မနက်က ချယ်ရီတွေ စုကြရအောင်ဆိုတဲ့ Post တင်ပြီး၊ ကျွန်တော် ချယ်ရီ ရှာဖွေရေး လုပ်ပါတော့တယ်.. ခြံထဲက ချယ်ရီပင်တွေကို လိုက်ရှာ၊ နောက် သူ့ဘေးပါတ်ဝင်ကျင်မှာရှိတဲ့ ချယ်ရီပင်ပေါက်တွေ လိုက်ရှာ.. အပင် ၇၅ပင်ကျော် ရလိုက်ပါတယ်… ဒါတောင် အပင်ကြီး တစ်ပင်ကျန်နေသေးတယ်… နောက်တော့မှပဲ ဆက်ရှာပြီး.. တစ်နေရာမှာ စုစိုက်လိုက်ဦးမယ်.. အဟဲ ဓါတ်ပုံပါရိုက်ပြီး သက်သေပြလိုက်ပါတယ်..
Archive for the ‘ရဲမြန်မာ’ Category
ချယ်ရီပင်များ စိုက်ပြီးကြောင်း
Posted in ရဲမြန်မာ, အထွေထွေ on July 30, 2007 | Leave a Comment »
ချယ်ရီပင်တွေ စုကြရအောင်
Posted in ရဲမြန်မာ, အတွေးအမြင် on July 30, 2007 | Leave a Comment »
ကျွန်တော် ရူးနှမ်းနှမ်း အဆိုတစ်ခု တောင်ကြီးချယ်ရီမှာ တင်သွင်းချင်ပါတယ်… ဘာလဲဆိုတော့ ကျွန်တော်တို့ တွေ ချယ်ရီကို တကယ်ချစ်တယ်ဆိုရင် အခု Author တွေ ချယ်ရီပင်တွေ လိုက်စုပြီး.. တောင်ကြီးချယ်ရီ ၁နှစ်ပြည့်တဲ့ နေ့ June 5 2008 မှာ ချယ်ရီပင်စိုက်ပွဲလေး လုပ်ဖို့လေ.. အခု ကတည်းက ချယ်ရီပင်တွေ ရသလောက်စုထား၊ ရှာထားကြမယ်.. နောက်နှစ်ကြလို့ ၁သိန်း၊ ၂သိန်း လောက်ရရင် ချယ်ရီဥယျာဉ်လုပ်ဖို့ နေရာတောင်းမယ်… ပြီးရင် ကျွန်တော်တို့ တစ်တွေ ၀ိုင်းပြီးစိုက်ပျိုးပွဲလေး လုပ်မယ်လေ.. မကောင်းဘူးလား..
အဲ့ဒီလို ကျွန်တော်တို့ တတွေ ကိုယ်တိုင် စိုက်ပေးလိုက်ရင် ကျန်တဲ့သူတွေလဲ စိုက်ချင်စိတ်လေး ဖြစ်လာမယ်လို့ ထင်တယ်.. ဒါဆိုရင် ချယ်ရီကိုချစ်ပါတယ်လို့ ပြောနေတာကို လက်တွေ့ ပြရာလဲ ရောက်မယ်လို့ [...]
What is Judo?
Posted in ရဲမြန်မာ on July 28, 2007 | Leave a Comment »
ဒီ Post တွေကို ဘာလို့ ရေးရလဲဆိုတော့.. တောင်ကြီးချယ်ရီမှာ ဂျူဒိုသင်တန်းဖွင့်မလို့ မဟုတ်ပါဘူး။ ကိုယ်ကျိုးအတွက် မဟုတ်ပဲ ရှမ်းပြည်တောင်ပိုင်း ကိုယ်စားပြုပြီး၊ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တွေ ရအောင် မနေ့မနား ကျိုးစား လေ့ကျင့်နေကြတဲ့ တောင်ကြီးက ဂျူဒို အားကစားသမားတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ပါ။
အခုအချိန်ဆို ပြည်နယ်နှင့်တိုင်း အားကစားပြိုင်ပွဲအတွက် သူတို့တွေ အားသွန်ခွန်စိုက်၊ ချွေးတရွှဲရွှဲနဲ့ ညနေတိုင်း Training ဆင်းနေကြပြီ။ ရှမ်းပြည်တောင်ပိုင်းအတွက် ဆုတံဆိပ်တွေ ရယူနိုင်ဖို့ သူတို့တွေ ပြင်ဆင်နေကြပြီ။ လမ်းကြုံရင် သွားရောက် လေ့လာကြည့်နိုင် ပါတယ်။ ဘယ်လောက်ပင်ပန်းတဲ့ ကျိုးစား အားထုတ်နေမှုတွေလဲ ဆိုတာ တွေ့ရမှာပါ..
