တောင်ကြီးအကြောင်းပြောတဲ့အခါ ရှေးဟောင်းနှောင်းဖြစ်တွေပဲ ပြောဖြစ်နေတယ်။အဝေးရောက်နေတဲ့ ကျွန်တော်နဲ့သကရာဇ်တူတွေပြန်လွမ်းရအောင်ပါ။အခုလည်း ကျားဂူအကြောင်းပြောပြဦးမယ်။ရွှေဘုန်းပွင့်နဲ့ မြစိမ်းတောင်အကြားက သဘာဝလှိုဏ်ဂူတစ်ခုပါ။ကျားဂူလို့ ခေါ်ကြတယ်။အဲ့ဒီတုန်းက 1995 ခုနှစ်လောက်ဖြစ်မယ်။သူငယ်ချင်းတွေနဲ့ တောတောင်တွေအကြားအပျော်သွားလည်ရင်း အဲ့ဒီကိုရောက်သွားတယ်။ထမင်းထုပ်တွေ၊မုန့်တွေလည်းပါတယ်။ဓာတ်မီးတွေရော၊ဖယောင်းတိုင်တွေပါယူသွားတယ်။ဂူအထဲမှာအတော်ကျယ်တယ်။ ၀င်သွားပြီးမှ အထဲမှာထမင်းစားကြတာ။ဂူကမှောင်တော့ ဖယောင်းတိုင်တွေထွန်းပြီး စားကြတာပေါ့။နောက်ဆေးလိပ်တွေလည်းသောက်ကြတယ်။စားပြီးတော့ ဂူအတွင်းပိုင်းကိုဆက်ဝင်ကြတယ်။အတွင်းပိုင်းတော်တော်ဝင်ပြီးတော့နောက်တစ်ဆင့်ကိုတွေ့ရတယ်။ ဂူကနှစ်ဆင့်( နှစ်ထပ် )ဂူ။အောက်တစ်ဆင့်မှာ ကရေစီးနေတာကိုဓာတ်မီးရောင်အောက်မှာအတိုင်းသားမြင်ရတယ်။အပေါ်နဲ့အောက် အဆင့်အကြားမှာက ၇ ပေလောက်အမြင့်ကွာတယ်။အဲ့ဒါနဲ့ အောက်အဆင့်ကိုအားလုံးဆင်းလိုက်ကြတယ်။ဆင်းပြီးဆက်လျှောက်သွားတော့ အသက်ရှုရတာအတော်ဆိုးလာတယ်။နဂိုကတည်းက ဂူထဲမှာအောက်ဆီဂျင်ကနည်းနေတာ။ဘယ်လောက်ဖြစ်လာသလဲဆိုရင် နထင်ကသွေးတိုးသံကိုပြန်ကြားရအောင်အသက်ရှုကြပ်လာတယ်။ပြန်တက်တော့မယ်လုပ်တော့ ဆင်းလာတုန်းကအသာလေးဆင်းလာတဲ့ ၇ ပေအမြင့်အပေါ်အဆင့် ကဘယ်လိုမှပြန်တက်လို့မရတော့ဘူး။သူငယ်ချင်းတွေအားလုံး ပျာယာခတ်နေတာလည်းပါတယ်.တက်လို့မရလို့ ထူပူနေတဲ့ကြားမှာ လူကတစ်နေရာတည်း ( အပေါ်အဆင့်ကိုတက်တဲ့နေရာ )မှာလာစုနေတော့ လေကပိုနည်းလာတယ်။အဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်က ငိုပါလေရော။သူလုံးဝမရတော့ဘူးဆိုပြီးတော့။ကျွန်တော်လည်း အတွေးတစ်ခုရလိုက်တယ်။ ရေစိုပြီးချောနေတဲ့ အပေါ်အဆင့်ကိုတက်ဖို့သူငယ်ချင်းတစ်ယောက်ရဲ့ပုခုံးပေါ်ကနေတက်ရင်ဆိုတဲ့အတွေးနဲ့ တစ်ယောက်ရဲ့ပုခုံးပေါ်ကိုတက်လိုက်တယ်။ကျွန်တော်အရင်ဆုံးအပေါ်ကိုရောက်သွားတယ်။တစ်ယောက်ပြီးတစ်ယောက်ဆွဲတင်တယ်.သကောင့်သားတွေက အပေါ်အဆင့်လည်းရောက်ရော နောက်ကိုလုံးဝလည့်မကြည့်တမ်းပြေးကြတယ်။ကိုယ်ကလည်း နောက်ဆုံးကနေလိုက်ပြေးရတယ်။ ဂူထဲမှာလည်း ဖယောင်းတိုင်ထွန်းထားတော့ လေကအတော်ကုန်နေပြီး ဆေးလိပ်ငွေ့တွေကြောင့်လည်း အူထူနေပြီလေ။အဲ့ဒီအချိန်မှာ သဘာဝအလင်းရောင်ရဲ့ [...]
