မရန်ကုန်သူ, အမှတ်တရ on June 16, 2007 | Leave a Comment »
ကျွန်မ တောင်ကြီးကို ဒုတိယအကြိမ်သွားတုန်းက ကလောကနေတဆင့် ပင်းတယကို သွားလည်ပါတယ်.. ပင်းတယမှာ ဘုရားဖူးပြီးတော့ ကျွန်မတို့ ငှားလာတဲ့ ကားသမားက ကျွန်မတို့ကို ရှမ်းစက္ကူလုပ်တဲ့ နေရာလေးကို လိုက်ပြမယ်လို့ ပြောပါတယ်… ကျွန်မတို့လည်း ကားသမား အစ်ကိုကြီးကို ကလောက စပြီး ငှားကတည်းက အစ်ကို သင့်တော်သလိုပဲ လိုက်ပို့ပေးပါ.. သွားလို့ အဆင်ပြေမယ့် နေရာလေးတွေ လိုက်ပို့ပေးပါလို့ ဆိုထား လေတော့ သူက ရှမ်းစက္ကူလုပ်တာ မြင်ဘူးလားတဲ့… ကျွန်မက ရှမ်းစက္ကူဆိုတာ ဘယ်လိုစက္ကူမျိုးလည်း အကိုလို့ မေးတော့ ကားသမား အကိုကြီးရီပါတယ်.. အဲဒါနဲ့ ကျွန်မတို့လည်း ကားသမားရဲ့ စေတနာကြောင့် ရှမ်းစက္ကူ လုပ်တာကို မြင်ခဲ့ရပါတယ်..
ရှမ်းစက္ကူဆိုတာ ရန်ကုန်အခေါ်ဆိုရင် မှိုင်းခံစက္ကူ လိုမျိုးပါ.. စက်ချုပ်သင်တဲ့ အခါမှာလည်း ပိတ်စကို အရင် [...]
ကျွန်မနဲ့ တောင်ကြီးခရီးစဉ်…
Posted in မရန်ကုန်သူ, အမှတ်တရ on June 16, 2007 | 1 Comment »
Andy ရဲ့ Blog ကနေတဆင့် တောင်ကြီး (သို့မဟုတ်) ချယ်ရီမြေဆိုတဲ့ Link ကို ဖတ်လိုက်ရတော့ ကျွန်မက တောင်ကြီးသူ မဟုတ်ပေမယ့် ကျွန်မ သွားခဲ့ရတဲ့ တောင်ကြီးခရီးစဉ်တွေကို ပြန်စဉ်းစားမိရင်းက ဒီစာလေးကို ရေးမိတာပါ.. ကိုယ်ပိုင် Blog မတည်ဆောက်နိုင်သေးတဲ့အတွက် ချယ်ရီမြေကိုပဲ မေးလ်ပို့ပြီး အကူအညီ တောင်းရ ပါတော့တယ်..
ကျွန်မ ပထမဆုံး တောင် ကြီးကို ရောက်ဖူးတာက ၂၀၀၄ ခုနှစ် ဧပရယ် သင်္ကြန် မတိုင်မီကပါ.. အဲဒီ့ အချိန်တုန်းက တောင်ကြီးမှာ စိန်ပန်းပြာတွေ ပွင့်နေချိန်နဲ့ကြုံပါတယ်.. ရန်ကုန်မှာ တခါမှ မမြင်ဖူးခဲ့တဲ့ စိန်ပန်းပြာကို တောင်ကြီးမှာ မြင်ရတော့ ရန်ကုန်သူ ကျွန်မအတွက် အမြင် ဆန်းသစ် နေမိပါတော့တယ်..
အဲဒီ့တခေါက် သွားတုန်းက [...]