ကျွန်မ တောင်ကြီးကပါ။ လွန်ခဲ့တဲ့ ၇ နှစ်လောက်၊ အတိအကျဆို ၂၀၀၀ ခုနှစ် လောက်က မမျှော်လင့်ထားဘဲ ကံအားထောက်မစွာ အမေရိကားကို သွားရပါတယ်။ အလုပ်သင်အနေနဲ့ပဲ ဆိုပါတော့။ အမေရိကားမှာ လည်စရာတွေ ပေါပါတယ်။ စားသောက်ဆိုင်တွေ ပေါပါတယ်။ ဘိုစာတွေပေါ့။ ကျွန်မတို့နေတာက မြို့ကြီးပြကြီး မဟုတ်ပါဘူး။ မြို့အလတ်စားပါ။ ဒီလိုမြို့တွေမှာ စားသောက်ဆိုင်တွေက သူ့ဝင်းနဲ့ သူ့အိမ်နဲ့ပါ။ ကားရပ်စရာလည်း အလုံအလောက်ရှိပါတယ်။
မသွားခင်ကတည်းက ကျွန်မတို့ သိထားတဲ့ ဆိုင်ကတော့ McDonald – Burger ဆိုင်ပေါ့။ ဟိုရောက်ရင် အ၀စားလိုက်မယ်လို့ တွေးပြီးသွားတာပါ။ အဲဒီရောက်တော့လည်း အ၀စားပါတယ်။ ဘာဂါတစ်လုံးက ဈေး သိပ်အများကြီး မဟုတ်ပါဘူး။ တစ်လုံးတစ်လုံးလည်း အကြီးကြီးပါ။ အမေရိကန် Size တွေပါ။ ရောက်စက မကုန်နိုင်ပါဘူး။ ဘာဂါဆိုင်တွေက [...]
Archive for the ‘အေးမိစံ’ Category
T.G.I Taunggyi
Posted in ခံစားချက်များ, အေးမိစံ on June 13, 2007 | 4 Comments »