ကျွန်တော်နှင့် ရှမ်းတောင် ဂျူဒိုအသင်း (၁)
Posted in ရဲမြန်မာ, အမှတ်တရ on July 28, 2007 | Leave a Comment »
ဂျူဒိုဂျူဒို Training မဆင်းဖြစ်တာကြာပြီ။ပြန်စဉ်းစားရင်း ဂျူဒိုကစားခဲ့တုန်းက အကြောင်းလေးကို ပြန်ပြောပြမလို့။
ဂျူဒိုဆိုတာကိုတော့ တချို့လဲ သိမယ်၊ တချို့လဲ ဘာကြီးလဲလို့ မေးချင်တဲ့လူရှိမယ်။ဂျူဒိုကတော့ Martial Art တစ်မျိုးပါပဲ။ Jujitsu, Aikido တို့နဲ့ ဆင်းသက်လာပုံ တူပါတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အားကစားနည်းလို့ လွယ်လွယ်ပြောလို့ရပါတယ်။ ဂျူဒိုက ကာကွယ်တာသက်သက်ပါ။ ကိုယ့်ကိုယ် သူများ ဘာမှလုပ်လို့မရအောင် သူများရဲ့ အား Force ကိုလမ်းကြောင်းလွဲပေးတာ၊ ကိုယ်ကိုယ် ရန်ပြုလို့ မရအောင် ဖမ်းထား၊ ချုပ်ထား၊ လှဲပစ်တဲ့ Technique တွေ ပါတဲ့ Olympic တန်းဝင် ကစားနည်းတစ်ခုပါ။ ပြောရရင်တော့ အများကြီးမို့ ချန်ထားခဲ့ပါပြီ။
အဲ့ဒီ ဂျူဒိုကစားနည်းကို ကျွန်တော် တောင်ကြီးမှာ သင်ဖြစ်ခဲ့တယ်။ နောက်ပြီး ရှမ်းပြည်တောင်ပိုင်း ကိုယ်စားပြုပြီး ရန်ကုန်မှာ [...]
ဥဏ္ဏလုံမွေရှင်တော် စေတီ၊ သဘာဝလှိုင်ဂူဘုရား (၁)
Posted in VirtualTour, ရဲမြန်မာ, သွားလည်စရာ on July 23, 2007 | Leave a Comment »
တစ်နေ့ကပေါ့ ခရီးတစ်ခုကို သွားပြီး၊ အပြန်လမ်းမှာ.. ကားသွားနေရင်း အမေက မြင်းမထိရွာနားရောက်တော့ အဲ့ဒီမှာ မြင်းမထိဂူရှိတယ်လို့ ပြောသံ (တစ်လမ်းလုံး ဓါတ်ပုံတွေ ရိုက်ရတာ ပင်ပန်းလာတာနဲ့ ခဏ မှေးလိုက်တဲ့ အချိန်ပေါ့) မျက်လုံးမှိတ်ပြီး ကားပေါ်ပါလာတဲ့ ကျွန်တော် နားကနေ လှစ်ခနဲ ကြားလိုက် ရတယ်။ ဒီဂူနာမည် ကြားဖူးပါတယ်လို့ စဉ်းစားနေရင်း တောင်ကြီးချယ်ရီမှာ တင်ထားတဲ့ Post ကို သွားပြီး သတိရလိုက်တယ်။ အဲ့ဒါနဲ့ပဲ ကမန်းကတန်း အပြင်ကို လှမ်းကြည့်လိုက်တော့ တောင်တန်းငယ်လေး တစ်ခုနားမှာ ဘုရားစေတီတွေ တွေ့လိုက်တယ်။ မြင်းမထိဂူ ဘယ်မှာရှိမှန်းလဲ အစက သိပ်သတိမထားမိလိုက်လို့ အဲ့ဒီနေရာမှာ ရှိမှန်း မသိလိုက်ဘူးလေ။ အသွားတုန်းကလဲ သတိမထားလိုက်ဘူး။ အခု နာမည်ကြားတော့မှ ကျွန်တော် မရောက်ဘူးသေးဘူး၊ ရှမ်းတောင်ရဲ့ [...]
