1st ICT Exhibition 2007 Shan State
ဓါတ်ပုံတွေလှန်ပြန်ရှာရင်း ICT ပွဲတုန်းက ရိုက်ထားတာတွေ တွေ့လို့ အမှတ်တရ Virtual Tour အဖြစ် တောင်ကြီးချယ်ရီမြေမှာ တင်ပေးလိုက်ပါတယ်။ ဒီပွဲက Asia Communication 2007 ကိုတော့ ဘယ်မှီပါ့မလဲ။ ဒါပေမဲ့ ကျွန်တော်တို့ အတွက်တော့ Enough လို့ ပြောလို့ရပါတယ်။
Archive for the ‘Admin’ Category
1st ICT Exhibition 2007 Shan State
Posted in Admin, VirtualTour, သတင်းများ on July 31, 2007 | Leave a Comment »
Disney Fried Chicken and Noddle
Posted in Admin, ထိုင်လို့ကောင်းသော on July 30, 2007 | 3 Comments »
ဒီတခါကတော့ Disney ကြက်ကြော်ဆိုင်ကို မိတ်ဆက်ပေးပါမယ်။ လူငယ်တွေကြားမှာ ရေပန်းအစားဆုံး ဆိုင်တစ်ဆိုင်လဲဖြစ်ပါတယ်။ နေရာက အရှေ့မြို့ပတ်လမ်းနဲ့ အ၀ိုင်းပတ်လမ်းဒေါင့်မှာ ရှိပါတယ်။ တောင်ကြီးမြို့ရဲ့ တစ်ခုတည်းသော အ၀ိုင်းနားမှာပါ။
ကြက်သား၊ အာလူး အကြော်ခန်း
အဓိက နာမည်ကြီးတဲ့ အစားအစာက အမေရိကန် ကြက်ကြော်နဲ့ ပြင်သစ် အာလူးကြော်ရယ်၊ Cocktail တွေရယ်ပဲ ဖြစ်ပါတယ်။ ရန်ကုန်က မမလေးတွေ ဆိုရင် တောင်ကြီးရောက်ရင် Cocktail သောက်ဖို့ Disney ကိုပဲ ပြေးကြပါတယ်။ ( Cocktail လောက်ပဲ သောက်တတ်တဲ့ သူတွေကို ပြောတာပါ။ ဒီထက် ပျင်းပျင်း သောက်တက် သူများအတွက်တော့ တခြား ဆိုင်ကောင်းကောင်းတွေ သွားရမယ်နဲ့ တူပါတယ်။ ) နောက်ပြီး Mandalay ရေခဲမုန့်လဲ ရတယ်လို့ [...]
ရှမ်းပြည်နယ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်- ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ
Posted in Admin, သတင်းများ on July 29, 2007 | 2 Comments »
ရှမ်းပြည်နယ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်- ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ ပထမဆုံး အကြိမ် အဖြစ် ယခင် မီးပုံးပျံကွင်းအဟောင်း နေရာမှာ ကျင်းပမယ်လို့ သိရပါတယ်။
ဖိတ်စာ ရှေ့ဘက်
ဖိတ်စာလေးပါ။ တောင်ကြီးအတွက် ထူးထူးဆန်းဆန်းပွဲလေးမို့ သတင်းတစ်ခု အနေနဲ့ ဖော်ပြလိုက်တာပါ။
Positive Thinking
Posted in Admin, ကဗျာများ on July 29, 2007 | 6 Comments »
ဖန်တစ်ခွက်နဲ့ ရေတ၀က်ကိုမင်းလဲမြင်တယ် ငါလဲတွေ့တယ်ဒါပေမဲ့ မျက်လုံးချင်းတော့ ကွာတယ်။
