Feeds:
Posts
Comments

Archive for the ‘Naylinn’ Category

ကိုယ်နေထိုင်တဲ့ နေရာလေးတစ်ခုကို ပြန်ရောက်တိုင်း လူတိုင်းရင်မှာ နွေးထွေးမှု၊ အေးငြိမ်းမှု ဆိုတာလေးကို ခံစားမိကြမည်လို့ ထင်ပါသည်။ ထို့ထက်ပိုပြီး အရိပ်အာဝါသတွေထဲမှာ မိဘရဲ့မေတ္တာရိပ်က အအေးမြဆုံး ဆိုတာ သိပြီးဖြစ်သလို ကျွန်တော့် အနေနဲ့ ကျွန်တော်ပြန်တိုင်း မိဘရဲ့မေတ္တာရိပ်ထက် ကျွန်တော့်ကို အမြဲတမ်း ဦးစွာ နွေးထွေးမှုတွေနဲ့ ဆီးကြိုတာကတော့ ကျွန်တော့် မွေးရပ်မြေလေး ပါပဲ။
ခရီးမျိုးစုံ၊ ဒေသမျိုးစုံကို သွားရောက်ခဲ့ဖူးပေမယ့် မြို့တစ်မြို့ဝင်တိုင်း၊ ဖြတ်သွားတိုင်း ကျွန်တော့်ရင်မှာ မှတ်မှတ်ရရလေး ထင်ကျန်ခဲ့တာဆိုလို့ မရှိခဲ့ပါ။ ပြန်စဉ်းစား ကြည့်သည်။ ငါပဲ ဒေသစွဲ ကြီးတာလားလို့လေ။ ကလော တောင်တက်ကို ကျော်ပြီးကတည်းက အေးချမ်းမှုတွေနဲ့ စတင်တတ်တယ် ဆိုတာ အားလုံး သတိထားမိကြ မှာပါ။ အေးချမ်းမှုဆိုတာ ရှမ်းပြည်ရဲ့အမှတ်အသားလို့ပြောရမည်လား။
ဒီထက်ပို၍ ထိုင်းမှိုင်းမှု၊ ငိုက်မျဉ်းမှု နေရာမှာ လန်းဆန်းမှုတွေ [...]

Read Full Post »

တစ်နေ့က တောင်ကြီးချယ်ရီကို ၀င်ဖြစ်တော့ admin ရဲ့ မုကြိုတက်ခွင့်ရပြီ တောင်ကြီးချယ်ရီရေ ဆိုတဲ့ post လေးကို ဖတ်လိုက်ရတယ်။ အဲဒီထဲက စာကြောင်းလေး တစ်ကြောင်းဟာ ကျွန်တော့်စိတ်တွေကို ဖမ်းစားသွား တယ်လေ။ချယ်ရီမြေတွင် ၀င်ရောက်ရေးသား နေသူများ အားလုံး ယခုလာမည့် တောင်ကြီး တန်ဆောင်တိုင်တွင် မိတ်ဆုံစားပွဲ ကျင်းပပေးမည် ဆိုတာလေးပါ။ ထိုစာလေးကို ဖတ်ရင်း တန်ဆောင်တိုင်ဆိုတဲ့ ဝေါဟာရလေးဟာ ယခုတိုင် ကျွန်တော့်ရင်ကို လှုပ်ရှားစေတုန်းပဲ ဆိုတာကို သတိထားမိသည်။ ဘာလိုလိုနဲ့မွေးရပ်မြေနှင့် ခွဲခွာ လာနေ ရသည်မှာ (၇)နှစ်ပြည့်တော့မည်ပဲ။ အင်းလေ ကိုယ့်အဖြစ်ကလည်း ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရတဲ့ အဖြစ်လေ။
နှစ်စဉ်နှစ်တိုင်းယူတဲ့မီး …… မီး……. မီး၊ …….မီးကို နိုင်ချင်ရင် ဆယ်နှစ်ဆယ်မိုး [...]

