Feeds:
Posts
Comments

Archive for the ‘အတွေးအမြင်’ Category

ကျွန်တော်လည်း ဒီတစ်ခေါက် တောင်ကြီးက ပြန်လာပြီးကတည်းက ခင်ဗျားတို့ကို အားကျလို့ ကိုယ်ပိုင် blog တစ်ခုလုပ်ထားတယ်… နည်းပညာပိုင်းအရ မလုပ်တတ်တာရော၊ ဘာအကြောင်း တင်ရမလဲဆိုတာရော စဉ်းစားရင်းက ကျွန်တော့် ကောင်မလေးကလဲ” မလောပါနဲ့ ကောင်းအောင်ဖြည်းဖြည်း စဉ်းစားပြီးမှရေးပါ ” ဆိုတာရယ်ကြောင့် ဘာမှကိုမလုပ်ဖြစ်ခဲ့ဘူး…
တောင်ကြီးသား မဟုတ်ပေမဲ့ တောင်ကြီး(ရှမ်းတောင်)ကို သံယောဇဉ် ရှိနေတော့ ခင်ဗျားတို့ Blog ကို အားဖြည့်မယ်လို့ စဉ်းစားခဲ့တယ်… ဒီတစ်ခါတော့ တောင်ကြီးမြို့ရဲ့ လိုအပ်နေတဲ့ အရာလေးတစ်ခုလို့ ထင်တာကို ရေးလိုက်ချင်တယ်…
တစ်ခါက တောင်ကြီးကို ရောက်တော့ အသိလူကြီးတစ်ယောက်နဲ့ စကားပြောရင်း သူကပြောတယ် ” ရှမ်းတောင်လာတဲ့ နိုင်ငံသား ခရီးသွားတွေက ပင်းတယ၊ ကလော၊ အင်းလေးထဲကို ၀င်သွားကြတယ်… တောင်ကြီးမြို့ပေါ် တက်မလာကြဘူး”တဲ့ အဲဒီစကားလေးကို စဉ်းစားမိရင်း တောင်ကြီးမြို့ပေါ်မှာ [...]

Read Full Post »

ကျွန်တော် ရူးနှမ်းနှမ်း အဆိုတစ်ခု တောင်ကြီးချယ်ရီမှာ တင်သွင်းချင်ပါတယ်… ဘာလဲဆိုတော့ ကျွန်တော်တို့ တွေ ချယ်ရီကို တကယ်ချစ်တယ်ဆိုရင် အခု Author တွေ ချယ်ရီပင်တွေ လိုက်စုပြီး.. တောင်ကြီးချယ်ရီ ၁နှစ်ပြည့်တဲ့ နေ့ June 5 2008 မှာ ချယ်ရီပင်စိုက်ပွဲလေး လုပ်ဖို့လေ.. အခု ကတည်းက ချယ်ရီပင်တွေ ရသလောက်စုထား၊ ရှာထားကြမယ်.. နောက်နှစ်ကြလို့ ၁သိန်း၊ ၂သိန်း လောက်ရရင် ချယ်ရီဥယျာဉ်လုပ်ဖို့ နေရာတောင်းမယ်… ပြီးရင် ကျွန်တော်တို့ တစ်တွေ ၀ိုင်းပြီးစိုက်ပျိုးပွဲလေး လုပ်မယ်လေ.. မကောင်းဘူးလား..
အဲ့ဒီလို ကျွန်တော်တို့ တတွေ ကိုယ်တိုင် စိုက်ပေးလိုက်ရင် ကျန်တဲ့သူတွေလဲ စိုက်ချင်စိတ်လေး ဖြစ်လာမယ်လို့ ထင်တယ်.. ဒါဆိုရင် ချယ်ရီကိုချစ်ပါတယ်လို့ ပြောနေတာကို လက်တွေ့ ပြရာလဲ ရောက်မယ်လို့ [...]

