ဒိုးလုံး ဒိုးလုံး ဒိုးလုံး…ဒီနေ့အထိ တောင်ကြီးမြို့ရဲ့ ဘယ်ရှိုးမှာမဆို ဘယ်သူပဲဆိုဆိုအခုချိန်အထိ ကြားနေရဆဲ ပရိသတ်တွေရဲ့အသံ…အားလုံးအားလုံး သူ့ကိုချစ်ခင်မြတ်နိုးစွာနဲ့ မမေ့နိုင်ကြသေးဘူး…အလွမ်းမပြေနိုင်ကြသေးဘူး…
သူ့သီချင်းတွေကို နားထောင်ရင်း သူနဲ့ အမှတ်တရတချို့ကို ပြန်သတိရမိတယ်…ပထမဆုံး သူအခွေစထွက်တော့ (၁၉၉၇ ထင်တယ်)အခွေကာဗာကို ကြည့်ပြီး ဘယ်လိုကြီးပါလိမ့်လို့ တွေးမိတယ်…မြင်နေကြ ကာဗာတွေလိုမှ မဟုတ်ပဲ…မိန်းမကြီးတယောက် ခွေခေါက်ပြီး ကနေလိုက်တာ…အရိုးထိအောင်ရူး ဆိုတဲ့ album title နဲ့တော့ အံကိုက်ပါပဲ…စစချင်း နားထောင်တော့ စာသားတွေကလဲ အဆန်းတွေ…လက်မခံနိုင်ဘူး…ဒါပေမယ့်ထပ်ပြီးနားထောင်ချင်လာအောင်တော့ ဆွဲဆောင်ထားသေးတယ်…အဲလိုနဲ့ နားထဲ မ၀င့်တ၀င်အချိန်မှာဒီဇင်ဘာ ခရစ်စမတ်ပွဲဆိုပြီး တိုင်းရင်းသားပေါင်းစုံ church မှာunplugged show လုပ်တယ်…၁၀တန်းဆိုတော့ စာတွေကျက်ရတာ မောတယ်စိတ်ပြေလက်ပျောက်လို့ အကြောင်းပြပြီး သွားကြည့်တာပေါ့ဆိုတဲ့လူတွေလဲ တော်တော်များပါတယ်…ဒိုးလုံးကတော့ နောက်ဆုံးပေါ့…သူလဲတက်လာရော ဟာ…ဆိုပြီး ကြောင်ငေးသွားမိတယ်…ဘ၀မှာ တခါမှ မမြင်ဖူးတဲ့ live performance ကို [...]
Archive for the ‘Desert Moon’ Category
ဒိုးလုံး
Posted in Desert Moon, အမှတ်တရ on July 23, 2007 | Leave a Comment »
တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်
Posted in Desert Moon, အမှတ်တရ on July 12, 2007 | 7 Comments »
ကွန်ပြူတာ တက္ကသိုလ် entrance အောင်တော့ စိတ်ကူးထဲ ရန်ကုန်မှာ တက်ရမယ်ပေါ့…အထင်နဲ့ အမြင် တလွဲစီပါပဲ…တောင်ကြီးမှာ ပထမဆုံး စဖွင့်မယ့် ကွန်ပျူတာကောလိပ်မှာ တက်ရမယ်တဲ့…ဘယ်မှာလဲ ဆိုတော့ လေးမိုင်အကျော်လေးမှာ…ကျောင်းသားအားလုံးပေါင်း ၁၅ယောက်နီးပါးပဲ ရှိတယ်…ကျောင်းသွားရင် မနက်စောစော မြို့မဈေးနားမှာ ကျောင်းကားလာစောင့်တယ်…ဟိုပုံးဘက်ကို ဆွဲတဲ့ လိုင်းကားတွေ အလှည့်ကျလာရတာ…အစကတော့ ဘယ်သူမှ မပျော်ပါဘူး…မှန်းထားတဲ့ တက္ကသိုလ်ဆိုတာ ဒီလိုမှ မဟုတ်ပဲ…နောက်ကျတော့လဲ အဲဒီလူ ၁၅ယောက်လောက်ဟာတကယ့်မောင်နှမတွေလိုကို ဖြစ်သွားကြတယ်…ရန်လဲ မဖြစ်ကြဘူး…မနာလိုတာတွေ လုံးဝမရှိဘူး…ပြိုင်တာဆိုင်တာလဲ မရှိခဲ့ဘူး…ကျောင်းများရောက်ရင် ကလေးတွေကို မူကြိုပို့လိုက်တဲ့အတိုင်းပဲ…ပင်ပေါင်ရိုက်တယ်…စွန်လွှတ်တယ်…အမလိုက်တမ်းကစားတယ်…ဂစ်တာတီး သီချင်းတွေ ဆိုကြတယ်…တူတူပုန်းတမ်း ကစားကြတယ်…ဆရာမတွေ အိမ်မှာ ဖျာလေးတွေ ခင်းပြီး ထမင်းသွားစားကြတယ်…တောထဲလျှောက်သွားကြတယ်…
ရယ်စရာ တခုပြောရဦးမယ်…ကျောင်းက ပထမဆုံးဖွင့်တာဆိုတော့ ဘာမှကို မရှိဘူးလေ…အင်တာနက်ဆိုတာ ဝေးပေါ့…အင်တာနက်ကို ကျောင်းမှာ အိမ်သာနက် အိမ်သာနက်နဲ့နောက်ပြီး ခေါ်ကြတယ်…နောက်ကျတော့ လူတွေများလာတော့မယ်ဆိုပြီး အိမ်သာ နှစ်လုံး [...]
