တောင်ကြီးမြို့ရဲ့ တစ်ခုတည်းသော Zoo ဖြစ်ပါတယ်။ အလည်သွားဖို့ အတွက် ဓါတ်ပုံတွေ ဖော်ပြလိုက်ပါတယ်။
တောင်ဆိတ်ခြံ
ရွှေသမင်လား၊ ဒရယ်လား သေသေချာချာ မကြည့်မိလို့ ဘာမှန်းမသိတော့ဘူး.
ဒါကတော့ ရွှေသမင်ဖြစ်မယ်။
တိုးတိုးနဲ့ စိုးစိုး ၀က်ဝံလေး (၂)ကောင်ပါ။ ဘာလို့ ခွဲထားလဲတော့ မသိဘူး။
အစားအရမ်းကြီးတဲ့ ကောင်ပေါ့၊ ငှက်ပျောသီးထက်၊ ဖရဲသီး ပိုကြိုက်တဲ့ ကောင်။ ဈေးဆိုင်မတွေ့လို့ ကျွန်တော်တို့ မုန့် မကျွေးခဲ့ရတာ စိတ်မကောင်းဘူး။
ဖိုးညစ်ပတ် ယုန်လေးတွေစားလိုက်၊ ပေါက့်လိုက်၊ ပါလိုက်လေ။ အစားနဲ့ ပါးစပ်နဲ့ လုံးဝမပြတ်ကြတဲ့ ကောင်လေးတွေ။ အိမ်က ယုန် (၃)ကောင်လဲ ဒီမှာ လာပို့ထားသေးတယ်။ အိမ်မှာ မွေးရတာ မနိုင်တော့လို့။ အခုတော့ မမှတ်မိတော့ဘူး။ ကြီးကုန်ရောပေါ့။အဲ့ဒီမှာလဲ ဘာမှ မကျွေးခဲ့ရဘူး။ ညနေဆောင်းဆိုတော့ ဆိုင်တွေ [...]
Read Full Post »
ရှုခင်းသာ ပန်းခြံတွင်း ပုံများဖြစ်ပါ၏။ စိတ်ပြေလက်ပျောက် တစ်ပတ် ပါတ်လိုက်ပါဦး။ Virtually ပေါ့။
ငါးဥယျာဉ်မှ အထွက်
ပန်းခြံတွင်းလျှောက်လမ်း
ပန်းခြံတွင်း တစ်နေရာ
တောင်အောက်မြင်ကွင်း
ပန်းခြံတွင်း တစ်နေရာ
ပန်းခြံတွင်း တစ်နေရာ
High Res: ပန်းခြံအလယ်
ပန်းပင်တွေ စိုက်ထားပုံ
ပန်းခြံတွင်း တစ်နေရာ
ပန်းခြံတွင်း တစ်နေရာ
ပန်းခြံတွင်း တစ်နေရာ
ဓါတ်ပုံရိုက်လို့ ကောင်းသောနေရာ
ကြိုးတံတား အနီး
ကြိုးတံတားနှင့် တောင်အောက်မြင်ကွင်း
ကြိုးတံတား တည့်တည့်မြင်ကွင်း
ဘေးမှ မြင်ကွင်း
ကြိုးတံတားမှ ပန်းခြံတွင်းသို့ သမင်လည်ပြန် မြင်ကွင်း
ပန်းခြံ ပါတ်လမ်း (အောက်ဘက်)
အောက်ဘက်ပိုင်းမှ အပေါ်သို့မြင်ကွင်း
တောင်အောက် ရှုမျှော်ကွင်း
ပန်းခြံတွင်း
တောင်တက်လမ်း အနီး ပန်းခြံ
တောင်တက်လမ်း နဲ့ ပန်းခြံတွင်း လျှောက်လမ်း
လေရှည်တယ် အပြောခံရမှာ စိုးလို့ စာတွေ သိပ်မရေးလိုက်တော့ပါဘူး။ တစ်ချို့ ပုံတွေက High Resolution နဲ့ တင်ပေးထား ပါတယ်။ လိုရာ သုံးလို့ ရအောင်ပါ။ နဲတော့နဲတယ်။ [...]
