Feeds:
Posts
Comments

Archive for the ‘KC’ Category

ယုဒသန်

အဲဒီနေရာလေးကို စရောက်ဖူးတာ ၂၀၀၀ခုနှစ်လောက် မှာဖြစ်မယ်ထင်တယ် ။ နောက်ပိုင်း တက္ကသိုလ်ကျောင်းသားဘဝ ရဲ့ နေ့ပိုင်းအချိန်တွေက စာသင်ခန်း နဲ့ အဲဒီနေရာမှာ တစ်ဝက်စီပါပဲ ။ အဲဒီကို အများဆုံးက သူငယ်ချင်းတွေ နဲ့သွားဖြစ်တယ် ။ တစ်ခါတစ်လေတော့ တစ်ယောက်တည်း ။ တစ်ချို့ရက်တွေမှာက နှစ်ယောက်တွဲပေါ့ ။

“ ယုဒသန် ” တဲ့ ။ သစ်တောရပ်ကွက် ၊ အရှေ့မြို့ပတ်လမ်း နဲ့ လမ်းကျဉ်းလေးရဲ့ ထောင့် ခြံဝင်းထဲက ဆိုင်လေးတစ်ဆိုင်ပါ ။ လက်ဖက်ရည်ဆိုင်လို့ပဲ ခေါင်းစဉ်တပ်ရမယ် ထင်တယ် ။ နေရာလေးကတော့ ဆိတ်ငြိမ်တဲ့ နေရာလေးပါပဲ ။ ဆိုင်ရဲ့အပြင်အဆင် ကလည်း ရိုးရိုးရှင်းရှင်းလေး ။ မြေသိပ်မညီတဲ့ နေရာမှာဆိုတော့ လှေကားသုံးထစ် [...]

Read Full Post »

အနီရောင်အိမ်မိုးလေးတွေ

မနိုင်းနိုင်းပြောတဲ့ အိမ်ဖြူတော် နေရာ

တစ်ခုတည်းသော အဝိုင်း

ကြိုးတံတား နဲ့ ညနေ

Read Full Post »

အပြာရောင် မိုးသားအောက်မှာ တောင်တန်းတွေ ရှိတယ် ၊တောင်တန်းတွေထက်က မျှော်ကြည့်လိုက်တော့
အနီရောင် အိမ်မိုးလေးတွေက အောက်ဘက်မှာ . . . . . .
အနီရောင် အိမ်မိုးလေးတွေ အောက်မှာကလေးငယ်တွေရဲ့ ကဗျာရွတ်သံတွေ ရှိတယ်၊
အနီရောင် အိမ်မိုးလေးတွေ အောက်မှာကွဲအက်နေတဲ့ နှလုံးသားတစ်ချို့ ရှိတယ်၊
အနီရောင် အိမ်မိုးလေးတွေ အောက်မှာမနက်ဖြန်အတွက် မျှော်လင့်ချက်တွေ ရှိတယ်၊
အနီရောင် အိမ်မိုးလေးတွေ အောက်မှာကြိုးပြတ်နေတဲ့ ဂစ်တာတွေ နဲ့အသံတိတ်နေတဲ့ စန္ဒယား အနည်းအကျဉ်း ရှိတယ်၊
အနီရောင် အိမ်မိုးလေးတွေ အောက်မှာဝေးကွာခြင်းအတွက် အလွမ်းတွေ ရှိတယ်၊
အနီရောင် အိမ်မိုးလေးတွေ အောက်မှာအကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ ဧည့်သည်တွေ ရှိတယ်၊
အနီရောင် အိမ်မိုးလေးတွေ အောက်မှာမွေးဖွားခြင်း နဲ့ သေဆုံးခြင်းတွေ ရှိတယ်၊
အနီရောင် အိမ်မိုးလေးတွေ အောက်မှာချစ်ခြင်းမေတ္တာ နဲ့ ကြင်နာမှုတွေ ရှိတယ်၊
ကြယ်တွေစုံတဲ့ညအနီရောင် အိမ်မိုးလေးတွေ အောက်မှာအိပ်မက်လှလှတွေ ရှိပါစေ [...]

Read Full Post »

၁၉၆၂ ခုနှစ် မှ ၁၉၉၅ ခုနှစ် အတွင်း အထက(၂) တောင်ကြီးတွင် ပညာသင်ကြားခဲ့သော ကျောင်းသား/သူ ဟောင်းများ၏ အာစရိယပူဇော်ပွဲ နှင့် တွေ့ဆုံပွဲကို ၂၅ ၊ ၁၁ ၊ ၂၀၀၇ နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အောက်ပါ လိပ်စာများသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရှိရပါသည်။
ရန်ကုန်

ဒေါ်မီမီသွင် 09-514 3982ဒေါ်စန်းစန်းမြင့် 09-518 8428 , 01-642542ဦးနောင်လတ် [...]

Read Full Post »

တောင်ကြီးမြို့ မှ အဆိုတော်များ အကြောင်းအရာနဲ့ post အသစ် တင်ဖို့အတွက် ဘယ်အဆိုတော် အကြောင်း တင်ရင်ကောင်းမလဲလို့ စဉ်းစားကြည့်တော့ band လေးနှစ်ခုကို သွားသတိရမိတယ်။
သူတို့က ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်လည်းတီးကြတဲ့ ကိုယ်ပိုင်သံစဉ် ဂီတတွေကိုဖန်တီးနေကြသူတွေပါ။ IMP နဲ့ Blackhole ဆိုတဲ့ band တွေပါ။ အဲဒီထဲကမှ အခုလောလောဆယ် yangon city FM မှာ ပရိသတ် တောင်းဆိုမှုများ နေတဲ့ “ သနပ်ခါး ” သီချင်းပိုင်ရှင် Blackhole အဖွဲ့ အကြောင်းကို ဖော်ပြပေးပါရစေ။ Blackhole က “ မှားတဲ့အခါလည်း မှားပေမပေါ့ ” ဆိုတဲ့ စီးရီးမှာ the ants, antibiotic, big bag စတဲ့ [...]

