Feeds:
Posts
Comments

Archive for the ‘သတင်းများ’ Category

1st ICT Exhibition 2007 Shan State
ဓါတ်ပုံတွေလှန်ပြန်ရှာရင်း ICT ပွဲတုန်းက ရိုက်ထားတာတွေ တွေ့လို့ အမှတ်တရ Virtual Tour အဖြစ် တောင်ကြီးချယ်ရီမြေမှာ တင်ပေးလိုက်ပါတယ်။ ဒီပွဲက Asia Communication 2007 ကိုတော့ ဘယ်မှီပါ့မလဲ။ ဒါပေမဲ့ ကျွန်တော်တို့ အတွက်တော့ Enough လို့ ပြောလို့ရပါတယ်။

Read Full Post »

ရှမ်းပြည်နယ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်- ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ ပထမဆုံး အကြိမ် အဖြစ် ယခင် မီးပုံးပျံကွင်းအဟောင်း နေရာမှာ ကျင်းပမယ်လို့ သိရပါတယ်။

ဖိတ်စာ ရှေ့ဘက်
ဖိတ်စာလေးပါ။ တောင်ကြီးအတွက် ထူးထူးဆန်းဆန်းပွဲလေးမို့ သတင်းတစ်ခု အနေနဲ့ ဖော်ပြလိုက်တာပါ။

Read Full Post »

တတိယလှိုင်းမှာ တောင်ကြီးမြို့လဲ တခြားမြို့တော်တွေကို အမှီလိုက်ဖို့ တာဆူနေပါပြီ။ Internet ဆိုတာလဲ တောင်ကြီးသားတွေ ပိုင်ဆိုင်နေပြီလေ။ ICT Knowledge ကိုလဲ သူများတွေနည်းတူ လေ့လာနေကြပါပြီဗျ။
အဲ Third Wave မှာ တောင်ကြီးလဲ ဘယ်လို ခရီးနှင်နေတယ်ဆိုတာ ပြောပြရဦးမယ်။
MCPA ဆိုတာ အားလုံးသိကြမယ်နဲ့ တူပါတယ်။ Myanmar Computer Professional Association ပါ။ အဲ့ဒီ အသင်းက ရန်ကုန်, Mandalay, စစ်ကိုင်း, ဧရာဝတီဆိုတဲ့ မြို့ (၄)မြို့မှာ ဖွဲစည်းထားပြီး၊ Computer နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြတာပေါ့။
တောင်ကြီးမြို့မှာလဲ ၃၁၊ မတ်လ၊ ၂၀၀၇ခုနှစ်မှာ ပထမဆုံးပြည်နယ် အသင်းခွဲအဖြစ် ဂုဏ်ယူဖွယ်ရာ ဖွဲ့စည်းနိုင်ခဲ့ တယ်လေ။ MCIA (Shan State) [...]

Read Full Post »

“အင်းလေး ဒေသသည် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ညောင်ရွှေ ချိုင်ဝှမ်းရှိ အင်းလေးကန်နှင့် ပတ်ဝန်းကျင် ဒေသများ ဖြစ်ပါသည်။ အင်းလေးကန်သည် လွန်ခဲ့သော နှစ် (၁၀)သန်းခန့်မှ စ၍ ဖြစ်ပေါ် လာသည်ဟု သုတေသီတို့ ဆိုကြပါသည်။ ထုံးကျောက်တုံးများ ရေတိုက်စားခြင်းကြောင့် ထုံးကျောက် အရည်ပျော်ရာမှ ဖြစ်ပေါ်လာသော ပျော်ဝင်ကန် တစ်ခုဖြစ်ပါသည်။ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ၂၉၁၅တွင် တည်ရှိပြီး ကန်၏ ဘေးတစ်ဖက် တစ်ချက်တွင် အမြင့်ပေ ၄၀၀၀ကျော် မြင့်သော မြောက်မှ တောင်သို့ သွယ်တန်းနေသော တောင်တန်းများ ရှိသည်။ ယခင်က မိုင်(၁၀၀)ခန့် ရှည်လျားသော်လည်း ယခုအခါ တောင်မြောက်အလျား (၁၁)မိုင် အကျယ် (၄)မိုင်ခန့်သာ ရှိပါတော့သည်။
အင်းလေးဟု ခေါ်ဆိုရာမှာ အင်း၎ရွာကို အတိုကောက် [...]

