၁၈၉၄ ခုနှစ် ၊ စက်တင်ဘာလ (၁၅) ရက်နေ့ တွင်စတင်တည်ထောင်ခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်း၏မြို့တော် တောင်ကြီးမြို့  ဘေးပတ်လည် တစ်လျှောက် တောင် တန်းများဝန်းရံလျက် ရှိသလို ၊ တောင်တန်းများပေါ်တွင် လည်း စေတီများ နှင့် တင့်တယ်လျက် ရှိပါသည် ။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးတွင်ရှိသော များပြား လှစွာသောစေတီပုထိုး ရုပ်ပွားတော်များ ၊ ဘုန်းကြီးကျောင်းများ ၊ စာသင်တိုက်များကို ကြည့်ခြင်းအား ဖြင့် တောင်ကြီး မြို့ သူ ၊ မြို့ သားများ ၏ သဒ္ဒါတရားကို သိနိုင်ပေသည် ။ ၄င်းများပြားလှသောစေတီပုထိုးရုပ်ပွား တော်များမှ [...]
Archive for the ‘Lwin Moe’ Category
တောင်ကြီးမြို့ရှိစေတီများအကြောင်း အပိုင်း (၁)
Posted in Lwin Moe, တောင်ကြီးမြို့ရှိေ on July 15, 2007 | Leave a Comment »
တစ်ချိန်ကချယ်ရီမြို့
Posted in Lwin Moe, ခံစားချက်များ on July 10, 2007 | Leave a Comment »
ဒီဇင်ဘာလ နံနက်ခင် တစ်ခုမှာ နှင်းမြူတွေက တစ်တောင်လုံးကို ဖုံးလွှမ်းထားပါတယ် ။ အဲဒီလို အချိန်မျိုးမှာ တောင်ကြီးမြို့  ရှိ တောင်တန်းများမှာ ပန်းနုရောင် ချယ်ရီပန်းများ က တစ်တောင်လုံးကို အလှဆင်လျှက်ရှိပါတယ်။ အဲဒီအချိန်က ကျွန်တော်က ကလေးအရွယ် ပဲရှိသေး တော့ သဘာဝရဲ့ အလှကို သိပ် မခံစားတတ် သေးဘူးပေါ့ဗျာ။ အခုတော့ တစ်တောင် လုံးဖုံးလွှမ်းနေတဲ့ ချယ်ရီပန်းတွေရဲ့ အလှဟာ ဟို ကျွန်တော်ငယ်ငယ် တုန်းကလို မရှိတော့ဘူးဗျာ။ တောင်ကြီးမြို့  ရဲ့ ရာသီဥတုက ဟိုအရင် အချိန်ကထက် ပူလာတော့ ချယ်ရီတွေလည်း တစ်တောင်လုံး မပွင့် တော့ဘူးဗျာ ။ နည်းနည်းပဲပွင့်တော့တယ် ။ ဒါပေမဲ့ကျန်တော့ ကျန်သေးတာပေါ့။ ဟိုအရင်က ဆိုရင်တော့ [...]
ပြိုင်ပွဲဝင်မီးပုံပျံပြုလုပ်ပုံ အပိုင်း (၂)
Posted in Lwin Moe, တန်ဆောင်တိုင်ပွဲ on July 1, 2007 | Leave a Comment »
၂။ မီးစာပြုလုပ်ပုံ မီးစာဆိုသည်မှာ မီးပုံပျံကို မီးအားနှင့်မှိုင်းအားထုတ်ပေးရန်အထောက်အကူ ပြုသော အရာဖြစ်သည်။ မီးစာပြုလုပ်ရန် ပထမဆုံး သံချောင်းများကို အမြင့်ပေ (၇) ပေ / (၈) ပေထိဆက်ကာပြုလုပ်ရပါတယ်။ ထို့နောက် ရေနံချေးကို ကျိုထားရပါတယ်။ ကျိုထား သောရေနံချေးထဲသို့ ဖျင်ကြမ်းစောင်အစကို အလျား (၄) လက်မလောက် ဖြတ်ကာစိမ် ထားရပါတယ်။ ပြီးလျှင် သံချောင်ပေါ်မှနေပြီး စိမ်ထားသောဖျင်ကြမ်းစောင်စများကို တစ်ထပ်ချင်းစီ ကျစ်ရပါတယ်။ ထို့ကဲ့သို့ ကျစ်ပြီးလျှင်နေပူထဲတွင်ခံကာ ရေနံချေးကို အရည်ကျိုထားပြီး မီးစာထိပ်မှ နေပြီး လောင်းချပေးရပါတယ်။ ထိုကဲ့သို့ (၄) / (၅) ရက်လောင်းပြီးနောက်မှာတော့ ရေနံချေးလောင်းထားသောမီးစာကို ညှစ်ကြရပါတယ် ။ ထိုကဲ့သို့ ညှစ်ပြီးတဲ့နောက်မှာတော့ နောက်ဆုံးအဆင့်နေဖြင့်သင်္ကန်းကို တစ်ဆင့်ပြီး တစ်ဆင့်ကျစ်ရပါတယ် [...]