ဥဏ္ဏလုံမွေရှင်တော် စေတီ၊ သဘာဝလှိုင်ဂူဘုရား
Posted in ရဲမြန်မာ, သွားလည်စရာ on July 21, 2007 | 4 Comments »
ဥဏ္ဏလုံမွေရှင်တော် စေတီ၊ သဘာဝလှိုင်ဂူဘုရား (သို့မဟုတ်) မြင်းမထိဂူဘုရား
ဒီဂူဘုရားအကြောင်းကို တောင်ကြီးချယ်ရီ Blog မှာ သဘာဝလိုဏ်ဂူဘုရားများ… အပိုင်း (၂) Title နဲ့ မရန်ကုန်သူ တင်ထားတာရှိပါတယ်… ဒါပေမဲ့ ဓါတ်ပုံတွေ ပြည့်ပြည့် စုံစုံမရှိသေးတာ တွေ့ရပါတယ်။
ကျွန်တော်လဲ တစ်ခါမှ မရောက်ဘူးသေးတာနဲ့ အဲ့ဒီကို အရောက်သွားပြီး ဓါတ်ပုံတွေ ရိုက်လာခဲ့ပါတယ်။ ရသမျှ ဓါတ်ပုံတွေကို စုစည်း ပြီး Admin ရဲ့ Virtual Tour ခေါင်းစဉ်မှာ အားဖြည့်ပေးပါမယ်။
ထူးခြားတာတွေကို ရိုက်ခဲ့တာ ပုံ ၁၀၀ ကျော်နေလို့ ဘယ်လိုတင်ပေးရမလဲ စဉ်းစားလိုက်ပါဦးမယ်။ နောက်ပြီး အလုပ်ကလေးလဲ နဲနဲများနေတာမို့ အချိန်ရတဲ့ အခါကြမှပဲ အပိုင်းတွေခွဲပြီး တင်နိုင်အောင် ကျိုးစားပေးပါ့မယ်…
အခုကတော့ အမြည်းသဘောလေးပါ…
မုံတ၀ဂူသို့ တစ်ခေါက် (၄)
Posted in ရဲမြန်မာ, သွားလည်စရာ on July 12, 2007 | 6 Comments »
မုံတ၀ဂူ အကြောင်း ရေးနေရင်းနဲ့ ကျွန်တော် ခရီးသွား နေရလို့ အဆက်ပျက်သွားခဲ့တာ.. တော်တော်လေး ကြာသွားတာ တောင်းပန်ပါတယ်.. မုံတ၀ဂူ ၀မှာပဲ ထားတော့မှာလား ဆိုပြီး အော်ထားတာလဲ တော်တော် ကြာပါပြီ.. ရေးမယ်ရေးမယ်နဲ့ Mood ပြန်သွားရင်း ကြာသွားတဲ့ အတွက် တောင်းပန်ပါတယ်.. အခု ဇာတ်သိမ်းခန်း စပါပြီ.. J
ပြန်ဆက်ရရင်.. ကျွန်တော်တို့ (၂) ယောက်နဲ့ တစ်ပါး မုံတ၀ဂူထဲကို ချင်းနင်းလို့ ၀င်ခဲ့ပါတယ်.. ဆင်းထုတော်ကြီး (၂)ဆူကို ကျော်လဲ ကျော်ရော ရုတ်ချည်း အမှောင် လွှမ်းသွားပါတယ်.. ပါလာတဲ့ ဓါတ်မီး ကိုယ်စီနဲ့ အမှောင်ထဲ တစတစ ၀င်တိုးခဲ့ကြပါတယ်..