ငါကတ၀က်ပြည့်နေတာလို့ပြောမယ်မင်းကတ၀က်လျော့နေတာလို့ ငြင်းမယ်။
ဒါနဲ့ပဲ မင်းနဲငါ ရန်တွေဖြစ်ကြမယ်။
တကယ်တော့ ရေရယ်၊ ဖန်ခွက်ရယ်သူဘာသာသူ ရှိနေကြတယ်။
တ၀က်လျော့တယ်လို့ ဆိုကတည်းကအရင်က ပြည့်နေတယ်လို့ မင်းယူဆလို့ ဖြစ်မယ်။
တကယ်တော့ တ၀က်လျော့နေတာမဟုတ်ဘူး..အခုမှ တ၀က်ပြည့်လာတာဒါကို မင်းမေ့လိုက်လို့ဖြစ်မယ်။
ငါတို့တွေ သိတာပဲအရင်က ဖန်ခွက်တစ်ခွက်ဗလာနတ္ထိဘယ်မှာ ရေရှိလို့လဲ။
အခု ရှိပြီတ၀က်တောင်ရောက်လာပြီနောက်ဆို ပြည့်လာလိမ့်မယ်။
မပြည့်ဘူးလို့စဉ်းစားရင်ထက်ပြည့်လာအောင်မင်း လုပ်ချင်မှာမဟုတ်။
မင်းရဲ့စိတ်တွေကျန်ဖန်ပြီးအပစ်ရှာလိမ့်မည်။
မကောင်းတာတွေတွေးရင်မကောင်းတာတွေမင်းလုပ်မိလိမ့်မည်။
ဒါတွေ ပြောရင်းမင်းနဲ့ငါ ထက်ငြင်းကြမည်။နောက် အခန့်မသင့်ရင်ရန်သူတွေဖြစ်ကြမည်။
ဒါနဲ့ပဲ ရေထပ်ဖြည့်ဖို့ငါတို့တာဝန်တွေလစ်ဟင်း ကုန်မည်။
ဒါမျိုးတွေ ငါတို့ထက်မဖြစ်သင့်ကြာရင်လုံးပါးပါးမည်။
အခုငါတို့ အတွက် တ၀က်ရှိပြီသူတို့တွေ တ၀က်ရအောင်လုပ်ခဲ့ပြီနောက် တ၀က် ငါတို့ထက်ဖြည့်မည်။
ဒီလိုနဲ့ပဲ ငါတို့တွေပြည့်လာမည်။
ဒိထက် မလျော့ဖို့တော့မင်းရောငါမှာ တာဝန်ရှိသည်။
တ၀က်မရှိတာငါတို့မတွေးတ၀က်ပြည့်ကိုငါတို့ကြည့်မည်။
ဒီလိုနဲ့ထက်ပြည့်လာဖို့ငါတို့လုပ်မိမည်။
ဆိုးယုတ်ခြင်း အတွေးတွေကို ဖယ်ကြမည်။
ကြေငြာချက်
Posted in Admin, ကြေငြာချက်များ on July 29, 2007 | Leave a Comment »
တောင်ကြီးချယ်ရီမြေ Blog စပြီး ဖြစ်တည်လာခဲ့တာ ၂လဆိုတဲ့ အချိန် ပြည့်တော့ပါမယ်။ Post တွေလဲ ၁၀၀ ပြည့်ဖို့ ၁ခုပဲ လိုပါတော့တယ်။ ၀ိုင်းဝန်းရေးသားကြတဲ့ Author တွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ လာရောက် ကြည့်ရှုကြတဲ့ အနီး၊ အဝေး ဧည့်သည်များကိုလဲ ကျေးဇူးတင်ပါတယ်။ CBox နဲ့ Comments တွေမှာ Participate လုပ်ပေးကြသူများကိုလဲ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
တောင်ကြီး ချယ်ရီမြေ အနေနဲ့ ၀င်ရေးချင်လို့ ပြောထားကြသူတွေကိုလဲ အစဉ်သဖြင့် ကြိုဆိုလက်ခံပြီး Author ဖြစ်စေခဲ့ပါတယ်။ တောင်ကြီး ချယ်ရီမြေမှာ အထူးပါဝင် ရေးသားပေးမယ်လို့ ယူဆရသူများကိုလဲ သီးသန့် Invite လုပ်ပြီး Author ဖြစ်စေခဲ့ ပါတယ်။ သို့ပေမဲ့လဲ အချို့ Author များ [...]