ပြိုင်ပွဲဝင်မီးပုံပျံပြုလုပ်ပုံ
Posted in Lwin Moe, တန်ဆောင်တိုင်ပွဲ on June 18, 2007 | 2 Comments »
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ နှစ်စဉ် ကျင်းပလျှက်ရှိသော တန်ဆောင်တိုင် မီးပုံပျံ ပြိုင်ပွဲမှာ တောင်ကြီးမြို့ အတွင်းရှိ ရပ်ကွက်အသီးသီးမှ လည်းကောင်း ၊ မြို့နယ် / ကျေးရွာ များမှာ လည်းကောင်း အသီးသီး ပါဝင်ပြိုင်ပွဲဝင် ဆင်နွှဲကြပါတယ်။ တန်ဆောင်တိုင် မီးပုံပျံပြိုင်ပွဲကို တောင်ကြီးမြို့၏ ထင်ရှားတဲ့ စေတီတစ်ဆူဖြစ်တဲ့ “ စူဋ္ဌာမုနိစေတီတော်ကြီး ” အနီးမှာ ကျင်းပလေ့ ရှိပါတယ်။ အင်း… ယခု ၂၀၀၇ ခုနှစ် တန်ဆောင်တိုင် ပွဲတော်ကိုတော့ အရင် ကျင်းပနေကျ စူဋ္ဌာမုနိ စေတီတော်ကြီး အနီးရှိကွင်းမှာ မဟုတ်တော့ဘဲ ဘူတာအနီးရှိ ကွင်းကြီးသို့ ပြောင်းရွှေ့ ပြုလုပ်သွားမယ်လို့လဲ သိရတယ်။တန်ဆောင်တိုင် မီးပုံပျံပြိုင်ပွဲမှာ မီးပုံပျံအစီအစဉ်ကို နှစ်ပိုင်းပိုင်းပြီး ကျင်းပလေ့ ရှိပါတယ်။ နေ့ခင်ပိုင်း နှင့် [...]
ကြည်နူးဖွယ်အာရုဏ်ဦး
Posted in Lwin Moe, ခံစားချက်များ on June 15, 2007 | Leave a Comment »
ချမ်းအေးလွန်းတဲ့ တောင်ကြီးမြို့ရဲ့ ဒီဇင်ဘာလရဲ့ နံနက်ခင်း “ ၅း ၃၀ ” နာရီ လောက်မှာ ပုထုဇဉ်လူသားများ ချမ်းအေး လွန်လို့ အိပ်ရာထဲမှာကွေးနေ ခိုက်မှာ ၊ တောင်ကြီးမြို့ ရှိ ပရိယတ္တိစာသင်တိုက် တစ်တိုက်ဖြစ်တဲ့ “တောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်” မှာ ရဟန်း သံဃာ ၊ ကိုရင်ငယ်လေး များမှာ မအေးချမ်း နိုင်ရှာ ပဲ သင်္ကန်းရုံကာ တောင်ကြီးမြို့ တောင်ဘက် မှ မြောက်ဘက် ထိတိုင် နံနက်တိုင်း ဆွမ်းခံကြွ ကြပါတယ်။ ရဟန်းသံဃာတော်များ ဆွမ်းခံကြွရာလမ်း တစ်လျှောက်မှာ တောင်ကြီးမြို့သူ ၊ မြို့သားများဟာ ဆွမ်းလောင်လှူ ကြသည်မှာ ကြည်နူးဖွယ် ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ နံနက် “ [...]