Read Full Post »

မြို့တိုင်းမြို့တိုင်းမှာ Landmark သင်္ကေတတွေ ရှိကြတယ်။ ဒါပေမဲ့ တောင်ကြီးမြို့ရဲ့ Landmark ကဘာလဲ။ ကျွန်တော် မသိဘူးဖြစ်နေတယ်။ Airbagan Site မှာ သူ့ရဲ့ ရုံးစိုက်တဲ့ နေရာတွေက မြို့တွေကို သက်ဆိုင်ရာ Landmark ပုံတွေနဲ့ တွဲပြထားပေမဲ့၊ တောင်ကြီးကြတော့ Blank ဖြစ်နေတယ်။ Webdeveloper တွေ မသိလို့ မထည့်ထားတာလား။ မရှိလို့ မထည့်ထားတာလား ကျွန်တော်မသိဘူး။
သူ့လိုပဲ ကျွန်တော်လဲ စဉ်းစားကြည့်တယ်။ တောင်ကြီးမြို့ရဲ့ Landmark ကဘာလဲ။ အဖြေမရဘူးဖြစ်နေတယ်။ ကူ စဉ်းစားပေးကြပါ။ တောင်ကြီးမြို့ မှာရှိတဲ့ လူတိုင်းလက်ခံတဲ့ နေရာ၊ သင်္ကေတ။ ဘာဖြစ်ပါသလဲ။ International Recognized ဖြစ်နိုင်လောက်တဲ့ Landmark မျိုး။ ရှိရင်လဲ ပြောပါ။ မရှိရင်လဲ ဘာဖြစ်သင့်တယ်ဆိုတဲ့ [...]

Read Full Post »

ညနေခင်းတွေကိုအရမ်းနှစ်သက်မိတာ ကလေးဘ၀ကနေအခုချိန်ထိပဲပေါ့။ဒါပေမယ့်….့ခြွင်းချက်အနေနဲ့  မြို့  ပြရဲ့  နေ၀င်ချိန်တွေကို တော့ မုန်းတယ်။
အဲဒီတုန်းကတော့ ကလေးတစ်ယောက်ရဲ့  အတွေးပေါ့လေ…….နေ၀င်တယ်ဆိုတာ အနောက်ဘက်တောင်တန်းတွေဆီကို ၀င်သွားတယ်လို့ ထင်ခဲ့တာ၊ကမ်းရိုးတန်း ဒေသတွေမှာတော့ နေကပင်လယ်ဆီကိုဝင်သွားမှာ ပေါ့၊အင်း…..ဒီလိုဆိုရင် မြို့  ပြမှာတော့ နေကတိုက်တွေရဲ့  နောက်ဖေးကို ၀င်သွားမယ်ထင်တယ်…..
အခုလို တောင်ပေါ် မြို့  လေးရဲ့  ညနေတွေကိုတော့ အချစ်ဆုံးပေါ့။တစ်ယောက်တည်းအဝေးကိုငေးရင်း၊ စိတ်ဦးတည့်ရာတွေးရင်း ကုန်ဆုံးခဲ့တဲ့ ညနေတွေလည်း အများကြီးပါဘဲ။တစ်ခါတစ်လေစိတ်ကူးထဲမှာ တိမ်တွေလိုလွင့်မျောရင်း လိပ်ပြာတစ်ကောင်လိုပျံသန်းလို့မိုးကုတ်စက်ဝိုင်းရဲ့  အစွန်းတစ်ဘက်ကို အလည်သွားခဲ့ဖူးတယ်။တစ်ခါတစ်လေကျတော့လည်း စိတ်ထဲအလိုလိုရောက်လာတဲ့ သီချင်းတွေကို ညည်းရင်းနဲ့ ပေါ့၊စိတ်ထဲ ကို အများဆုံးရောက်လာတတ်တာက ကိုအယ်ဖြူ ရေးတဲ့ သီချင်းတွေလေ….နေညိုချိန်ဖျော့တော့တော့အလင်းနဲ့ သူ့သီချင်းတွေက အချိုးညီနေသလိုခံစားရတယ်။ဒါပေမယ့်….သူ့သီချင်းတွေထဲက နေ၀င်ချိန်၊ [...]