ဖက်ထုပ်ကြော်
Posted in Desert Moon, ခံစားချက်များ on July 6, 2007 | 4 Comments »
အိမ်ပြန်ဖြစ်တဲ့ တနေ့ကျရင် အိမ်ရောက်ရောက်ချင်း အဖေ နဲ့ အမေကို ပြေးဖက်…ပစ္စည်းတွေ ပစ်ချပြီး အရင်ဆုံးလုပ်မယ့် အလုပ်က ဖက်ထုပ်ကြော်ဆိုင်ကို ပြေးပြီး ပွဲကြီးတပွဲ နဲ့ မြီးရှည် မှာမယ်…((အစားပုတ်လိုက်တာလို့ မပြောကြပါနဲ့ မစားရတာကြာပြီမို့လို့ပါ))…ရေနွေးကြမ်းခွက်ဆေး ရေနွေးလေး ငှဲ့ပြီး ဟိုငေးဒီငေး အေးဆေးထိုင်စောင့်မယ်…အဲ… ထိုင်ခုံ မရရင်တော့ သူများအထကို စောင့်ပြီး လုရမှာပဲ…ပြီးရင်တော့ ဖက်ထုပ်ကြော်လေးစားလိုက် လာစားတဲ့ သူငယ်ချင်းတွေနဲ့ ဆုံရင် ပြုံးပြလိုက်ပေါ့…
ဒီဆိုင်လေးမှာ အဖေ အမေ လက်ကို ဆွဲပြီးတောက်တောက်တောက်တောက်နဲ့ လမ်းလျှောက်တတ်တဲ့ အရွယ်ကတည်းကချစ်တဲ့ မောင်နှမတွေနဲ့ တမိသားစုလုံး အတူစားခဲ့တယ်…သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည် တတ်လာတော့လည်း ကျောင်းစိမ်းလေးတွေနဲ့ သွားစားဖြစ်ကြတယ်…ချစ်သူ ရလာတဲ့အချိန်ကျတော့လဲ အတူဆုံတိုင်း အရင်ဆုံးသွားဖြစ်တာ အဲဒီဆိုင်လေးပဲ…အချိန်နဲ့အမျှ ဖက်ထုပ်ကြော်ဆိုင်လေးရဲ့ အဆင်အပြင်တွေပြောင်းလဲကောင်း ပြောင်းလဲသွားလိမ့်မယ်…ဒီထဲမှာ တွေ့ကြ ဆုံကြ ချစ်ကြ [...]
ငါ = လူသား
Posted in Desert Moon, ခံစားချက်များ on July 2, 2007 | Leave a Comment »
အရင်လို ဖြူစင်ရိုးသားတဲ့ အပြုံးသန့်သန့်လေးတွေ ပိုင်ဆိုင်တဲ့လူငယ်လေးတယောက် မဟုတ်တော့ဘူး…
နေညိုချိန်တွေမှာ အဝေးက တောင်ပြာတန်းတွေကို
တရှိုက်မက်မက် မျှော်ငေးခွင့်ရတဲ့ လူငယ်လေးတယောက် မဟုတ်တော့ဘူး…
ရည်မှန်းချက်တွေ တလှေကြီးနဲ့ အိပ်မက်ကျောပိုးအိတ်ကို လွယ်ပြီး
ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်လေးတယောက် မဟုတ်တော့ဘူး…
ငါပိုင်ဆိုင်တဲ့ လက်နှစ်ဖက်နဲ့ အရာရာကို ထုဆစ်နိုင်မယ်လို့ ယုံကြည်ခဲ့တဲ့ လူငယ်လေးတယောက် မဟုတ်တော့ဘူး…
အချိန်ဆိုတဲ့ ရေစီးကြောင်းထဲ မသိလိုက်မသိဘာသာ စီးမျောနေရင်း အရာရာဟာ ပြောင်းလဲသွားခဲ့ပြီ…
မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတဲ့ လူသားတယောက်…
ရှေ့ဆက် ပျံသန်းဖို့ အတောင်ပံတစုံ အားလျော့လာတဲ့ လူသားတယောက်…
ရင့်ကျက်ခြင်းကို ပိုင်ဆိုင်ဖို့ ခါးသက်တဲ့ ခံစားချက်မျိုးစုံကို မျက်နှာချင်းဆိုင်ရမယ်ဆိုတာ နားလည်စပြုလာတဲ့ လူသားတယောက်…
တခါလဲကျရင် တခါပြန်ထူမနိုင်ဖို့ သွေးပျက်စပြုလာတဲ့လူသားတယောက်…
နာကျင်ခြင်းတွေရဲ့ အဆုံးစွန်မှာ အသက်ရှူနေလို့သာ လူနဲ့တူတော့တဲ့ စက်ရုပ်တကောင်…
ဒီလို အသွင်ပြောင်း စက်ရုပ်တကောင်မှာ နောက်ဆုံးကျန်ရစ်တာက…
အမေ့ကို ချစ်တဲ့စိတ်ရယ်…
အဝေးတနေရာက [...]