Read Full Post »
မိုးတွေအုံအုံနဲ့ ညနေဆောင်းတစ်ခုမှာ ကျွန်တော်တို့ သူငယ်ချင်းတွေ Angle Cafe မှာ စုံဖြစ်ကြပြီး တောင်ရောက် မြောက်ရောက် စကားပြောရင်း ပျင်းလာတာနဲ့ တစ်နေရာရာသွားကြမယ်လို့ တစ်ယောက်က အကြံပြုလို့၊ တောင်ကြီးမြို့ရဲ့ တစ်ခုတည်းသော ငါးဥယျာဉ်ရယ် Zooရယ် ရှိတဲ့ ရှုခင်းသာပန်းခြံကို ထွက်လာခဲ့ကြ ပါတယ်။
ရှုခင်းသာပန်းခြံကို ငါးဥယျာဉ်နဲ့ Zoo အဖြစ်ပြောင်းလိုက်တာ မကြာသေးပါဘူး။ အရင်က ချုံတွေ ထူထပ်ပြီး၊ မြို့အ၀င်မှာ အရုပ်ဆိုးနေရာကနေ အခုတော့ သပ်သပ်ရပ်ရပ်၊ လှတပတဖြစ်နေပါပြီ။
ရှုခင်းသာ ပန်းခြံအ၀င်လမ်း
ငါးဥယျာဉ်သို့ သွားရာလမ်း
ငါးဥယျာဉ် အ၀င်ဘေးအပေါက်
ငါးဥယျာဉ် အရှေ့ဘက်ခြမ်းမှ အတွင်းသို့ မြင်ရပုံ
ရှုခင်းသာပန်းခြံ ပြင်ဆင်ပြီး စဖွင့်တယ်ဆိုတုန်းက တစ်ခေါက်ရောက် ပါသေးတယ်။ အဲ့ဒီအချိန်တုန်းက ငါးမျိုး တော်တော်စုံပါတယ်။ အခုတခေါက်တော့ တချို့ငါးမျိုးတွေ မတွေ့တော့ပါဘူး။
အင်းလေးကန်မှ ငါးမျိုးစိတ်များ
ရေပုတ်သင်
စုပ်ခွက်ငါး
မိချောင်းငါး
တောင်ကြီးမြို့ အကြောင်းတွေ တက်နိုင်သမျှ စုံစုံစိစိဖြစ်ဖြစ်အောင် [...]
Read Full Post »
တစ်နေ့ကပေါ့ ခရီးတစ်ခုကို သွားပြီး၊ အပြန်လမ်းမှာ.. ကားသွားနေရင်း အမေက မြင်းမထိရွာနားရောက်တော့ အဲ့ဒီမှာ မြင်းမထိဂူရှိတယ်လို့ ပြောသံ (တစ်လမ်းလုံး ဓါတ်ပုံတွေ ရိုက်ရတာ ပင်ပန်းလာတာနဲ့ ခဏ မှေးလိုက်တဲ့ အချိန်ပေါ့) မျက်လုံးမှိတ်ပြီး ကားပေါ်ပါလာတဲ့ ကျွန်တော် နားကနေ လှစ်ခနဲ ကြားလိုက် ရတယ်။ ဒီဂူနာမည် ကြားဖူးပါတယ်လို့ စဉ်းစားနေရင်း တောင်ကြီးချယ်ရီမှာ တင်ထားတဲ့ Post ကို သွားပြီး သတိရလိုက်တယ်။ အဲ့ဒါနဲ့ပဲ ကမန်းကတန်း အပြင်ကို လှမ်းကြည့်လိုက်တော့ တောင်တန်းငယ်လေး တစ်ခုနားမှာ ဘုရားစေတီတွေ တွေ့လိုက်တယ်။ မြင်းမထိဂူ ဘယ်မှာရှိမှန်းလဲ အစက သိပ်သတိမထားမိလိုက်လို့ အဲ့ဒီနေရာမှာ ရှိမှန်း မသိလိုက်ဘူးလေ။ အသွားတုန်းကလဲ သတိမထားလိုက်ဘူး။ အခု နာမည်ကြားတော့မှ ကျွန်တော် မရောက်ဘူးသေးဘူး၊ ရှမ်းတောင်ရဲ့ [...]