Read Full Post »

ကိုကျော်စွာ တင်ပေးထားတဲ့ Post ကို ထပ်ပြီး ဖြည့်စွက် တင်ပြတာပါ..
အဲ့ဒီ Project ကို Aye Chan Shwe Pyi Corridor-Expo-Mall လို့ နာမည်ပေးထားပါတယ်..တောင်ကြီးမြို့ အတွက် Landmark တစ်ခုဖြစ်လာမဲ့ အဆောက်အဦးကြီးပါ..
တည်နေရာသံလွင်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းကြား၊ ကုန်သည်လမ်းနှင့် မြကန်သာလမ်းကြား။
အကျယ်အ၀န်း၊၂၂ပေ x ၇၀၀ပေ။
သံကူကွန်ကရစ် နဲ့ သံဒိုင်း (Steel Structure) တွေကို အခြေခံပြီး မြန်မာ့ခေတ်ရှေ့ပြေးဗိသုကာဟန် ပုံစံ တည်ဆောက်မှာဖြစ်ပါတယ်.. အဲ့ဒီ အဆောက်အဦးမှာ ပါဝင်မှာတွေက တော့ ဈေးဆိုင်ခန်းတွေ၊ အများပြည်သူ လျောက်လမ်း (အပေါ်၊ အောက်)၊ Open Type ပြပွဲကျင်းပဖို့ နေရာတွေ၊ Hall Type ပြပွဲကျင်ပဖို့ နေရာနဲ့ ကားရပ်နားဖို့ နေရာတွေပါမှာ [...]

Read Full Post »

၁၉၆၂ ခုနှစ် မှ ၁၉၉၅ ခုနှစ် အတွင်း အထက(၂) တောင်ကြီးတွင် ပညာသင်ကြားခဲ့သော ကျောင်းသား/သူ ဟောင်းများ၏ အာစရိယပူဇော်ပွဲ နှင့် တွေ့ဆုံပွဲကို ၂၅ ၊ ၁၁ ၊ ၂၀၀၇ နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အောက်ပါ လိပ်စာများသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရှိရပါသည်။
ရန်ကုန်

ဒေါ်မီမီသွင် 09-514 3982ဒေါ်စန်းစန်းမြင့် 09-518 8428 , 01-642542ဦးနောင်လတ် [...]

Read Full Post »

တောင်ကြီးမြို့ သည် မျာစွာပြောင်းလဲနေပြီ။ မြကန်သာ ပန်းခြံ နှင့် ကမ္ဘောဇ ပန်းခြံ ကို အသစ်ပြန်လည် ပြုပြင်ထားသည်။ မြို့  ပြယဉ်ကျေးမှု ထွန်းကားခြင်း၏ ပြယုဒ် ဟု ဆိုရမည်ထင်သည်။ ဗိုလ်ချုပ်လမ်းတလျှောက် ကျွန်းမျှော အလယ်တွင် စိုက်ထားသော ပန်းပင်များလည်း လှပဝေဆာလျှက်ရှိသည်။ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် သစ်ကြီး ဆီသို့ ချီတက်နေသည်နှင့် အညီ တောင်ကြီးမြို့ တွင်လည်း အဆောက်အဦး သစ်များ တည်ဆောက်လျှက်ရှိသည်။ ယခုလည်း အေးချမ်းရွှေပြည် ပြခန်းဆောင် ဈေးကြီး စီမံကိန်း ကိုစတင်နေသည်။ [...]