Read Full Post »

ပြောလို့ပြောတာ မဟုတ်ပါဘူး၊ တောင်ကြီးသားတွေက ဂီတကို တော်တော် ၀ါသနာကြီးတာ….သီချင်း နားထောင်ရင်ထောင်၊ နားမထောင်ရင် ကိုယ်တိုင်ဆိုဖို့ ကြိုးစားတာပဲ….ရန်ကုန်မှာ နာမည်ကြီးနေတဲ့ အဆိုတော်တွေ ထဲမှာလဲ တောင်ကြီးသားတွေ ခပ်များများ ပါပါတယ်….ဒီမှာဆိုလဲ ဘယ်နေရာမှာဖြစ်ဖြစ် သီချင်းနဲ့ ကင်းကွာသူ၊ သီချင်း နားမထောင် တတ်တဲ့သူဆိုတာ ခပ်ရှားရှားပါ….နားထောင်အား ကောင်းသလို ခေတ်နဲ့လဲ အမီလိုက်နိုင်ကြပါတယ်….ရန်ကုန်မှာ Rock ဂီတသိပ်ခေတ်မစားခင် ဇော်ဝင်းထွဋ် အခွေထွက်တော့လဲ တနိုင်ငံလုံး ဘယ်သူမှ နားမထောင်ခင် တောင်ကြီးကနေပဲ စပေါက်ခဲ့တာပါ….ဟော Alternative ဆိုပြန်တော့လဲ ဒိုးလုံးတို့က တောင်ကြီးကနေ စနာမည်ကြီးပြန်ရော….ဒါပေမဲ့ အခုရန်ကုန်မှာ ခေတ်စားနေတဲ့ HipHop ဂီတကျပြန်တော့လဲ တောင်ကြီးသားတွေ သိပ်ကြိုက်ဟန် မတူဘူးဗျ.. ဖွင့်သံ သိပ်မကြားရဘူး….Rock နဲ့ Alter ကတော့ တောင်ကြီးသားတွေ အကြိုက်ဆုံးလို့ [...]

Read Full Post »

ကျွန်တော်..ဒီ taunggyicherryland blog မှာ ၀င်ရေးဖို့ အတွက် ခေါင်းစဉ် စဉ်းစားတဲ့အခါ…….တော်တော်ကို စဉ်းစားလိုက်ရပါတယ်…. Admin ကလည်း ကန့်သက်ချက်တွေ ပေးထားသေးတယ်လေ…. ဟဲဟဲ… ခဏနေ…ကျွန်တော်စိတ်ထဲ ရှိတာရေးလိုက်လို့ admin က remove လုပ်လိုက်ရင်လည်း ဒုက္ခ…ဟိုဟာတွေ၊ ဒီဟာတွေ ပါသွားမှာ လည်း စိုးရိမ် ရသေးတယ်… ဒါကြောင့်..အပြုသဘော ဆောင်တဲ့ post တွေဘဲ တင်မယ်လို့ ဆုံးဖြတ်လိုက်တယ်…… blog ကလည်း..မရေးခင်တုန်းကသာ ဒီအတိုင်းနေလို့ရတာ….စလုပ်ဖြစ်လိုက်ပြီဆိုရင်..အရှိန်က ထိန်းလို့ကို မရတော့ဘူး…နေ့တိုင်းကို ဘဲ post အသစ်တွေ တင်ချင်နေတာ….အဲ့ဒီ စိတ်က ကျွန်တော်ကို ဒုက္ခပေးတယ်ဗျ….internet connection က မကောင်းရတာနဲ့….အယ်ဒီဆင် ကို အပစ်တင်ရတာနဲ့ ဘဲ နဘမ်းလုံးနေရတယ်…ဟာ….ဆောရီးဗျာ…အပြုသဘောဆောင်တာတွေရေးမယ် [...]

Read Full Post »