“ငါးဒုက္ခ”တဲ့…ရန်ကုန်သူရဲ့ အင်းလေးသို့ post ကိုဖတ်ပြီးတော့..ညီမလည်း ငါးဒုက္ခကို စားချင်လာတာနဲ့ ချက်ဖို့စိတ်ကူးမိတယ်..ငါးဒုက္ခဆိုတာကလည်း..ဘာရယ်တော့မဟုတ်..ငါးအစာသွတ်ကြော်ထားတာပါပဲ…စိတ်ကူးတော့ရှိပါရဲ့..တစ်ခါမှမချက်ခဲ့ဖူးတော့ ကောင်းပါ့မလား…စိုးရိမ်မိသေးတယ်..ဒါပေမယ့်..ကိုယ်တိုင်မှမလုပ်ရင်လည်း..စားရဖို့မမြင်..ဒါနဲ့ဈေးဘက်ထွက်ပြီး ၀ယ်ခြမ်းရေးလုပ်ခဲ့ရတော့တာပေါ့နော်…တောင်ကြီးမှာဆိုရင်တော့…ငါးဖိန်းနဲ့ပေါ့…ငါးဖိန်းနဲ့ပတ်သက်လို့…ငါးဖိန်း..အင်းသားစား…အင်းသား..ငါးဖိန်းစားဆိုပြီးတော့ကြားဖူးတယ်…တစ်ချို့က ငါးဖိန်းကို အရမ်းညှီလို့တဲ့..မစားတတ်ကြဘူး..ညီမကတော့..တော်တော်ကိုကြိုက်တယ်…ရန်ကုန်မှာ ငါးဖိန်းမရတော့ တခြားငါးနဲ့ပေါ့နော်…ငါးအမျိုးအစားတော့ ညီမသေချာမပြောတတ်ဘူး..အစာသွတ်ချက်ရမှာဆိုတော့..နည်းနည်းကြီးတာကို ၀ယ်ခဲ့တယ်…အစာအနေနဲ့ထည့်ရမယ့်အမယ်တွေကိုလည်း အဆင်သင့်ဝယ်ခဲ့တယ်..ပထမ အိမ်ရောက်တာနဲ့… ငါးကိုရေဆေး…နနွင်းနဲ့ဆားနဲ့ထဲ့… ရရနယ်ပြီးထားထားတယ်…ရန်ကုန်မှာ ငါးဝယ်ရင် ကိုယ်လိုချင်သလို လုပ်ခိုင်းလို့ရတယ်လေ..ခုတော့ အစာသွတ်ဖို့ ကျောကခွဲပြီး အရစ်လေးတွေဖေါ်ခိုင်းခဲ့တယ်…တစ်ခါမှကိုယ်တိုင်မချက်ဖူးပေမယ့်… စားဖူးနေကြဖြစ်နေတော့…ဘာတွေထည့်ရမလဲဆိုတာတော့ သိနေသလိုပဲ…အိမ်မှာ မဲ့မဲ့ချက်ကျွေးရင်တော့…အမြဲ..ချင်းနဲ့ကြက်သွန်နိုင်နိုင်ထည့်တာတော့ မှတ်မိနေတယ်…ခုတော့ ညီမက..ကြက်သွန်မိတ်နဲ့ ထည့်မယ်စိတ်ကူးပြီး ကြက်သွန်မိတ်တွေဝယ်လာတယ်…ကြက်သွန်မိတ်ကိုအနေတော်လေးတွေလှီးပြီး…ထောင်းထားတဲ့ ကြက်သွန်ဖြူတွေ ချင်းစိမ်းတွေကို သူနဲ့ရောနယ်..အရောင်လေးပါသွားအောင် ငရုတ်သီးမှုန့်အစိမ်းလေးတွေကိုထည့်…ပြီးတော့ ဆားနည်းနည်းထည့်…ရအောင်နယ်ပြီး..ခုနကထားထားတဲ့ငါးထဲကိုထည့်….ထည့်ထားတဲ့အစာတွေပြန်မထွက်အောင်…အပ်ချည်မျှင်နဲ့စည်းပြီးထားတယ်..အိမ်မှာတော့ နှီးနဲ့စည်းတယ်မှတ်ပါတယ်..ဒီမှာတော့ နှီးအလွယ်မရတော့…အပ်ချည်နဲ့ပေါ့..အားလုံးပြီးသွားတော့…ဒယ်အိုးထဲကို ဆီထည့်ပြီး မီးအေးအေးနဲ့ကြော်ထားလိုက်တယ်…ငါးအပေါ်ယံအသားလေးတွေ..နီပြီး ကျွတ်လာပြီဆိုရင်…ပြီးတော့ အထဲက အစာလေးတွေ.. ကျက်လောက်ပြီဆိုရင်တော့..ဆီအိုးကိုချထားလိုက်တယ်…ပြီးတော့ ကြော်ထားတဲ့ငါးနဲ့စားဖို့…သံပုရာသီးလေးတွေကိုအစိပ်ကလေးတွေစိပ်ထားလိုက်တယ်…အိမ်မှာ မဲ့မဲ့က ငါးဒုက္ခချက်ရင်..အရွက်သုတ်တစ်ခုခုရယ်… မုန့်ကြော်တစ်ခုရယ်..လုပ်ပေးနေကျ..ညီမကတော့ ပျင်းပျင်းရှိတာနဲ့…ဘာမှထပ်မလုပ်တော့ဘူး..ထမင်းပူပူကို..ငါးဟင်းနဲ့ပဲ..စားမယ်စိတ်ကူးထားတာပဲ…ကဲ……အားလုံး…ညီမနဲ့တူတူ….ငါးဒုက္ခနဲ့ထမင်းမစားချင်ကြဘူးလား….
