Feeds:
Posts
Comments

Archive for the ‘အတွေ့အကြုံ’ Category

လူတော်တော်များများက တက္ကသိုလ်ဘ၀ကို ပြန်ပြောင်းအောက်မေ့လေ့ ရှိကြပေမယ့် ကျမကတော့ တက္ကသိုလ်ကျောင်းသား ဘ၀ထက် အထက်တန်း ကျောင်းသား ဘ၀ကို အလွမ်းပိုမိပါတယ်။ဘယ်ကျောင်းကလဲလို့မေးရင် ထ (၄)က လို့ အမြဲ ဂုဏ်ယူစွာ ပြောနိုင်အောင်ဘဲ တောင်ကြီး အ.ထ.က (၄) က တောင်ကြီးမြို့ ဂုဏ်ဆောင် ကျောင်းတစ်ကျောင်း ဆိုရင် မမှားဘူး ထင်ပါတယ်။
အ.ထ.က (၄) ရဲ့ ကျောင်းတော်ရိပ်ကို ငါးတန်းကျောင်းသူ အဖြစ်နဲ့ စတင် ခိုလှုံခဲ့တယ်။ အလွန်စည်းကမ်းကြီးတဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါအေးချစ် ကို အရင်ဆုံး သိခဲ့ရတယ်။ ဆရာမကြီး ကျောင်းတစ်ပါတ်လှည့်ကြည့်လိုက်ရင် ကျောင်းကြီး တစ်ကျောင်းလုံး အပ်ကျသံတောင် မကြားရအောင် တိတ်သွားခဲ့တယ်ဆိုရင် ဘယ်လောက်စည်းကမ်းကြီးတယ်ဆိုတာ မှန်းကြည့်လို့ ရမှာပါ။
တောင်ကြီးမှာ ကျောင်းတက်ရတာနဲ့ တခြားမြို့တွေမှာ ကျောင်းတက်ရတာနဲ့ [...]

Read Full Post »

အမြင့်မှာနေလို့ပါ
တောင်ကြီးသား ရှမ်းလေးကို သူငယ်ချင်းများက ၀ိုင်းစကြသည်။
မင်းကဘုရားစူးရှမ်းပဲ။အသားက မည်းလိုက်တာလွန်ရော။မင်းက ကိုယ့်ကိုကိုယ်
ရှမ်းလို့ပြောလို့သာယုံရတယ်ဟု ပြောလေသည်။ ထိုအခါ
ကျွန်တော့်ရှဲ့ဇာတ်လိုက်ကျော်က အားကျမခံပြန်ပြောလိုက်တာက
မဲမှာပေါ့ကွ၊ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၁၂)ပေမှာနေတာလေကွာ၊

နေနဲ့ပိုနီးတယ်တဲ့လေ။
ရိုးသားဖော်ရွေ တို့ရှမ်းမြေ

တောင်ကြီးသား တစ်ယောက်အနေနဲ့ ကိုယ့်မွေးရပ်မြေ တောင်ကြီးနဲ့ ပါတ်သတ်တဲ့ အမှတ်တရတွေ အများကြီးရှိပါတယ်။ ဘာတွေလဲပြောဆိုရင်တော့ တော်တော်ခက်ပါသည်။ထို့ထက်ပို၍ စာရွက်ပေါ်ရေးချဆိုလျှင် ပိုဆိုးသည်။ကြိုးစားပြီးရေးမယ်လို့ ဆုံးဖြတ်တော့ ကိုယ့်ရပ်ရွာရဲ့ ချစ်ဖွယ်ကောင်းတဲ့ ဓလေ့စရိုက်လေးကို ရေးဖို့ဆုံးဖြတ်မိပါတယ်။
တောင်ကြီးသား ဖြစ်ရတာကို ဂုဏ်ယူသည်။ ဘာကြောင့်လဲလို့ မေးပြန်ရင်လည်း ဖြေရခက်ပြန်သည်။ တောင်ပေါ်သူ၊တောင်ပေါ်သားတွေက ရိုးသားကြတယ်လို့ ကြားတာနှင့်ပင် ပီတိ ဖြစ်ရသည်။ အားလုံးလက်ခံထားသည်မှာ တောင်ပေါ်သူ၊တောင်ပေါ်သားတွေက ရိုးသားဖေါ်ရွေသည်လေ။
အကြောင်းမဲ့တော့ဒီစကားက ပေါ်လာတာ မဖြစ်နိုင်ပါ။မှတ်မှတ်ရရ ကျွန်တော် အလုပ်ကိစ္စနှင့် မန္တလေးကို သွားရသည်။အပြန် ကျွန်တော် ကားကြီးကွင်းကိုရောက်တော့ မန္တလေး-တောင်ကြီး တိုက်ရိုက်လက်မှတ်များက ကုန်နေ၍ မန္တလေး-မိထ္ထီလာ၊မိထ္ထီလာ-တောင်ကြီး နှစ်ဆင့်စီးဖြစ်သည်။ကားတွေကလည်းအချိန်နှင့်ထွက်ရ၍ လူပြည့်ရန်အလုအယက် ခေါ်ကြသည်။ထိုအချိန်က မန္တလေး-မိထ္ထီလာ [...]

Read Full Post »

ကိုရင်လေးကျောင်းလို့ ဆိုလိုက်တာနဲ့ တောင်ကြီးမြို့ခံတွေက ဘုရားဖြူရွာ အရှေ့ဖက်ကဘုန်းကြီးကျောင်းကို ပြေးမြင်မိကြမှာပါ။ ကိုရင်လေးကျောင်းလို့ ဘာဖြစ်လို့ခေါ်လဲဆိုတာကိုကျွန်မ မသိတဲ့အပြင် တောင်ကြီးမှာ နေခဲ့တဲ့ သက်တမ်းတစ်လျောက် (၂)ခေါက်ပဲရောက်ခဲ့ဖူးပါတယ်။ ကိုရင်လေးကျောင်းဟာ တောင်ကြီးမြို့ရဲ့ အရှေ့တောင် အရပ်မှာ တည်ရှိပြီး မြို့နဲ့အတန်ငယ်ဝေးတဲ့အပြင် အရင်က ကန့်သတ်နယ်မြေဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ပွဲတော်ရောက်တိုင်း ကိုရင်လေးကျောင်းက ဘုရားဖူးတွေနဲ့ စည်ကားနေပါပြီ။
မှတ်မှတ်ရရ ကိုရင်လေးကျောင်းကို ကျွန်မဆယ်တန်းနှစ်မှာ ပထမဦးဆုံးအကြိမ် ရောက်ဖြစ်ခဲ့တယ်။အ.ထ.က(၁) ဆယ်တန်းဒီ တစ်ခန်းလုံး အတန်းပိုင်ဆရာမ “ဒေါ်ထူးထူးရွှေ” နဲ့ ကျောင်းအားရက်တစ်ရက်မှာ ကိုရင်လေးကျောင်းကို ဘုရားဖူးထွက်ခဲ့ကြတယ်။ အတန်းပိုင် ဆရာမက ခရစ်ယာန်ဘာသာဝင်ဖြစ်ပေမယ့် တပည့်တွေရဲ့ အလိုကိုလိုက်ပြီး ပျော်ပျော်ပါးပါး လိုက်ပါခဲ့တယ်။ ထမင်းထုပ်၊စားစရာ အပြည့်ထည့်ထားတဲ့ လက်ဆွဲခြင်း ကိုယ်စီနဲ့ မနက်ခင်းမှာ ကျောင်းကနေ [...]

Read Full Post »