Read Full Post »

တောင်ကြီး တက္ကသိုလ် ၁၄ ကြိမ်မြောက် ဘွဲ့ နှင်းသဘင် အခမ်းအနားကို တောင်ကြီး တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမသစ် တွင် ဒုတိယကြိမ်မြောက် ပေးအပ်နိုင်ခဲ့ပြီဖြစ်သည်။ ဘွဲ့ရမောင်မယ်များ အား ၂၈.၆.၂၀၀ရ ရက်နေ့တွင် အစမ်းလေ့ကျင့် ခြင်းပြုလုပ်ခဲ့ပြီး ၃၀.၆.၂၀၀၇ ရက်နေ့ နှင့် ၁.၇.၂၀၀၇ နေ့တို့တွင် ဘွဲ့လက်မှတ် များ ပေးအပ်ခဲ့သည်။ ထူးခြားမှု တစ်ခုမှာ ၃၀.၆.၂၀၀၇ ရက်နေ့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း လည်းထွက်ရှိခဲ့သည်။ တက္ကသိုလ်မှ နောက်ဆုံးနှုတ်ဆက်သူများ နှင့် တက္ကသိုလ်သို့ စတင်ဝင်ရောက်တော့မည့်သူများ အတွက် ပျော်ရွှင်၊၀မ်းနည်း [...]

Read Full Post »

တောင်ကြီးမြို့  နယ် အေးချမ်းသာယာရေးနှင့် ဖွံ့  ဖြိုးရေး ကောင်စီ ဥက္ကဌ ဖလား ရပ်ကွက်၊ကျေးရွာ ဘော်လုံး ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လု ပွဲစဉ် အဖြစ် ဘုရားဖြူ ကျေးရွာ အသင်း နှင့် အေးသာယာ (၁၂) ရပ်ကွက် အသင်းတို့ ယှဉ်ပြိုင် ကစား ခဲ့ကြသည်။ ပထမပိုင်း ၁၅ မိနစ် ကျော် အထိ အေးသာယာ(၁၂) ရပ်ကွက် မှ ခြေအသာ ဖြင့် ကစားနိုင်ခဲ့သည်။ ပထမပိုင်း တွင် အေးသာယာ (၁၂) မှ ဦးဆောင် ဂိုး ၁ ဂိုး [...]

Read Full Post »

မိုးကလည်း..မနက်ကတည်းက..တဖွဲဖွဲ ရွာနေသည်။မိုးရွာလိုက်သည်နှင့် တောင်ကြီးမြို့  ရာသီဥတုကလည်း ချမ်းစိမ့်စိမ့်ဖြစ်လာ၏။ အားကစားသမားများ နှင့်……… များ အကြိုက် ပေါ့ ခင်ဗျား။ ညနေစောင်းရောက်လာတော့..သူငယ်ချင်းတစ်ယောက်က ဘော်လုံးပွဲသွားကြည့်ရအောင် ဟုလာခေါ်သည်။ ထိုအခါမှ တောင်ကြီးမြို့  နယ် အေးချမ်းသာယာရေးနှင့် ဖွံ့  ဖြိုးရေး ကောင်စီ ဥက္ကဌ ဖလား ရပ်ကွက်၊ကျေးရွာ ဘော်လုံး ပြိုင်ပွဲ စတင်နေမှန်း သိလိုက်ရသည်။ ဒုတိယ အုပ်စု ပတ်လည် ရှုံးထွက် အဆင့်ပင် ရောက်နေပြီ။ ကျွန်တော်တို့ ဘော်လုံးကွင်းထဲရောက်တော့ ဘေးမှ ပရိတ်သတ် တစ်ယောက်က တစ်နေ့ကို နှစ်ပွဲ ကစား ကြသည် ဟု ပြောပြသည်။ Goal Score Board ကို လှမ်း ကြည့်လိုက်တော့.. မိုင်းသော်(ရှေ [...]

Read Full Post »