Read Full Post »

တစ်နေ့လုံးနေသာနေတာ ညနေ(၃)နာရီလောက်ရောက်တော့ မိုးကသည်းသည်းမည်းမည်းရွာချလာတယ်။ အခုကဇွန်လဆိုတော့ ဒီလိုပါပဲ။ မိုးသည်းထဲမှာ လျှောက်သွားနေရင်း ငယ်ငယ်တုန်းကမူလတန်းကျောင်းသားဘ၀ကို သတိရနေမိတယ်။ မိုးကလည်းအရင်ကတည်းက ဒီလိုပဲ။ တစ်နေ့လုံးနေသာနေရင်တောင်မှ ညနေကျောင်းခေါင်းလောင်းထိုးလိုက်တာနဲ့ မိုးတွေကရွာကျလာတာ။ကျောင်းဆင်းခါနီးလေ မိုးကအုံ့လေပဲ။ ဒါပေမယ့် ကျွန်တော်တို့တွေအားလုံးကတော့ ပျော်နေကြပါတယ်။ ကျောင်းဆင်းလို့မိုးရွာရင် မိုးရေထဲမှာ ဆော့ကစားရင်းနဲ့ အိမ်ပြန်ရတာ အရမ်းပျော်ဖို့ကောင်းတာပေါ့။ တစ်ချို့ခပ်ကဲကဲ သူငယ်ချင်းတွေဆိုရင် “ မိုးကြီးကြီးရွာပါစေ . . . ” လို့ဆိုပြီးတော့ကို အော်နေကြတာ။ မှတ်မှတ်ရရပါပဲ။ အဲဒီတုန်းက ကျွန်တော်က တတိယတန်းလေ။ကျောင်းဆင်းရင် ကျူရှင်ကိုတန်းသွားရတာ။ ကျူရှင်က ကန်ရှေ့ရပ်ကွက်မှာ။ အဲဒီမှာက မိုးရွာရင်လမ်းတွေကရေလျှံတာ အမြဲပဲ။ ဒါမျိုးနေ့တွေဆိုရင် ကျွန်တော်တို့က အရမ်းပျော်တာ။စာလည်းမသင်ရတော့ဘူး၊ ရေတွေထဲမှာလည်း ပြေးလိုက်လွှားလိုက်နဲ့ဆိုတော့ . . . . . . . [...]

Read Full Post »

ညနေခင်းတွေကိုအရမ်းနှစ်သက်မိတာ ကလေးဘ၀ကနေအခုချိန်ထိပဲပေါ့။ဒါပေမယ့်….့ခြွင်းချက်အနေနဲ့  မြို့  ပြရဲ့  နေ၀င်ချိန်တွေကို တော့ မုန်းတယ်။
အဲဒီတုန်းကတော့ ကလေးတစ်ယောက်ရဲ့  အတွေးပေါ့လေ…….နေ၀င်တယ်ဆိုတာ အနောက်ဘက်တောင်တန်းတွေဆီကို ၀င်သွားတယ်လို့ ထင်ခဲ့တာ၊ကမ်းရိုးတန်း ဒေသတွေမှာတော့ နေကပင်လယ်ဆီကိုဝင်သွားမှာ ပေါ့၊အင်း…..ဒီလိုဆိုရင် မြို့  ပြမှာတော့ နေကတိုက်တွေရဲ့  နောက်ဖေးကို ၀င်သွားမယ်ထင်တယ်…..
အခုလို တောင်ပေါ် မြို့  လေးရဲ့  ညနေတွေကိုတော့ အချစ်ဆုံးပေါ့။တစ်ယောက်တည်းအဝေးကိုငေးရင်း၊ စိတ်ဦးတည့်ရာတွေးရင်း ကုန်ဆုံးခဲ့တဲ့ ညနေတွေလည်း အများကြီးပါဘဲ။တစ်ခါတစ်လေစိတ်ကူးထဲမှာ တိမ်တွေလိုလွင့်မျောရင်း လိပ်ပြာတစ်ကောင်လိုပျံသန်းလို့မိုးကုတ်စက်ဝိုင်းရဲ့  အစွန်းတစ်ဘက်ကို အလည်သွားခဲ့ဖူးတယ်။တစ်ခါတစ်လေကျတော့လည်း စိတ်ထဲအလိုလိုရောက်လာတဲ့ သီချင်းတွေကို ညည်းရင်းနဲ့ ပေါ့၊စိတ်ထဲ ကို အများဆုံးရောက်လာတတ်တာက ကိုအယ်ဖြူ ရေးတဲ့ သီချင်းတွေလေ….နေညိုချိန်ဖျော့တော့တော့အလင်းနဲ့ သူ့သီချင်းတွေက အချိုးညီနေသလိုခံစားရတယ်။ဒါပေမယ့်….သူ့သီချင်းတွေထဲက နေ၀င်ချိန်၊ [...]

Read Full Post »