ရွှေဘုန်းပွင့်ဘုရား
Posted in Admin, VirtualTour on July 29, 2007 | 2 Comments »
ဒီနေ့ ၂၉ရက်၊ ဇူလိုင်လ၊ တနင်္ဂနွေနေ့ ဟာဆိုရင်ဖြင့် ဒုတိယ၀ါဆိုလပြည့်နေပါ။ ဓ(မ်မ)စကြာ အခါတော်နေ့လဲ ဖြစ်ပါတယ်။ ရဟန်းတော်တွေကို သင်္ကန်းဆပ်ကပ် လှူတန်းကြတဲ့ နေ့လဲဖြစ်ပါတယ်။ တောင်ကြီးသူ တောင်ကြီးသားတွေ အလှူတွေလုပ်၊ ဘုရားကျောင်းသွားကြ၊ ဥပုဒ်စောင့်ကြနဲ့ ကောင်းမှုတွေ လုပ်တဲ့ နေ့လဲဖြစ်ပါတယ်။ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းတွေ မှာလဲ ဧည့်ပရိသတ်တွေ စည်ကားတဲ့ နေ့တစ်နေ့ပေါ့။
ကျွန်တော်လဲ ဒီနေ့ ကုသိုလ်တွေ ကိုယ့်မှာ ရအောင်လို့ ရွှေဘုန်းပွင့်ဘုရားကို သွားဖြစ်ခဲ့ပါတယ်။ ကျွန်တော်ရောက်တာ နောက်ကျသွားလို့ နေ့လည်စာ ကျွေးတာနဲ့တော့ မဆုံဖြစ်လိုက်ဘူး။ ဘုရားပေါ်မှာတော့ လူတွေနဲ့ စည်နေပါတယ်။ ကျွန်တော်လဲ ရောက်တုန်းရောက်ခိုက် Camera နဲ့ Virtual Tour လုပ်ဖို့ လိုက်ရိုက်လိုက် ပါတယ်။ ဒီနေ့ ရွှေဘုန်းပွင့် ဘုရားကို မသွားဖြစ်တဲ့သူတွေလဲ Virtually [...]
ချယ်ရီတွေ စိုက်ပါပြီ
Posted in Admin on July 29, 2007 | 4 Comments »
တောင်ကြီးမြိ့မှာ ချယ်ရီပင်တွေ နည်းလာလို့ စိတ်မကောင်းတဲ့သူတွေ၊ ချယ်ရီတွေ အရင်ကလို ဝေနေတာ ပြန်တွေ့ချင်၊ မြင်ချင်တဲ့သူတွေ အတွက် သတင်းကောင်းပါ။ အေးသာယာကနေ တောင်ပေါ် အတက်လမ်းနဲ့ တောင်အောက် အဆင်းလမ်းတွေမှာ ချယ်ရီပင်တွေ သစ်တောက စိုက်နေတာ လမ်းသွားရင်းတွေ့ခဲ့ပါတယ်။ Camera မပါလို့ မရိုက်ဖြစ်ခဲ့ပေမဲ့ ချယ်ရီချစ်သူများအတွက် ကောင်းသတင်းလေး ပြန်ပြောပြတာပါ။ လမ်းဘေး တစ်လျှောက် ချယ်ရီပန်းတွေ သာမက တစ်ခြား အလှပန်းတွေ စိုက်ထားတာ တွေ့ခဲ့ရပါတယ်။ ထုံးဖြူ သုတ်ထားတဲ့ ၀ါးတိုင်လေးတွေ တွေ့လို့ သေသေချာချာ ကြည့်လိုက်တာ ချယ်ရီပင်တွေ ဖြစ်နေတာ ၀မ်းသာစွာပဲ တွေ့ခဲ့ရပါတယ်။
နောက်ပြီး ကျွန်တော်လဲ ချယ်ရီပင်တွေ တနိုင်တပိုင် စ စိုက်ပါပြီ။ အိမ်က ဥယျာဉ်လေးထဲမှာ ချယ်ရီပင်လေးတွေ သက်စိ စိုက်ထားလိုက်ပါပြီ။ [ [...]