Read Full Post »

ငယ်ငယ်က အဖေ အရက်သောက်လျှင် ကျွန်တော်မကြိုက်ပါ။ အဘယ်ကြောင့်ဆိုသော် အဖေက အရက်ကလေး ၀င်သွားလျှင် လေသံအရမ်း ပျော့သွားသည်။ ညနေပိုင်းဆိုလျှင် အဖေ စပင့်ပြီ။ကျွန်တော့်မေမေမှာ ဆရာမဖြစ်၍ အမေ့ကိုချစ်သော ဖေဖေသည် ညနေပိုင်း ချက်ပြုတ်ရေး တာဝန်ကို ယူပေးကာ အမေ့ကို သူ့ရဲ့ အချစ်ကို ပြသလေသည်။ အဲဒီမှာကျွန်တော်နှင့် စတွေ့သည်။ ကျွန်တော်တို့မှာ ညီအစ်ကို သုံးယောက် ဖြစ်သောကြောင့် အိမ်မှုကိစ္စများကို ခွဲဝေတာဝန်ယူရသည်။ ပုံမှန်ဆိုလျှင် ကျွန်တော်က အိမ်သန့်ရှင်းရေး တာဝန်ဖြစ်သော်လည်း အခါအားလျှော်စွာ ချက်ပြုတ်ရေးပါ ကူရသည်။ ထိုအခါ အဖေနှင့် ကျွန်တော် ကတောက်ကဆ ဖြစ်သည်။ ချက်ရေးပြုတ်ရေးကို တာဝန်ယူသည် ဆိုသော်လည်း အဖေလုပ်ဆောင်သည်မှာ ဟိုဟာလုပ်၊ ဒီဟာလုပ်၊ ဟိုဟာလေးထည့်လိုက်၊ ဒီဟာလေးထည့်လိုက်ဖြင့် လေသံ ပျော့လေးဖြင့် ခိုင်းခြင်းသာဖြစ်သည်။ [...]

Read Full Post »

အမြင့်မှာနေလို့ပါ
တောင်ကြီးသား ရှမ်းလေးကို သူငယ်ချင်းများက ၀ိုင်းစကြသည်။
မင်းကဘုရားစူးရှမ်းပဲ။အသားက မည်းလိုက်တာလွန်ရော။မင်းက ကိုယ့်ကိုကိုယ်
ရှမ်းလို့ပြောလို့သာယုံရတယ်ဟု ပြောလေသည်။ ထိုအခါ
ကျွန်တော့်ရှဲ့ဇာတ်လိုက်ကျော်က အားကျမခံပြန်ပြောလိုက်တာက
မဲမှာပေါ့ကွ၊ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၁၂)ပေမှာနေတာလေကွာ၊

နေနဲ့ပိုနီးတယ်တဲ့လေ။
ရိုးသားဖော်ရွေ တို့ရှမ်းမြေ

တောင်ကြီးသား တစ်ယောက်အနေနဲ့ ကိုယ့်မွေးရပ်မြေ တောင်ကြီးနဲ့ ပါတ်သတ်တဲ့ အမှတ်တရတွေ အများကြီးရှိပါတယ်။ ဘာတွေလဲပြောဆိုရင်တော့ တော်တော်ခက်ပါသည်။ထို့ထက်ပို၍ စာရွက်ပေါ်ရေးချဆိုလျှင် ပိုဆိုးသည်။ကြိုးစားပြီးရေးမယ်လို့ ဆုံးဖြတ်တော့ ကိုယ့်ရပ်ရွာရဲ့ ချစ်ဖွယ်ကောင်းတဲ့ ဓလေ့စရိုက်လေးကို ရေးဖို့ဆုံးဖြတ်မိပါတယ်။
တောင်ကြီးသား ဖြစ်ရတာကို ဂုဏ်ယူသည်။ ဘာကြောင့်လဲလို့ မေးပြန်ရင်လည်း ဖြေရခက်ပြန်သည်။ တောင်ပေါ်သူ၊တောင်ပေါ်သားတွေက ရိုးသားကြတယ်လို့ ကြားတာနှင့်ပင် ပီတိ ဖြစ်ရသည်။ အားလုံးလက်ခံထားသည်မှာ တောင်ပေါ်သူ၊တောင်ပေါ်သားတွေက ရိုးသားဖေါ်ရွေသည်လေ။
အကြောင်းမဲ့တော့ဒီစကားက ပေါ်လာတာ မဖြစ်နိုင်ပါ။မှတ်မှတ်ရရ ကျွန်တော် အလုပ်ကိစ္စနှင့် မန္တလေးကို သွားရသည်။အပြန် ကျွန်တော် ကားကြီးကွင်းကိုရောက်တော့ မန္တလေး-တောင်ကြီး တိုက်ရိုက်လက်မှတ်များက ကုန်နေ၍ မန္တလေး-မိထ္ထီလာ၊မိထ္ထီလာ-တောင်ကြီး နှစ်ဆင့်စီးဖြစ်သည်။ကားတွေကလည်းအချိန်နှင့်ထွက်ရ၍ လူပြည့်ရန်အလုအယက် ခေါ်ကြသည်။ထိုအချိန်က မန္တလေး-မိထ္ထီလာ [...]

Read Full Post »