Archive for the ‘naynay’ Category
“ငါးဒုက္ခ”
Posted in naynay, အထွေထွေ on June 23, 2007 | 1 Comment »
Home sick
Posted in naynay, ခံစားချက်များ on June 18, 2007 | Leave a Comment »
“Home sick”တဲ့.. အဲဒီခံစားချက်ကြီးကို အိမ်နဲ့အဝေးမှာ ရောက်နေတဲ့ လူတွေသာ
သိကြ.. ခံစားဖူးကြတာပါ..
ညီမက ကိုယ်ရောက်နေတဲ့နေရာ ကိုယ်နေထိုင်နေတဲ့နေရာကို `ငါ့အိမ်၊ငါနေတဲ့အိမ်´လို့သုံးလေ့ရှိပေမဲ့… ညီမရဲ့ အတွင်းစိတ်ထဲမှာ အမြဲရှိနေတဲ့ အိမ်ဆိုတာက ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့ တစ်နေရာက ညီမရဲ့ မိသားစုလေး ရှိနေတဲ့ နေရာကိုသာ ဆိုလိုတာပါ…
အိမ်လွမ်းခြင်းဆိုတဲ့ ခံစားချက်ကို ခံစားရတာ ညီမအတွက်တော့ သိပ်မထူးတော့ သလိုပါပဲ..ညီမပြောခဲ့ဖူးသလို.. ညီမက စိတ်ကအားနေရင် အိမ်ကို တမ်းတနေတဲ့သူလေ..တခြားအဝေး တစ်နေရာကို ရောက်နေသူတွေတော့ မပြောတတ်ဘူး..မြန်မာ့ နယ်နမိတ် အတွင်းမှာပဲ ရှိနေသေးတဲ့ ညီမအတွက်ကတော့…အိမ်ကလူတွေနဲ့… အိမ်မှာနေထိုင်ရတဲ့ အကြောင်းလေးတွေကို အမြဲသတိရနေတတ်တာပါ..ညီမစိတ်ကလဲ ထူးဆန်းတယ်.. တောင်ကြီးက လူတစ်ယောက်ယောက်ကို မတွေ့ရင် စိတ်ထဲထွေထွေထူးထူး သိပ်မဖြစ်တတ်ပေမဲ့.. ကိုယ့်အသိထဲက လူတစ်ယောက်လောက် တောင်ကြီးကိုပြန်မယ်လို့ ကြားတာနဲ့ ညီမစိတ်က အိမ်ကို လိုက်ပြန်ချင်တဲ့စိတ်က [...]
Tradition
Posted in naynay, အမှတ်တရ on June 15, 2007 | Leave a Comment »
ညီမက တောင်ကြီးသူစစ်စစ်…. တောင်ကြီးကို တစ်နှစ်တစ်ခေါက် မှန်မှန် ပြန်မရောက်ပေမဲ့… ကိုယ့်ကိုကိုယ် တောင်ကြီးသူ လို့ပဲ ခံယူထားပါတယ်…
မွေးကတည်းကစ…၁၈နှစ်..၁၉နှစ်ထိ… နေလာခဲ့ရတဲ့ ဇာတိမြေတောင်ကြီး…တောင်ကြီးမြို့ကို ညီမ ချစ်ပါတယ်…. မိသားစုအားလုံး ချစ်သူခင်သူ အားလုံးလိုလို ရှိနေတဲ့တောင်ကြီး… စိတ်က အားနေရင်.. တောင်ကြီးကို သတိရ နေမိတာကလည်း ညီမအကျင့်…
တောင်ကြီးမြို့ကို လူသိများစေတဲ့ တန်ဆောင်တိုင်ပွဲတော် ဆိုတာကိုလည်း ညီမ အရမ်းလည်း ခင်တွယ်ပါတယ်… ဒါပေမယ့် သူ့ထက် ညီမစိတ်ထဲ အထင်ကရဖြစ်စေတဲ့ တောင်ကြီးမြို့ရဲ့ ချစ်စရာအကျင့် တစ်ခုက… အခါကြီး ရက်ကြီးမှာ.. တစ်မြို့လုံးမှာရှိတဲ့ ဘုန်းကြီး ကျောင်းတွေကို အလှူစာတွေ သွားလှူလေ့ရှိတဲ့ အလေ့လေး တစ်ခုပါ…
ညီမအဖို့တော့ နှစ်ကူးချိန် သင်္ကြန်ခါနဲ့ သီတင်းကျွတ် အခါဆိုရင် ကိုယ်တိုင်က တောင်ကြီးမြို့မှာ ရှိမနေရင် တောင်မှ ဒီချစ်စရာ [...]