Read Full Post »
Posted in ရဲမြန်မာ, သွားလည်စရာ on July 21, 2007 | 4 Comments »
ဥဏ္ဏလုံမွေရှင်တော် စေတီ၊ သဘာဝလှိုင်ဂူဘုရား (သို့မဟုတ်) မြင်းမထိဂူဘုရား
ဒီဂူဘုရားအကြောင်းကို တောင်ကြီးချယ်ရီ Blog မှာ သဘာဝလိုဏ်ဂူဘုရားများ… အပိုင်း (၂) Title နဲ့ မရန်ကုန်သူ တင်ထားတာရှိပါတယ်… ဒါပေမဲ့ ဓါတ်ပုံတွေ ပြည့်ပြည့် စုံစုံမရှိသေးတာ တွေ့ရပါတယ်။
ကျွန်တော်လဲ တစ်ခါမှ မရောက်ဘူးသေးတာနဲ့ အဲ့ဒီကို အရောက်သွားပြီး ဓါတ်ပုံတွေ ရိုက်လာခဲ့ပါတယ်။ ရသမျှ ဓါတ်ပုံတွေကို စုစည်း ပြီး Admin ရဲ့ Virtual Tour ခေါင်းစဉ်မှာ အားဖြည့်ပေးပါမယ်။
ထူးခြားတာတွေကို ရိုက်ခဲ့တာ ပုံ ၁၀၀ ကျော်နေလို့ ဘယ်လိုတင်ပေးရမလဲ စဉ်းစားလိုက်ပါဦးမယ်။ နောက်ပြီး အလုပ်ကလေးလဲ နဲနဲများနေတာမို့ အချိန်ရတဲ့ အခါကြမှပဲ အပိုင်းတွေခွဲပြီး တင်နိုင်အောင် ကျိုးစားပေးပါ့မယ်…
အခုကတော့ အမြည်းသဘောလေးပါ…
Read Full Post »
Posted in ရဲမြန်မာ, သွားလည်စရာ on July 12, 2007 | 6 Comments »
မုံတ၀ဂူ အကြောင်း ရေးနေရင်းနဲ့ ကျွန်တော် ခရီးသွား နေရလို့ အဆက်ပျက်သွားခဲ့တာ.. တော်တော်လေး ကြာသွားတာ တောင်းပန်ပါတယ်.. မုံတ၀ဂူ ၀မှာပဲ ထားတော့မှာလား ဆိုပြီး အော်ထားတာလဲ တော်တော် ကြာပါပြီ.. ရေးမယ်ရေးမယ်နဲ့ Mood ပြန်သွားရင်း ကြာသွားတဲ့ အတွက် တောင်းပန်ပါတယ်.. အခု ဇာတ်သိမ်းခန်း စပါပြီ.. J
ပြန်ဆက်ရရင်.. ကျွန်တော်တို့ (၂) ယောက်နဲ့ တစ်ပါး မုံတ၀ဂူထဲကို ချင်းနင်းလို့ ၀င်ခဲ့ပါတယ်.. ဆင်းထုတော်ကြီး (၂)ဆူကို ကျော်လဲ ကျော်ရော ရုတ်ချည်း အမှောင် လွှမ်းသွားပါတယ်.. ပါလာတဲ့ ဓါတ်မီး ကိုယ်စီနဲ့ အမှောင်ထဲ တစတစ ၀င်တိုးခဲ့ကြပါတယ်..
အဲ့ဒီတုန်းက ကျွန်တော်လေ.. ရောက်တုန်းရောက်ခိုက် ဓါတ်ပုံရိုက်ရအောင် ကင်မရာ [...]
