Feeds:
Posts
Comments

Archive for the ‘ငြိမ်းချမ်းဌေး’ Category

တောင်‌ကြီးမြို့သို့ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးပါတယ်… ဒီအတိုင်းပဲ အလည်သွားတာပါ… ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နီးပါမှာ အလုပ်ကိစ္စနဲ့ တောင်ကြီးမြို့ကို ရောက်ခဲ့တယ်.. အဓိက ကတော့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ကိစ္စတွေနဲ့ပေါ့ အားလုံးရဲ့ အကူအညီတွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ICT ဆိုင်ရာ လုပ်ငန်းများစွာကို လုပ်ကိုင်ခွင့် ရခဲ့တယ်… ဒီလိုနဲ့ပဲ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ပထမအကြိမ် သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာပြပွဲတစ်ခု ပြသနိုင်ဖို့ တတ်နိုင်တဲ့ဘက်က ကူညီပေး ခဲ့တယ်…. အဲဒီ ပြပွဲကြီးကလဲ အတိုင်းအတာ တစ်ခုအထိတော့ အောင်မြင်ခဲ့ ပါတယ်….

ပြပွဲဖွင့်ပွဲ

တစ်ပြိုင်နက် ရှမ်းပြည်နယ်တောင်ပိုင်း (ကွန်ပျူတာ ပညာရှင်အသင်းနဲ့ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း)ကိုပါ တပြိုင်တည်း ဖွဲ့စည်းခဲ့ကြတယ် ဆိုပါစို့…..
အဲဒီလိုနဲ့ နောက်ပိုင်း တောင်ကြီးကိုရောက်တိုင်း ရှမ်း(တောင်) ရဲ့ [...]

Read Full Post »

ကျွန်တော်လည်း ဒီတစ်ခေါက် တောင်ကြီးက ပြန်လာပြီးကတည်းက ခင်ဗျားတို့ကို အားကျလို့ ကိုယ်ပိုင် blog တစ်ခုလုပ်ထားတယ်… နည်းပညာပိုင်းအရ မလုပ်တတ်တာရော၊ ဘာအကြောင်း တင်ရမလဲဆိုတာရော စဉ်းစားရင်းက ကျွန်တော့် ကောင်မလေးကလဲ” မလောပါနဲ့ ကောင်းအောင်ဖြည်းဖြည်း စဉ်းစားပြီးမှရေးပါ ” ဆိုတာရယ်ကြောင့် ဘာမှကိုမလုပ်ဖြစ်ခဲ့ဘူး…
တောင်ကြီးသား မဟုတ်ပေမဲ့ တောင်ကြီး(ရှမ်းတောင်)ကို သံယောဇဉ် ရှိနေတော့ ခင်ဗျားတို့ Blog ကို အားဖြည့်မယ်လို့ စဉ်းစားခဲ့တယ်… ဒီတစ်ခါတော့ တောင်ကြီးမြို့ရဲ့ လိုအပ်နေတဲ့ အရာလေးတစ်ခုလို့ ထင်တာကို ရေးလိုက်ချင်တယ်…
တစ်ခါက တောင်ကြီးကို ရောက်တော့ အသိလူကြီးတစ်ယောက်နဲ့ စကားပြောရင်း သူကပြောတယ် ” ရှမ်းတောင်လာတဲ့ နိုင်ငံသား ခရီးသွားတွေက ပင်းတယ၊ ကလော၊ အင်းလေးထဲကို ၀င်သွားကြတယ်… တောင်ကြီးမြို့ပေါ် တက်မလာကြဘူး”တဲ့ အဲဒီစကားလေးကို စဉ်းစားမိရင်း တောင်ကြီးမြို့ပေါ်မှာ [...]

Read Full Post »