အဲ့ဒီတုန်းက ကျွန်တော်လေ.. ရောက်တုန်းရောက်ခိုက် ဓါတ်ပုံရိုက်ရအောင် ကင်မရာ [...]
မွေတော်ကက္ကူ
Posted in ဓါတ်ပုံများ, ရဲမြန်မာ, သွားလည်စရာ on July 12, 2007 | 2 Comments »
မွေတော်ကက္ကူ မြောက်ဘက်အာရုံခံအတွင်းရှိ ဆင်းတုတော်ပုံတော်
အလောင်းစည်သူမင်းတည်ခဲ့တဲ့ ဖောင်တော်ဆိုက်စေတီတော်ပုံတော်
စေတီတော်တွင်း ဌာပနာထားသော သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓဓါတ်တော်များပုံတော်
မွေတော်ကက္ကူ အတွင်းရှိ ဆုတောင်းပြည့်စေတီတော်
မွေတော်ကက္ကူ အတွင်းရှိ ဆင်ခံဘုရား
မုံတ၀ဂူသို့ တစ်ခေါက် (၃)
Posted in ရဲမြန်မာ, သွားလည်စရာ on June 17, 2007 | Leave a Comment »
ကျောက်တောင်စောင်းလေး ဘေးကနေ ကျွန်တော်ခပ်သွက်သွက်လေး လျောက်လာခဲ့ရင်း သဘာဝရဲ့ အလှတရား တွေကို ကျွန်တော် ငေးလို့ မဆုံးနိုင်ဖြစ်ခဲ့ရပါတယ်။ ကျွန်တော် ဘုန်းကြီးကျောင်းကိုလဲ မြင်နေရပါပြီ။ အားကောင်းကောင်းနဲ့ စီးဆင်းနေတဲ့ ရေတံခွန်ရဲ့ အသံတွေကိုလဲ ကျွန်တော်ကြားနေရပါတယ်။ ရေရဲ့ ရနံ့၊ သစ်ပင်တွေရဲ့ ရနံ့နဲ့ အမောပြေပြောက်ခဲ့ ပါတယ်။
မုံတ၀ဂူရောက်တော့ ကျွန်တော် ထင်ထားတာထက် ပိုသာယာပြီး၊ ပင်းတယဂူလိုမျိုး လုပ်ရင်ဖြစ်နိုင်မယ်လို့ တွေးမိပါတယ်။ ဘုန်းဘုန်းက ကျွန်တော်တို့ ၂ယောက်ကို ခဏနားခိုင်းပြီး၊ ပဲကြီးလှော်နဲ့၊ ရေနွေးကြမ်း တိုက်ပါတယ်။
ဂူနဲ့ ပါတ်သက်တဲ့ အကြောင်းအရာတွေကိုလဲ ဘုန်းဘုန်းက ရှင်းပြပါတယ်။ အခု အားလုံးကို ကျွန်တော် မမှတ်မိတော့ ပေမဲ့၊ အရင်က ဂူထဲမှာ မြပ၀ါ တစ်ထည် ရှိတဲ့ အကြောင်း၊ နောက်တော့ ပျောက်သွားတယ်ဆိုတဲ့ [...]
ဓါတ်ပုံ
Posted in ဓါတ်ပုံများ, ရဲမြန်မာ on June 12, 2007 | Leave a Comment »
မြို့ အ၀င်
ညာဘက်လမ်းက အနောက်မြို့ပါတ်လမ်းဖြစ်ပြီး။ ဘယ်ဘက်လမ်းကတော့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပါ။
ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်နေရာ