Read Full Post »
မွေတော်ကက္ကူ မြောက်ဘက်အာရုံခံအတွင်းရှိ ဆင်းတုတော်ပုံတော်
အလောင်းစည်သူမင်းတည်ခဲ့တဲ့ ဖောင်တော်ဆိုက်စေတီတော်ပုံတော်
စေတီတော်တွင်း ဌာပနာထားသော သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓဓါတ်တော်များပုံတော်
မွေတော်ကက္ကူ အတွင်းရှိ ဆုတောင်းပြည့်စေတီတော်
မွေတော်ကက္ကူ အတွင်းရှိ ဆင်ခံဘုရား
Read Full Post »
Posted in မရန်ကုန်သူ, သွားလည်စရာ on July 11, 2007 | 3 Comments »
တောင်ကြီးမှာ နောက်ထပ် ကျွန်မသွားဖြစ်ခဲ့တဲ့ နေရာကတော့ မွေတော်ကက္ကူဘုရားပါ။
ကျွန်မနဲ့ ကံစပ်တယ်လို့လည်း တွေးမိတယ်။ ဒါကြောင့် တောင်ကြီးရောက်တိုင်း ကက္ကူဘုရားကို မဖြစ်မနေ သွားဖူးဖြစ်ပါတယ်။ ကျွန်မသိရသလောက်ကတော့ ကက္ကူဘုရားတည်ထားတဲ့နေရာက အရင်တုန်းကဆိုရင် အနက်ရောင်နယ်မြေ အဖြစ်သတ်မှတ်ထားလို့ ဘုရားဖူးတွေသွားလို့မရပါဘူး။ ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း အဖြူရောင်နယ်မြေ ဖြစ်တော့မှ တန်ခိုးကြီးဘုရား၊ ရှေးဟောင်းဘုရား ဆိုပြီးနာမည်ကြီးလာတာနဲ့အမျှ ဘုရားဖူးတွေ အလာများတဲ့ နေရာဖြစ်ခဲ့ပါတယ်။ မွေတော်ကက္ကူဘုရားကို တောင်ကြီးကနေတဆင့်သွားဖူးကြရတာပါ။ လမ်းက သိပ်မကောင်းပေမယ့် တောင်ကြီးကနေ သွားမယ်ဆိုရင် ၂ နာရီ၊ ၂ နာရီခွဲလောက် ကားမောင်းပြီးမှ ကက္ကူဘုရားကို ရောက်ပါတယ်။
ကားလမ်းတောက်လျှောက်မှာ ပအို့ဝ်ရွာတွေကိုဖြတ်ပြီးသွားရတာဆိုတော့ သူတို့ဒေသရဲ့ ရာသီအလိုက် [...]
Read Full Post »
မွေတော်ဘုရားကို Virtual Tour သွားလည်ကြရအောင်… မွေတော်ကက္ကူ ဘုရားနဲ့ပါတ်သက်တဲ့ သမိုင်ကြောင်းတွေကိုလဲ အချက်အလက် ပြည့်စုံရင် တင်ပေးသွားပါမယ်…
Read Full Post »
အင်းလေးမှာ ကျွန်မတို့ရောက်ခဲ့တဲ့နေရာတွေကတော့ အင်းလေးဖောင်တော်ဦး ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ငါးဖယ်ချောင်ဘုန်းကြီးကျောင်း အပြင် အင်းထဲက ရိုးရာလုပ်ငန်းတွေကိုလည်း ဗဟုသုတအဖြစ် ကြည့်ခွင့်ရခဲ့ပါတယ်။ အင်းထဲမှာတင် တောက်လျှောက်က စက်လှေနဲ့ သွားရတာမို့ စက်လှေသွားတုန်း ရေကို လှမ်းပြီး ဆော့နေရတာ ကြည်နူးဖို့ ကောင်းသလို ပျော်ဖို့လည်းကောင်းပါတယ်။ အရင်ဆုံး စပြီးသွားတဲ့နေရာကတော့ အင်းလေး ဖောင်တော်ဦးဘုရားကိုပါ။ အင်းလေး ဖောင်တော်ဦး ဘုရားက တန်ခိုး ကြီးဘုရားဆိုတော့ ဘုရားဖူး လာကြတဲ့သူတွေကလည်း တဖွဲ့ပြီး တဖွဲ့ရောက်လာကြတာ လူပြတ်တယ်ဆိုတာ မရှိလှပါဘူး။
ကျွန်မတို့အင်းလေး ဖောင်တော်ဦးမှာ ရွှေသင်္ကန်းကပ်လှူ ပူဇော်ပြီးတော့ ဘုရားကျောင်းအောက်မှာ ရှိတဲ့ ရှမ်းရိုးရာ အထည်ဆိုင်၊ လက်ဆောင်ပစ္စည်းတွေ ခင်းကျင်းရောင်းနေတဲ့ဈေးတန်းကို ၀င်ကြည့်ပြီးမှ စက်လှေမောင်းတဲ့သူက အလိုတော်ပြည့်ဘုရားကို လိုက်ပို့ပေးပါတယ်။ အလိုတော်ပြည့်ဘုရားမှာတော့ လူသိပ်မရှိပါဘူး။ တချို့ကလည်း [...]
Read Full Post »