ပင်လုံမြေ
Posted in Admin, VirtualTour on July 26, 2007 | Leave a Comment »
ရှမ်းပြည်တောင်ပိုင်းမှာ ထင်ရှားတဲ့ မြို့ဖြစ်တဲ့ ပင်လုံမြို့ပါ။ တိုင်းရင်းသားတွေရဲ့ စည်းလုံးမှုကို ပြနိုင်ခဲ့တဲ့ ပြည်ထောင်စု ကျောက်တိုင်ရှိတဲ့ မြို့၊ အဲ့ဒီမြို့ ဓါတ်ပုံတွေ သူငယ်ချင်းတစ်ယောက် သွားတုန်းက ရိုက်လာခဲ့ တာတွေ အခုမှပြန်ရှာတွေ့လို့ Virtual Tour လုပ်ပစ် လိုက်ပါတယ်။ ၂၀၀၆ ခုနှစ် ဒီအချိန်လောက် တုန်းက ရိုက်ခဲ့တာတွေပါ။
- ပြည်ထောင်စုကျောက်တိုင်ပုံ- ပင်လုံမြို့တော်ခန်းမပုံ- မဟာရဋ္ဌာမိသာမ(ဂ်ဂီ) ရွှေတိဂုံ စေတီပုံတူဘုရားပုံ- ပင်လုံဈေးပုံ- ပင်လုံမြို့အ၀င်နဲ့ အထွက်ပုံ- ပင်လုံမြို့တွင်းပုံ- အစိုးရကွန်ပျူတာကောလိပ်(ပင်လုံ)ပုံ အခုတော့ University ဖြစ်သွားပါပြီ။- အစိုးရနည်းပညာကောလိပ်(ပင်လုံ)ပုံ အခုတော့ University ဖြစ်သွားပါပြီ။University (၂)ခုစလုံးကတော့ လွိုင်လင်မြို့ထိပ် နှစ်ဘက် မှာရှိပါတယ်။
တောင်ကြီးချယ်ရီလို့ နာမည်ပေးထားပေမဲ့ တောင်ကြီး ပါတ်ဝန်းကျင်ကမြို့တွေလဲ လက်လှမ်းမီသလောက် တင်ပေးတာပါ။ အားလုံးက တစပ်တဆက်တည်းလေ။
ကွမ်ရင်ဘုရားကျောင်း
Posted in Admin, VirtualTour on July 26, 2007 | 1 Comment »
တောင်ကြီးမြို့ရဲ့ အကြီးဆုံး တရုတ် ကွမ်ရင်ဘုရားကျောင်း
ကျွန်တော်က တရုတ်စာလဲ မတတ်၊ တရုတ်ကျောင်းဆိုလို့ ဒီတစ်ခါပဲ ရောက်ဖူးတာမို့လို့ ဘာပုံတွေဆိုတာ မရှင်းပြတတ်တော့ဘူး။ တင်ပေးချင်တဲ့စိတ်ကပဲ ဦးဆောင်နေလို့ တွေ့သမျှ၊ မြင်သမျှ ရိုက်ခဲ့တဲ့ ပုံတွေကို အရှိတရားအတိုင်းပဲ ဖော်ပြလိုက်ပါတယ်။ ဒီကနေ့ ညနေပဲ သူငယ်ချင်းတွေနဲ့ လမ်းကြုံလို့ ၀င်ရင်းရိုက်ဖြစ်ခဲ့တာပါ။ Virtual Tour လေး ပေါ့။ Post မရေးသေးဘူး ပြောခဲ့ကာမှ လုပ်ဖြစ်သွားပြန်ပြီ။
The Zoo of Taunggyi
Posted in Admin, VirtualTour, သွားလည်စရာ on July 26, 2007 | Leave a Comment »
တောင်ကြီးမြို့ရဲ့ တစ်ခုတည်းသော Zoo ဖြစ်ပါတယ်။ အလည်သွားဖို့ အတွက် ဓါတ်ပုံတွေ ဖော်ပြလိုက်ပါတယ်။
တောင်ဆိတ်ခြံ
ရွှေသမင်လား၊ ဒရယ်လား သေသေချာချာ မကြည့်မိလို့ ဘာမှန်းမသိတော့ဘူး.
ဒါကတော့ ရွှေသမင်ဖြစ်မယ်။
တိုးတိုးနဲ့ စိုးစိုး ၀က်ဝံလေး (၂)ကောင်ပါ။ ဘာလို့ ခွဲထားလဲတော့ မသိဘူး။
အစားအရမ်းကြီးတဲ့ ကောင်ပေါ့၊ ငှက်ပျောသီးထက်၊ ဖရဲသီး ပိုကြိုက်တဲ့ ကောင်။ ဈေးဆိုင်မတွေ့လို့ ကျွန်တော်တို့ မုန့် မကျွေးခဲ့ရတာ စိတ်မကောင်းဘူး။
ဖိုးညစ်ပတ် ယုန်လေးတွေစားလိုက်၊ ပေါက့်လိုက်၊ ပါလိုက်လေ။ အစားနဲ့ ပါးစပ်နဲ့ လုံးဝမပြတ်ကြတဲ့ ကောင်လေးတွေ။ အိမ်က ယုန် (၃)ကောင်လဲ ဒီမှာ လာပို့ထားသေးတယ်။ အိမ်မှာ မွေးရတာ မနိုင်တော့လို့။ အခုတော့ မမှတ်မိတော့ဘူး။ ကြီးကုန်ရောပေါ့။အဲ့ဒီမှာလဲ ဘာမှ မကျွေးခဲ့ရဘူး။ ညနေဆောင်းဆိုတော့ ဆိုင်တွေ [...]