Archive for the ‘Uncategorized’ Category
ကျားဂူ
Posted in Uncategorized on July 30, 2007 | 1 Comment »
ညမီးကျီး
Posted in Uncategorized on July 26, 2007 | 1 Comment »
ဂျူး
ညမီးကျီးလား ညမီးကျည်လား….. ဘယ်တစ်ခုက အမှန်လဲ မသိဘူး။ မီးကျည်လို့တော့ ထင်တာပဲ။ ဂျူးက ညမီးကျီးလို့ ရေးထားတယ်။ ခေါင်းစဉ်ကြည့်တာနဲ့ တောင်ကြီး မီးပုံးပျံအကြောင်း ဖြစ်မယ်ဆိုတာ လူတိုင်းသိမှာပါ။ မီးပုံးပျံပြုလုပ်ပုံ၊ လွှတ်တင်ပုံကို ဘ၀နဲ့ ခိုင်းနှိုင်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ နည်းနည်းရှည်ပေမယ့် တောင်ကြီးအကြောင်း ဖြစ်နေလို့လည်း မဂ္ဂဇင်း စာအုပ်ထဲကနေ တစ်လုံးချင်း ကူးယူဖော်ပြလိုက်ပါတယ်။ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။
xxxxxxxxxxxxx
အကဲဖြတ် ဒိုင်လူကြီးအဖွဲ့က အသံချဲ့စက်ဖြင့် အော်၍ သတိပေး ကြေညာလိုက်၏။“အခုတစ်ခါ ယှဉ်ပြိုင်ဖို့ အလှည့်ကျတာကတော့ ရွှေအင်းသားအဖွဲ့ရဲ့ “ညမီးကျီး” ဖြစ်ပါတယ်”လက်ခုပ်သံများ၊ လက်ခေါက်မှုတ်သံများကို ကြားလိုက်ရသည်။ “ရွှေအင်းသား” အဖွဲ့ကို အားပေးကြသူများလည်း ပါမည်။ “ညမီးကျီး” ဟူသော အမျိုးအစားအပေါ် အားရကျေနပ်စွာ အားပေးသူများလည်း ပါလိမ့်မည်။ တောင်ပေါ်ကွင်းပြင်တစ်ခုလုံး ကြိတ်ကြိတ်တိုး စည်ကား ကျပ်ညပ်နေသော [...]
စိတ်ကူးလေးပေါ့နော်…
Posted in Uncategorized on July 12, 2007 | 1 Comment »
တောင်ကြီးသူတွေဟာ ပန်းတွေကိုအထူးတလည်စိတ်မ၀င်စားတတ်ဘူးလို့သိထား..ခံယူထားခဲ့တယ်…ဒါပေမယ့် တောင်ကြီးသူတောင်ကြီးသားတိုင်း ချယ်ရီပန်းဆိုတာကိုတော့သိကြပါလိမ့်မယ်..ခုလည်းအမည်က… တောင်ကြီး(သို့)ချယ်ရီမြေတဲ့… ချယ်ရီတဲ့…
ညီမတစ်ယောက်..တောင်ကြီးသူသာဆိုတယ်…ချယ်ရီဆိုတာ ပန်းရောင်ရှိတယ်ဆိုတာလောက်သာသိထားတယ်…ချယ်ရီကို ရေရေရာရာမသိ…သေသေချာချာလည်းမမြင်ဖူး…မြင်ဖူးခဲ့မယ်ဆိုရင်တောင်မှ အမှတ်တမဲ့….
ခုတော့…………….`ချယ်ရီကိုလွမ်းတယ်´… `ချယ်ရီကိုချစ်တယ်´… `ချယ်ရီ´… `ချယ်ရီ´… `ချယ်ရီ´… သူတို့တွေ ချယ်ရီအကြောင်းကို ပြောနေ..ရေးနေချိန်မှာ…ညီမတစ်ယောက် ချယ်ရီဆိုတာကိုတွေ့ချင်မြင်ချင်လာတယ်…
အဲဒီလို ချယ်ရီကိုနည်းနည်းစိတ်ဝင်စားလာမိတဲ့အချိန်မှာ ချယ်ရီတွေမရှိတဲ့..ချယ်ရီနဲ့ဝေးတနေရာကိုရောက်နေရပြီ…ဘယ်လိုပုံစံ…ဘယ်လိုရနံ့မျိုးလေးရှိတယ်ဆိုတာကို…ပြေးကြည့်ချင်လို့လဲမရ…
အဲဒီမှာ…ခံစားလိုက်ရတာက.. ကိုယ့်ကိုယ်ကိုမကျေနပ်မှုတစ်ခု…ချယ်ရီမြေဆိုတဲ့တောင်ကြီး…တစ်မြို့လုံးကိုချယ်ရီတွေဝေနေခဲ့ဖူးပါတယ်ဆိုတဲ့တောင်ကြီး…တောင်ကြီးသူလို့ခံယူထားခဲ့တဲ့ ညီမတစ်ယောက်…တောင်ကြီးမြို့ရဲ့တစ်နေရာကနေ ရှင်သန်ကြီးပြင်းလာခဲ့တဲ့သူတစ်ယောက်…ချယ်ရီဆိုတာကို မသိဖြစ်နေတာကို ကိုယ့်ကိုယ်ကိုမကျေမနပ်ဖြစ်လာရတယ်…
မဖြစ်နိုင်တဲ့အခြေအနေမှာ… တတ်နိုင်တာတစ်ခုကတော့..တစ်နေ့..တောင်ကြီးမြို့ကို ကိုယ်ပြန်ရောက်မယ့်အချိန်မှာ..ကိုကျော်စွာတို့..ကိုလွင်မိုးတို့..ပြောထားသလို…မြို့ကလေးဟာ…ချယ်ရီတွေနဲ့ ဝေနေရင်ကောင်းမှာပဲလို့ ဆုတောင်းနေရုံလေး…..
ပြီးတော့…“တောင်ကြီးမြို့ မှာ ချယ်ရီပန်းတွေ ပြန်ဝေဆာလာဖို့က ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်´´ဆိုတဲ့ ကိုကျော်စွာရဲ့စာသား…. တောင်ကြီးသူတစ်ယောက်အနေနဲ့ မဖြည့်ဆည်းပေးနိုင်တော့တာကို ၀မ်းနည်းမိပါတယ်…
ညီမစိတ်ထဲ…နှစ်သက်မိတဲ့ပန်းတစ်မျိုးရှိတယ်…ချယ်ရီတော့မဟုတ်ခဲ့တာအမှန်ပါ….စကားဝါပန်း…ညီမက စကားပန်းကိုတော်တော့ကိုကြိုက်တယ်…စိတ်ကူးတစ်ခုတောင်ရှိခဲ့ဖူးတယ်.. ကိုယ့်အိမ်ကိုယ့်ခြံလေးနဲ့နေနိုင်တဲ့တစ်နေ့.. ခြံရှေ့မှာ စကားပန်းပင်တစ်ပင်တော့ရှိနေစေမယ်ဆိုတာလေး…
ခုတော့..ညီမစိတ်ကူးလေးပြောင်းသွားခဲ့ရပြီ…ကိုယ်အခြေချရမယ့်အရပ်က ချယ်ရီပန်းမပွင့်နိုင်တဲ့အရပ်ဖြစ်နေရင်တောင်မှညီမပိုင်ဆိုင်ရမယ့်ခြံဝင်းလေးထဲမှာ ချယ်ရီပင်လေးတစ်ပင်လောက်တော့ ဇာတိမြေရဲ့သင်္ကေတတစ်ခုအဖြစ်ရှိနေစေမယ်ဆိုတာပါပဲ…